Wednesday, January 09, 2013

(8/1/2013) လှိုင်ဇာဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ

Photo: (8/1/2013) လှိုင်ဇာဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ
Tuesday, January 08, 2013 

မနေ့က ၉ နာရီလောက်ကနေစတင်ပြီးတော့ အစိုးရတပ်က
လက်ဂျားယန်နဲ့ တစ်မိုင်လောက်သာဝေးတဲ့ ဖွန်းပျဉ်ဘွမ်ဆို
တဲ့ စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးထိုးစစ်ဆင်ခဲ့ပါတယ်။
အဲဒီစခန်းကို အစိုးရတပ်က(စကခ-၂၁)လက်အောက်ခံ (ခလရ-
၃၈၂)နဲ့ (ခလရ-၄၀) တပ်တွေအပါအ၀င် အင်အား အများ
အပြားနဲ့ ကေအိုင်အေ တပ်ရင်း (၂၄)ထိုင်ထားတဲ့စခန်းနေရာကို
ထိုးစစ်ဆင်တိုက်ခိုက်တာ ဒီနေ့ နဲ့ပါဆို(၃)ရက်ရှိပြီဖြစ်ပါတယ်။
(၂)ဖက် အကျအဆုံးတွေတော့ အခုထိ မသိရသေးပါဘူး။ အစိုး
ရတပ်က မနေ့က အဲဒီစခန်းကို လက်နက်ကြီးတွေသာမက လေ
ယဉ်တွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
မနေ့က ညနေ(၃)နာရီကျော်လောက်မှာ အစိုးရတပ်က စစ်ရ
ဟတ်ယဉ်(၃)စီး၊ ဂျက်တိုက်လေယဉ်(၂)စီး၊နဲ့ လာပြီး(၇၇၁)
တောင်ကုန်းပေါ်ကို ရဟတ်ယဉ်(၂)စီးက ဆင်းသွားပြီး ကျန်တဲ့
လေယဉ်တွေက အဝေးကနေပျံသန်းကာ ပစ်ခတ်တာတွေလဲ
ရှိခဲ့ပါတယ်။
အဲဒီ (၇၇၁) တောင်ကုန်းဘေးပတ်ဝန်းကျင်မှာလဲ အစိုးရတပ်
တွေနဲ့ ကေအိုင်အေ တပ်တွေ နေရာယူထားတာတွေလဲ ရှုပ်
ထွေးနေတာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်။
အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်တွေဟာ မနေ့က မဒီးယန်၊
နမ့်ဆန်ယန်၊ တပ်မဟာ(၅)ဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ
ဖြစ်ပေါ်နေသလို အစိုးရတပ်က လက်နက်ကြီး၊ လေယဉ်နဲ့ စစ်
အင်အားတွေလဲ အများအပြားပြင်ဆင်နေဆဲဖြစ်တာကြောင့်
နောက်ထပ်လဲ ဆက်လက်ပြီးတိုက်ပွဲများပြင်းထန်မဲ့ အခြေအ
နေဖြစ်ပါတယ်။
ဒီနေ့မနက်(၈း၁၅)မိနစ်မှာလည်း မိမိတို့ကျောင်းသားတပ်မ
တော်နဲ့ မဟာမိတ်အေအိုင်အေ ပူးပေါင်းတပ်များ သည် ထပ်
တက်လာသော မြန်မာစစ်တပ်ကို ဟန့်တား တိုက်ခိုက်နေသော
ကြောင့် တုန်ဟုန်းရွာ အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
တယ်လို.သတင်းရရှိပါတယ်။
(ကိုမင်းဌေး)8.1.12မနေ့က၉နာရီလောက်ကနေစတင်ပြီးတော့အစိုးရတပ်က လက်ဂျားယန် နဲ့ တစ်မိုင်လောက်သာဝေးတဲ့ ဖွန်းပျဉ်ဘွမ်ဆို တဲ့ စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစခန်းကို အစိုးရ တပ်က(စကခ-၂၁)လက်အောက်ခံ (ခလရ-၃၈၂)နဲ့ (ခလရ-၄၀) တပ်တွေအပါအ၀င် အင်အား အများအပြားနဲ့ ကေအိုင်အေ တပ်ရင်း (၂၄)ထိုင်ထားတဲ့စခန်းနေရာကိုထိုးစစ်ဆင်တိုက်ခိုက်တာ ဒီနေ့ နဲ့ပါဆို (၃)ရက်ရှိပြီဖြစ်ပါတယ်။(၂)ဖက် အကျအဆုံးတွေတော့ အခုထိ မသိရသေးပါဘူး။ အစိုးရတပ်က မနေ့က အဲဒီစခန်းကို လက်နက်ကြီးတွေ သာမက လေယဉ်တွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ မနေ့က ညနေ (၃)နာရီကျော်လောက်မှာ အစိုးရ တပ်က စစ်ရဟတ်ယဉ်(၃)စီး၊ ဂျက်တိုက်လေယဉ်(၂)စီး၊နဲ့ လာပြီး(၇၇၁)တောင်ကုန်းပေါ်ကို ရဟတ်ယဉ် (၂)စီးက ဆင်းသွားပြီး ကျန်တဲ့လေယဉ်တွေက အဝေးကနေ ပျံသန်းကာ ပစ်ခတ်တာတွေလဲရှိခဲ့ပါ တယ်။အဲဒီ (၇၇၁) တောင်ကုန်းဘေးပတ်ဝန်းကျင်မှာလဲ အစိုးရ တပ်တွေနဲ့ ကေအိုင်အေ တပ်တွေ နေရာ ယူထားတာတွေလဲ ရှုပ်ထွေးနေတာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်နိုင် ပါတယ်။ အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်တွေဟာ မနေ့က မဒီးယန်၊နမ့်ဆန်ယန်၊ တပ်မဟာ (၅)ဒေသ နေရာ အနှံ့မှာ တိုက်ပွဲတွေဖြစ်ပေါ်နေသလို အစိုးရတပ်က လက်နက်ကြီး၊ လေယဉ်နဲ့ စစ်အင်အားတွေလဲ အများ အပြားပြင်ဆင်နေဆဲဖြစ်တာကြောင့်နောက်ထပ်လဲ ဆက်လက်ပြီးတိုက်ပွဲ များပြင်းထန်မဲ့ အခြေအနေ ဖြစ်ပါတယ်။ဒီနေ့မနက်(၈း၁၅)မိနစ်မှာလည်း မိမိတို့ကျောင်းသားတပ်မတော်နဲ့ မဟာမိတ်အေအိုင်အေ ပူးပေါင်းတပ်များသည် ထပ်တက်လာသော မြန်မာစစ်တပ်ကို ဟန့်တား တိုက်ခိုက်နေသောကြောင့် တုန်ဟုန်းရွာ အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ တယ်လို.သတင်းရရှိ ပါတယ်။
(ကိုမင်းဌေး)8.1.12

No comments:

Post a Comment