Thursday, December 27, 2012

အဲပုဂံလေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်ပြီးစီး

Photo: အဲပုဂံလေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်ပြီးစီး  
Wednesday, 26 December 2012 

ဒီဇင်ဘာ ၂၅ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က အဲပုဂံလေကြောင်း
လိုင်းမှ ခရီးစဉ်အမှတ်  W9-011 လေယာဉ်သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ ပျက်ကျမှုကြောင့် သေ ဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည့် မောင်သိန်းတန်(ခ) မောင်ပြား၏ ရုပ်အလောင်းကို တောင်ကြီးဆေးရုံမှ တောင်ကြီး တိုင်း ရင်းသားပေါင်းစုံ သုသာန်သို့ ပို့ဆောင်ပြီး ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ နှစ်နာရီခွဲ အချိန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် ဆိုင်ကယ်စီးရင်း သေဆုံးခဲ့ရသည့်
မောင်ပြားမှာ တောင်ယာလုပ်ကိုင်ပြီး ပအိုင်းလူမျိုးဖြစ်ကာ ကျီးဖြူကန်အနီး၊ ကုန်းမို့ရွာ၊ ဘန်ကွေ့ကျေးရွာ အုပ်စု၊ တောင်ကြီးမြို့နယ်တွင်
နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသွားသူ မောင်ပြားတွင် လသားအရွယ် မိန်းကလေးတစ်ဦးနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိသည်။

Eleven Media Group
ဒီဇင်ဘာ ၂၅ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က အဲပုဂံလေကြောင်း လိုင်းမှ ခရီးစဉ်အမှတ် W9-011 လေယာဉ်သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေး လမ်းနှင့် နှစ်မိုင်ခန့်အကွာ ပျက်ကျမှုကြောင့် သေ ဆုံးခဲ့သည့် ဆိုင်ကယ်စီးသူ၏ ရုပ်အလောင်းအား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည့် မောင်သိန်းတန်(ခ) မောင်ပြား၏ ရုပ်အလောင်း ကို တောင်ကြီးဆေးရုံမှ တောင်ကြီး တိုင်းရင်းသားပေါင်းစုံ သုသာန်သို့ ပို့ဆောင်ပြီး ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ နှစ်နာရီခွဲ အချိန်တွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

အဲပုဂံလေယာဉ်ပျက်ကျမှုကြောင့် ဆိုင်ကယ်စီးရင်း သေဆုံးခဲ့ရသည့်မောင်ပြားမှာ တောင်ယာလုပ်ကိုင်ပြီး ပအိုင်းလူမျိုးဖြစ်ကာ ကျီးဖြူကန်အနီး၊ ကုန်းမို့ရွာ၊ ဘန်ကွေ့ကျေးရွာ အုပ်စု၊ တောင်ကြီးမြို့နယ်တွင်နေထိုင် သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသွားသူ မောင်ပြားတွင် လသားအရွယ် မိန်းကလေးတစ်ဦးနှင့် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိသည်။

Eleven Media Group

No comments:

Post a Comment