Monday, October 15, 2012

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ


Monday, October 15, 2012
 
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာကျပ်ငွေတွေအပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ်အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ ဒင်္ဂါးအတုလုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။

ဇာမန်မှ၎င်းသည်အိန္ဒိယရူပီများကိုသာမက မြန်မာကျပ်ငွေနှင့်ဘူတန်ငွေများကိုလည်းပြုလုပ်သည်ဟုထုတ်ဖေါ် ပြောဆိုကြောင်း ရဲက ပြောဆိုသည်။ သို့သော် ယခု ငွေအတု ဖမ်းဆီးမိရာတွင် မြန်ကျပ်ငွေ အတုများ မပါဝင်ကြောင်း ရဲက ပြောသည်။

ဖမ်းဆီးခံရသူ(၁၀)ဦးဖြစ်ပြီး ထိုအထဲတွင် လက်ရှိအစိုးရပါတီမှ ခေါင်းဆောင် တစ်ဦးပါဝင်သည်ဟု New Age သတင်း တွင် ဖေါ်ပြသည်။

၎င်းပြင် ငွေစက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသော ကွန်ပျူတာ ၃ လုံး၊ ပုံနှိပ်စက္ကူထုတ် ၆ လုံး အပါအ၀င် မိတ္တူကူးစက်များ ၊ဘလောက်များ ကိုလည်း ရဲက သိမ်းဆည်းရမိခဲ့သည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့တွင်များမကြာမှီကျရောက်မည့် အိဒ်ပွဲတော်ကြောင့် လူပေါင်း ထောင်သောင်းချီကာ နေ့စဉ် ဈေးဝယ် ထွက်နေသဖြင့် ဈေးများတွင် ဈေးဝယ်သူများဖြင့်စည်ကားနေရာ အဆိုပါအချိန်ကာလအတွင်း ၎င်း ငွေတုများကို ဖြန့်ဝေ အသုံးပြုသည်ဟု သိရသည်။

ယမန်နှစ်ကလည်းအမေရိကန်ဒေါ်လာအတုလုပ်သူ နိုင်ငံခြားမှဂိုဏ်းတစ်ခုကို ဒက္ကားမြို့တော်တွင် ဖမ်းဆီးရမိခဲ့သည်။


No comments:

Post a Comment