Wednesday, September 12, 2012
GoDaddy ဝက်ဘ်ဆိုက်များ ဟက်ခံရ
Wednesday, September 12, 2012
From : MRTV4
အွန်လိုင်း ဝက်ဘ် Hosting များ ရောင်းချနေသည့် GoDaddy မှာ တနင်္လာ နေ့က အွန်လိုင်း တိုက်ခိုက်မှုတွင်တရားခံ ဖြစ်ခဲ့ရပြီး ၎င်းထံမှ ဝယ်ယူထားသည့် သန်းပေါင်းများစွာသော သုံးစွဲသူများ၏ ဆိုက်များစွာမှာ ဟက်ခံလိုက်ရပြီ ဖြစ်သည်။ယခုလို ဖြစ်ရပ်အတွက် GoDaddy.com မှ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ရေးသား ထားရာ၌ မိမိတို့ အနေဖြင့် ဆိုက်မှ ဝန်ဆောင်မှုကို ယူထားသူ အများ ပြဿနာ ဖြစ်နေရသည်ကို သိရှိပါကြောင်းနှင့် အဆင်ပြေစေရန် လုပ်ဆောင်နေ ပါကြောင်း ရေးသား ဖော်ပြခဲ့သည်။
အများစုသော GoDaddy ၏ ဖောက်သည်များမှာ အသေးစား စီးပွားရေး လုပ်ငန်းရှင်များမှ ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကာ ယခုလို ပြတ်တောက်မှု ဖြစ်စဉ်မှာ အရှေ့ဖျား ဒေသ စံတော် ချိန် နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ယခုလို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး Anonymous အဖွဲ့မှ တိုက်ခိုက်မှု ပြုခြင်းဖြစ်ကြောင်း ကြွေးကျော်ခဲ့သော်လည်း နောက်ပိုင်းတွင် Anonymous Own3r ဟု အမည်ရသူမှ ၎င်းတစ်ယောက်ထဲ၏ လက်ချက်သာ ဖြစ်ကြောင်း twitter စာမျက်နှာထက်တွင် ဖော်ပြ သွားခဲ့သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment