Monday, December 24, 2012

မန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး JICA အကူအညီဖြင့် ပို့ဆောင်ရေး ကွန်ရက် ရေးဆွဲမည်

Photo: မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး JICA အကူအညီဖြင့် ပို့ဆောင်ရေး ကွန်ရက် ရေးဆွဲမည်

မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး
အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်စေရန် ပို့ဆောင်ရေး ကွန်ရက် 
(National Transport Development Plan) ကို JICA က ကူညီရေးဆွဲ
ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊ ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး ပါဝင်မည် ဖြစ်ပြီး ပထမ အဆင့် အနေဖြင့် မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုကို
ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူး အဖြစ်
လည်းကောင်း ပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။

လုပ်ငန်း ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနက ဖွဲ့စည်း
ထားသော ကော်မတီနှင့် JICA မှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာ နိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက် စေရေး အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံ နိုင်စေရန် ပို့ဆောင်ရေး ကွန်ရက် (National Transport Development Plan) ကို JICA က ကူညီရေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်မှာ မြန်မာ နိုင်ငံ၏ လေကြောင်း၊ ရေကြောင်း၊ ရထား ပို့ဆောင်ရေးနှင့် ကုန်းလမ်း ပို့ဆောင်ရေး အားလုံး ပါဝင်မည် ဖြစ်ပြီး ပထမ အဆင့် အနေဖြင့် မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှု ကိုဆောင်ရွက်သွား မည် ဖြစ်သည်။
အဆိုပါ စီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားရာ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အတွင်းရေးမှူး အဖြစ်
လည်းကောင်း ပါဝင် ဖွဲ့စည်းထားပြီး ဖြစ်သည်။ လုပ်ငန်း ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနက ဖွဲ့စည်းထားသော ကော်မတီနှင့် JICA မှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment