Tuesday, December 25, 2012

ယခုဘဏ္ဍာနှစ်တွင် ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ တန်ချိန်ဆယ်သိန်း နီးပါး ရှိပြီဟုဆို

Photo: ယခုဘဏ္ဍာနှစ်တွင် ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ တန်ချိန်ဆယ်သိန်း
နီးပါး ရှိပြီဟုဆို
Monday, 24 December 2012

ပြည်တွင်းပို့ကုန်များအနက် ပဲမျိုးစုံပြည်ပတင်ပို့နိုင်မှုသည် ယခုဘဏ္ဍာနှစ်တွင် တန်ချိန်ဆယ်သိန်းနီးပါးရှိပြီဖြစ်ကြောင်း စီးပွးကူးသန်း ဝန်ကြီး ဌာန၏ စာရင်း ကို ကိုးကား၍ ဘုရင့်နောင်အခြေစိုက် ပြည်ပပဲတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက
ပြောကြားသည်။

ယခုလပိုင်းအတွင်း ပြည်ပအဝယ်လိုက်သောကြောင့် ဘုရင့်နောင်ကုန်စည်
ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်သွက်လာပြီး ဈေးနှုန်း အနည်းငယ်
မြင့်တက်လာကြောင်း၊ အရောင်းအဝယ်အသွက်ဆုံးမှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများဖြစ်ကြောင်း သိရသည်။

“ပဲဈေးတွေက တက်လိုက်ကျလိုက်ပါပဲ၊ ပြီးခဲ့တဲ့လကထက် နည်းနည်းတက် လာတယ်၊ ဒီရက်မှာ နည်းနည်းလေးပြန်ကျတယ်၊ ပြည်ပဝယ် လက်တွေ လိုက်လာလို့အရောင်းပြန်သွက်လာတာ၊ အဓိက တရုတ်ဘက်ကနေ အဝယ် လိုက်နေလို့ပါ” ဟု ပဲအရောင်းအဝယ် လုပ်ကိုင် နေသူ တစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်တွင် ပဲတီစိမ်းအသစ်များ ဈေးကွက်တွင်းသို့ ဝင်ရောက်လာချိန်
ဖြစ်ပြီး အရောင်းအဝယ်လည်း ဖြစ်နေကြောင်း၊ အညာဒေသထွက် ပဲတီစိမ်း များကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများ ရှိနေခြင်းကြောင့် ဈေးကွက်ဝယ် လိုအားများလာခဲ့ပြီး ဈေးကောင်းလည်းရကြောင်း ကုန်စည်ဒိုင် သုံးသပ်ချက် အရ သိရသည်။

ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ယခုကာလအတွင်း အရောင်းအဝယ်
ဖြစ်သောကြောင့် ပဲစင်းငုံမှာလည်း လက်ကျန်နည်းနေကြောင်း၊ ပြည်ပ
ဝယ်လိုအားပေါ် မူတည်၍ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံများ ဈေးဆက်လက် တက်လာနိုင်ကြောင်း၊ လက်ရှိ ဘုရင့်နောင်ဈေးကွက်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က မတ်ပဲ( FAQ) တစ်တန်လျှင် ၄၆၂၀၀၀ကျပ်၊ မတ်ပဲ (SQ) တစ်တန် လျှင် ၅၁၀၀၀၀ ကျပ်နှင့် ပဲစင်းငုံတစ်တန်လျှင် ၅၂၀၀၀၀ကျပ် အသီးသီးရှိကာ ယခင်နှစ်ပတ်ခန့်ထက် ကျပ်သောင်းဂဏန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းမှ ပဲမျိုးစုံကို တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများက ဝယ်ယူ လျက်ရှိပြီး လာမည့်နှစ်တွင် တင်ပို့နိုင်ရန်ရှိပြီး ကြိုတင်ဝယ်ယူမှုများ လည်း ရှိနေကြောင်း၊ ယခုနှစ်တွင် ပဲမျိုးပြည်ပတင်ပို့မှုသည် တန်ချိန်ဆယ်သိန်း နီးပါး ရှိကာ အမေရိကန်ဒေါ်လာ ၆၃၂ သန်းကျော်ရရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ တန်ချိန်ဆယ်သိန်းကျော် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၈၂၅ သန်းကျော်ရရှိခဲ့ကြောင်း
ကုန်သွယ်မှုစာရင်းဇယားများအရ သိရသည်။

