Tuesday, October 16, 2012

မီဒီယာများကို ၀မ်ပေါင် ကြေးနီကုမ္ပဏီ သတိပေး

2012-10-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင် သတ္ထုတွင်း တူးဖော်
ရေးကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီတို့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမယ့်အရေးအသားတွေ မီဒီယာ
တွေမှာ ဆက်လက်ဖော်ပြနေရင် တရားစွဲဆိုတော့မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပက်သက်ပြီး မီဒီယာတစ်ချို့မှာ ဖော်ပြနေတဲ့ သတင်းတွေဟာ ကုမ္မဏီနှစ်ခုစလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုဖို့စီစဉ်ရခြင်းဖြစ်ကြောင်း၊ မြန်မာ ၀မ်ပေါင်သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီရဲ့အကြီးအကဲ မစ္စတာ ဂျင်းရီ (Mr. Geng Yi) က မြန်မာ စကားပြန် က တဆင့် ပြောခဲ့တာပါ။
“တမင်သက်သက် လုပ်ကြံသတင်းတွေကို မီဒီယာတွေမှာ ဖော်ပြနေတဲ့အတွက် လုပ်ဖော်ကိုင်ဖော် ဦးပိုင် ကုမ္ပဏီရယ် ကျနော်တို့ ကုမ္ပဏီရယ် နောက်ပြီး ဒီပရောဂျက် တစ်ခုလုံးအတွက် နာမည် တော်တော်လေး ထိခိုက်ပါတယ်။”
ရန်ကုန်၊ လှိုင်မြို့နယ်မှာရှိတဲ့ ၀မ်ပေါင် ကုမ္ပဏီရုံးခန်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့ တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မိုင်းခွဲတဲ့အခါမှာလည်း ဗုဒ္ဓသာသနိက အဆောက်အအုံ
တွေနဲ့ ကိုက်(၄၀၀) ဝေးကွာတဲ့အကြောင်း ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရှင်းလင်းပြသခဲ့ပါတယ်။

No comments:

Post a Comment