Friday, November 02, 2012

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်ထံ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးပြီး လွှတ်တော်ကအတည်ပြု လိုက်ပါတယ် ။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြင်ဆင်အတည်ပြုရာမှာ  သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ထဲက (၁)ချက်ကိုပဲ ပြင်ဆင်ခဲ့ပြီး ကျန်တဲ့  ၁၀ ချက်ကို လွှတ်တော်က   ပြင်ဆင်မှုမပြုဘဲ သဘောတူခဲ့တာလို့ ဆိုပါတယ်။ တကယ်လို့ လွှတ်တော်က အတည်ပြုပြီးသား ဥပဒေ မူကြမ်းကို သမ္မတအနေနဲ့ ပြင်ဆင်စရာမရှိဘူးဆိုရင် လက်မှတ်ရေးထိုး အတည်ပြုနိုင်တယ်လို့ သိရပါ တယ်။
ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင်း ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့သူထဲက တစ်ဦးဖြစ်တဲ့  အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီကို  မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

No comments:

Post a Comment