အောင်ကိုကို
The Myanma Age
ပြည်တွင်းပို့ကုန်များအနက် ပဲမျိုးစုံပြည်ပတင်ပို့နိုင်မှုသည် ယခုဘဏ္ဍာနှစ်တွင် တန်ချိန်ဆယ်သိန်းနီးပါး ရှိပြီဖြစ်ကြောင်း စီးပွးကူးသန်း ဝန်ကြီး ဌာန၏ စာရင်း ကို ကိုးကား၍ ဘုရင့်နောင်အခြေစိုက် ပြည်ပပဲတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ယခုလပိုင်းအတွင်း ပြည်ပအဝယ်လိုက်သောကြောင့် ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် သွက်လာပြီး ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊ အရောင်းအဝယ်အသွက်ဆုံးမှာ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများဖြစ်ကြောင်း သိရသည်။
“ပဲဈေးတွေက တက်လိုက်ကျလိုက်ပါပဲ၊ ပြီးခဲ့တဲ့လကထက် နည်းနည်းတက် လာတယ်၊ ဒီရက်မှာ နည်းနည်းလေးပြန်ကျတယ်၊ ပြည်ပဝယ် လက်တွေ လိုက်လာလို့အရောင်းပြန်သွက်လာတာ၊ အဓိက တရုတ် ဘက်ကနေ အဝယ် လိုက်နေလို့ပါ” ဟု ပဲအရောင်းအဝယ် လုပ်ကိုင် နေသူ တစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်တွင် ပဲတီစိမ်းအသစ်များ ဈေးကွက်တွင်းသို့ ဝင်ရောက်လာချိန်ဖြစ်ပြီး အရောင်းအဝယ် လည်း ဖြစ်နေကြောင်း၊ အညာဒေသထွက် ပဲတီစိမ်း များကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများ ရှိနေခြင်းကြောင့် ဈေးကွက်ဝယ် လိုအားများလာခဲ့ပြီး ဈေးကောင်းလည်းရကြောင်း ကုန်စည်ဒိုင် သုံးသပ်ချက် အရ သိရသည်။

ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ယခုကာလအတွင်း အရောင်းအဝယ်ဖြစ်သောကြောင့် ပဲစင်းငုံမှာလည်း လက်ကျန်နည်းနေကြောင်း၊ ပြည်ပဝယ်လိုအားပေါ် မူတည်၍ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံများ ဈေးဆက်လက် တက်လာနိုင်ကြောင်း၊ လက်ရှိ ဘုရင့်နောင်ဈေးကွက်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က မတ်ပဲ( FAQ) တစ်တန်လျှင် ၄၆၂၀၀၀ကျပ်၊ မတ်ပဲ (SQ) တစ်တန် လျှင် ၅၁၀၀၀၀ ကျပ်နှင့် ပဲစင်းငုံတစ်တန်လျှင် ၅၂၀၀၀၀ကျပ် အသီးသီးရှိကာ ယခင်နှစ်ပတ်ခန့်ထက် ကျပ်သောင်းဂဏန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းမှ ပဲမျိုးစုံကို တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများက ဝယ်ယူ လျက်ရှိပြီး လာမည့်နှစ်တွင် တင်ပို့နိုင်ရန်ရှိပြီး ကြိုတင်ဝယ်ယူမှုများ လည်း ရှိနေကြောင်း၊ ယခုနှစ်တွင် ပဲမျိုးပြည်ပတင်ပို့မှုသည် တန်ချိန်ဆယ်သိန်း နီးပါး ရှိကာ အမေရိကန်ဒေါ်လာ ၆၃၂ သန်းကျော်ရရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ တန်ချိန်ဆယ်သိန်းကျော် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၈၂၅ သန်းကျော်ရရှိခဲ့ကြောင်း
ကုန်သွယ်မှုစာရင်းဇယားများအရ သိရသည်။


The Myanma Age

No comments:

Post a Comment