Thursday, September 13, 2012

ဒေါ်အောင်ဆန်းစုကြည် ယခုလ ၁၇ ရက် အမေရိကန်ပြည်ထောင်စု ရောက်မည်

2012-09-12
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စုကို ဒီလ (၁၇)ရက်နေ့ ရောက်ရှိမှာ ဖြစ်ပြီး အောက်တိုဘာလ ပထမအပတ် အထိ နေထိုင်မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်ကတော့ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် ဒီလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ၃ ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် စစ်အစိုးရ လက်ထက်တုန်းက ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ခဲ့ဖူးပါတယ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာ လေ့လာရေးဌာန CSIS က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း အမေရိကန် အစိုးရကို အကြံပြုထားပါတယ်။

No comments:

Post a Comment