Tuesday, November 13, 2012

အိုဘားမား မြန်မာခရီးစဉ်အပေါ် အမေရိကန် အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆို

ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်နှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် ရခိုင် လူမျိုးများ အသင်းမှ ကြိုဆိုကြောင်း သဘောထားထုတ်ပြန်သည်။
သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမေရိကန်အခြေစိုက် ရခိုင်လူမျိုးများ အသင်း ဘက် ဖလိုး နယူးယောက်ခ် အဖွဲ့ဒါရိုက်တာ ဦးခိုင်မြင့်သိန်းက နိရဉ္စရာသို့ယခုလို ပြောသည်။

“ဟုတ်ကဲ့ပါ။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ သံတမန်ရေးရာအရ ဆက်ဆံမှုတွေ ပြတ်တောက် နေ တာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တယ်။ ၅ ရာစုခန့် ကြာနေပြီဖြစ်တယ်။ ပြီးရင် အမေရိကန် သမ္မတရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်တယ်။ ကျွန်တော့် အမြင်ပြောရရင်တော့ သမ္မတအိုဘားမား ခရီးစဉ်ဟာ အင်မတန်မှ Development ဖြစ်ဖို့လို့ မြင်ပါတယ်။ တဘက်မှာလည်း အမေရိကန်နဲ့ မြန်မာ အကြား ဆက်ဆံမှုတွေလည်း အင်မတန်မှ တိုးတက်နေတယ်လို့ မြင်တယ်။ ဒါကြောင့် သမ္မတ အိုဘားမားရဲ့ မြန်မာ ခရီးစဉ်ဟာ သမိုင်းဝင် ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်” ဟုပြောသည်။
အမေရိကန် သမ္မတ အနေဖြင့် ယခုခရီးစဉ်တွင် မြန်မာ အစိုးရနှင့်  ကိစ္စရပ် အတော်များများကို ဆွေးနွေး မည်ဖြစ်သဖြင့် ယခု ခရီးစဉ်ကိုအကောင်းဘက်က မြင်ကြောင်း လည်း သူက ဆက်ပြောပြသည်။
“အမေရိကန်အနေနဲ့ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကတော့ Economic စီးပွားရေး တိုးတက်
ကောင်းမွန်ရေး၊ Job creation အလုပ်ကိုင်အသစ် လုပ်သွားဖို့ကိစ္စ၊ Partnership တနိုင်ငံနဲ့ တနိုင်ငံအပြန် အလှန်ကုန် သွယ်မယ့် ကိစ္စ၊ စွမ်းအင် ယန္တရားတွေ ပူးပေါင်းဆောင် ရွက်ရေးကိစ္စ၊ Human Rights လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရမှုတွေကိုပါ ဆွေးနွေးသွားဖို့လို့ သိရပါတဲ့အတွက် အကောင်ဘက်က မြင်ပါတယ်”ဟု ပြောသည်။
တိုင်းရင်းသား အခွင့်အရေးကိစ္စနှင့် ပတ်သက်ပြီးအဆိုပါ ပုဂ္ဂိုလ်က “အိုဘားမား ခရီးစဉ်အတွင်း မြန်မာနိုင် ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့အရေးကို အဓိကဦးစားပေး လုပ်ပေးစေချင်တယ်။ တိုင်းရင်းသား ပေါင်းစုံနဲ့ လက်ရှိအာဏာရ ဦးသိန်းစိန် အစိုးရတို့အကြား Reconciliation အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ဖို့ အတွက် ပါ အိုဘားမားကို တိုက်တွန်းထားပါတယ်။ ပြီးရင် မြန်မာနိုင်ငံမှာ Democratic transaction တခုတည်း မဟုတဘဲနဲ့ တိုင်းရင်းသား ပေါင်းစုံညီညွတ်မှု၊ တန်းတူတန်းမျှရှိမှု အဆင့်အထိ အမေရိကန်အစိုးရက ကူညီပေးနိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်” ဟုပြောသည်။
သမ္မတအိုဘားမား မြန်မာခရီးစဉ်အတွင်း တိုင်းရင်းသား လူငယ် တစ်ဦးအနေဖြင့် တိုက်တွန်း လိုသည့် သူ၏ ဆန္ဒကိုလည်း ယခုလိုပြော သည်။
“တိုင်းရင်းသား အဖွဲ့တွေ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ ဒေါ်စုတို့ဘက်က ဖက်ဒရယ်   ပြည်ထောင်စု အစစ်အမှန်ဖြစ်လာအောင် လုပ်ပေးဖို့ သမ္မတအိုဘားမားကို တိုက်တွန်းစေချင်တယ်။ ဦးသိန်းစိန်အစိုးရကလည်း မြန်မာ ဒီမိုကရေစီ အရေးကို ပါးစပ်က ပြောသလို လက်တွေ့ အကောင် အထည်ဖေါ် လုပ်ဆောင်ဖို့လည်း တိုက်တွင်း ချင်ပါတယ်” ဟုပြောသည်။
သမ္မတ အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်ကြောင့်  တရုတ်-မြန်မာ ဆက်ဆံရေးမှာလည်း ထိခိုက် ပျက်ပြား လိမ့်မည် မယုံကြည်ကြောင်း သူက ပြောသည်။
သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ သမ္မတ ရွေးကောက်ပွဲတွင် နောက်ထပ် သမ္မတ သက်တမ်း ၄ နှစ်အတွက် ရွေးကောက် တင်မြှောက် ခံခဲ့ရပြီးနောက် အရှေ့အာရှနိုင်ငံများသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်လည်ပတ်မည်ဖြစ်သည်။

No comments:

Post a Comment