Wednesday, December 26, 2012

ရာဇဂြိုလ်ဆည်စီမံကိန်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်

Photo: ရာဇဂြိုလ်ဆည်စီမံကိန်း ၂၀၁၅ တွင် အပြီးတည်ဆောက်မည်
Tuesday, 25 December 2012

ကလေးမြို့နယ်ရာဇဂြိုဟ်ရွာ အနီးတွင်နေရဉ္စရာမြစ်ကိုပိတ်၍ တည်ဆောက်နေသောရာဇဂြိုဟ်  ဆည်စီမံကိန်းကိုသက်ဆိုင်ရာမှ
လာမည့် (၂၀၁၅) ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီးထိုရာဇဂြိုဟ် ဆည်ကြီးပြီးစီးပါကကလေးတစ်နယ် လုံးလျှပ်စစ်မီးပြည့်ပြည့်စုံစုံရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။ 

ယခု အခါကလေးမြို့ပေါ်နှင့် အချို့ ကျေးရွာတို့တွင် ကလေးမြို့ အနောက်ဘက်တွင်တည်ရှိသော ဇီးချောင်းရေအားလျှပ်စစ်မှလျှပ်စစ်  မီးကိုခွဲတမ်းဖြင့်အသုံးပြုနေရ ကြောင်း သိရသည်။

“ရာဇဂြိုဟ်ဆည်စီမံကိန်းပြီး ရင်လျှပ်စစ်ဓာတ်အားတွေသုံးမကုန်အောင်
ပိုနေဦးမှာပါ။ အခုရည်ရွယ်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်အား က (၄)မဂ္ဂါဝပ်ဖြစ်ပါတယ်။ နှစ်စဉ် လျှပ်စစ်စွမ်းအား (၂၁) ကီလိုဝပ် နာရီသန်းပေါင်းထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကလေးနယ်တစ်နယ်လုံး လျှပ်စစ်မီးပေးထားနိုင်မှာဖြစ်ပါ တယ်”ဟု စီမံကိန်းတာဝန်ရှိသူ
တစ်ဦးကပြောသည်။

ယခုတည်ဆောက်နေသော  ရာဇဂြိုဟ်ဆည်စီမံကိန်းကို (၂၀၀၃) ခုနှစ်တွင်စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေကျပ်သန်းပေါင်း (၅၆၆၀၀)၊ (အမေရိကန်ဒေါ်လာ ၆ဒဿမ ၈ သန်း)ကုန်ကျမည်
ခန့်မှန်းကြောင်းသိရသည်။ 

ရာဇဂြိုဟ်ဆည်ကြီး ပြီးစီးပါက လယ်ယာမြေဧက (၈၅၀၀) ကို
ရာသီမရွေးရေပေးဝေ နိုင်မည်ဖြစ်သည်။ ယခုအခါဆည် ကြီး၏ (၄၀) ရာနှုန်းပြီးစီးနေဖြစ် ကြောင်းနှင့် ရာဇဂြိုဟ်ဆည်တည်ဆောက်ရေး
စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးပြီး၊  ထိုဆည်စီမံကိန်းကြောင့်မည်သည့် ကျေးရွာမျှပြောင်းရွေ့
ဖယ်ရှားခြင်း မရှိကြောင်း သိရသည်။

ကောင်းမြတ်သူ-ကလေး
The Hot News
ကလေးမြို့နယ်ရာဇဂြိုဟ်ရွာ အနီးတွင်နေရဉ္စရာမြစ်ကိုပိတ်၍ တည်ဆောက်နေသောရာဇဂြိုဟ် ဆည်စီမံကိန်း ကိုသက်ဆိုင်ရာမှ လာမည့် (၂၀၁၅) ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီးထိုရာဇဂြိုဟ် ဆည်ကြီးပြီးစီးပါ ကကလေးတစ်နယ် လုံးလျှပ်စစ်မီးပြည့်ပြည့်စုံစုံရရှိတော့ မည်ဖြစ်ကြောင်း သိရသည်။
ယခု အခါကလေးမြို့ပေါ်နှင့် အချို့ ကျေးရွာတို့တွင် ကလေးမြို့ အနောက်ဘက်တွင်တည်ရှိသော ဇီးချောင်းရေအားလျှပ်စစ်မှလျှပ်စစ် မီးကိုခွဲတမ်းဖြင့်အသုံးပြုနေရ ကြောင်း သိရသည်။ “ရာဇဂြိုဟ်ဆည် စီမံကိန်းပြီး ရင်လျှပ်စစ်ဓာတ်အားတွေ သုံးမကုန်အောင်ပိုနေဦးမှာပါ။ အခုရည်ရွယ်ထားတဲ့ ရေအားလျှပ် စစ် ဓာတ်အား က (၄)မဂ္ဂါဝပ်ဖြစ်ပါတယ်။ နှစ်စဉ် လျှပ်စစ်စွမ်းအား (၂၁) ကီလိုဝပ် နာရီသန်းပေါင်းထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကလေးနယ်တစ်နယ်လုံး လျှပ်စစ်မီးပေးထားနိုင်မှာဖြစ်ပါ တယ်”ဟု စီမံကိန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

ယခုတည်ဆောက်နေသော ရာဇဂြိုဟ်ဆည်စီမံကိန်းကို (၂၀၀၃) ခုနှစ်တွင်စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ကျပ်သန်းပေါင်း (၅၆၆၀၀)၊ (အမေရိကန်ဒေါ်လာ ၆ဒဿမ ၈ သန်း)ကုန်ကျမည် ခန့်မှန်းကြောင်းသိရသည်။ ရာဇဂြိုဟ်ဆည်ကြီး ပြီးစီးပါက လယ်ယာမြေဧက (၈၅၀၀) ကိုရာသီ မရွေးရေပေးဝေနိုင်မည်ဖြစ်သည်။ ယခုအခါဆည် ကြီး၏ (၄၀) ရာနှုန်းပြီးစီးနေဖြစ် ကြောင်းနှင့် ရာဇဂြိုဟ်ဆည်တည်ဆောက်ရေးစီမံကိန်းသည်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးပြီး၊ထိုဆည်စီမံကိန်းကြောင့်မည်သည့် ကျေးရွာမျှပြောင်းရွေ့
ဖယ်ရှားခြင်း မရှိကြောင်း သိရသည်။


The Hot News

No comments:

Post a Comment