Sunday, October 14, 2012

ဆရာတော်အရှင်ဥာဏိဿရ မျက်စိဝေဒနာရှင်တွေကို ကူညီနေ


 
အရှင်ဥာဏိဿရ 

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် တောင်တန်းသာသနာပြုဝင်း အတွင်းမှာရှိတဲ့ ဆရာတော်အရှင်ဥာဏိဿရရဲ့ သီတဂူ စက္ခုဒါနဆေးရုံမှာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူတွေလာရောက်ကုသနေကြရာမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မျက်စိဝေဒနာရှင် ၂၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။


အောက်တိုဘာလ ၁၃ ရက် ဒီနေ့မှာ နောက်ထပ် လူနာ ၇၀ ကိုခွဲစိတ်ကုသပေးဖို့စီစဉ်ထား တယ်လို့ သိရ ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့မနေ့က ကောင်းမွန်စွာ ခွဲစိတ်ကုသခံခဲ့ရသူတစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အောင်သပြေရပ်ကွက်က မျက်စိဝေဒနာရှင် ဦးစောနွှဲ့ရွှေအုန်းက  အခုလိုပြောပါတယ်။
“မျက်စိဝေဒနာကတော့ လုံးလုံးကိုမှ မမြင်ရလို့ အခုဒီမှာလာပြီးတော့ ကုသတာပါ။ ဆရာတော် ဘုရား စေတနာထားပြီးတော့မှ အခမဲ့ ကုသပေးတယ်ဆိုလို့ ဒီမှာလာပြီးတော့ ကုသတာပါ။ အခုတော့ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်လာတယ်ဆိုတော့ ၀မ်းသာတာပါ။ ဆရာတော်ဘုရားကို ကျေးဇူးတင် မဆုံး ပါ….”
ဆရာတော် အရှင်ဥာဏိသရရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ မြစ်ကြီးနားနဲ့ပူတာအိုမှာရှိတဲ့ မျက်စိ
ဝေဒနာရှင်ရဟန်းးရှင်လူ အားလုံးပေါင်း ၄၀၀ နီးပါးကို မျက်စိပြန်မြင်လာအောင်ကုသပေးနိုင် မယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
ဆရာတော်ဟာ အောက်တိုဘာလ ၁၃ ရက် စနေနေ့မှာ မြစ်ကြီနား ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ မျက်စိ ကုသရေးဋ္ဌာနကို ဒေါ်လာ ၇ သောင်းကျော်ဖိုးတန်ဖိုးရှိတဲ့  မျက်စိခွဲစိတ်ကုသရေးပစ္စည်းများကို ဆေးရုံအုပ် ကြီး ဒေါ်စုစုဒွေးထံသို့လှူဒါန်း လိုက်တယ်လို့သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ဖြန်မှာတော့ ဆရာတော်ဟာ မြစ်ကြီးနားအကျဉ်းထောင်မှာ ရှိတဲ့အကျဉ်းသားတစ်ထောင့်ရှစ်ရာကိုတရားဟောပြီးညမနက်ဒံပေါက်ထမင်းကျွေးမှာဖြစ်ပါတယ်။   အောက်တိုဘာ လ ၁၅ ရက်နေ့မှာတော့ ပူတာအိုမြို့ကို ဆက်လက်ခရီးဆက်မှာဖြစ်ပြီး၊  မျက်စိဝေဒနာ ရှင်တွေ ကုသမှုခံယူနိုင်ဖို့ စီစဉ်မယ်လို့ သိရပါတယ်။

No comments:

Post a Comment