Wednesday, September 19, 2012

ကလေးမြို့နယ်အတွင်းတွင် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၁၀ ဦးကို လိုက်ပါပို့ဆောင်သူနှင့်အတူ ဖမ်းဆီးရမိ





ဖမ်းဆီးရမိသော ဘင်္ဂါလီ ၁၀ ဦးကို ကလေးမြို့သို့ ခေါ်ဆောင်လာစဉ် ဓာတ်ပုံ အောင်သူထွန်း
ကလေးမြို့တွင် ခိုးဝင်လာသော ဘင်္ဂါလီ ၁၀ ဦးကို ပေါက်တော ကျေးရွာရေနံမှော်၌ လိုက်ပါပို့ဆောင်သူနှင့်အတူ ဖမ်းဆီးရရှိမိပြီး ကလေးမြို့ ရဲစခန်းမှဥပဒေအတိုင်း တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု သတင်းရရှိပါသည်။

''သူတို့ကို တွေ့တာက ကလေးမြို့နဲ့ နည်းနည်းဝေးတဲ့ ပေါက်တောကျေးရွာ ရေနံမှော်မှာပါ။ ဒေသခံတွေကတွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေက သွားရောက်ဖမ်းဆီးပြီး မြို့နယ်ရဲစခန်းနဲ့ လ၀ကတွေကို အကြောင်းကြားခဲ့တာပါ။ အခု ကလေးမြို့ ရဲစခန်းကို ခေါ်ဆောင်သွားကြပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်အောင် လုပ်နေတယ်လို့ သိရပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါဘင်္ဂါလီလူမျိုးများသည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု သိရှိရပါ သည်။ ဘင်္ဂလီလူမျိုးများသည် နယ်စပ်မှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းသို့ ၀င်ရောက်လာခြင်းမှာ ယခုမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်ကလည်း ဖမ်းဆီးရရှိမှုများလည်းရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ဖမ်းဆီးရရှိမိသူများကို  မှတ်ပုံတင်အက်ဥပဒေ ၆(၂) အရ ထောင်ဒဏ် နှစ်နှစ်စီချပြီး ကျန်ရှိနေသော လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃ (၅) နှင့် အခြားစွဲ ချက်များအတွက်လည်း ပြစ်ဒဏ်ကျခံရမည်ဟု ကလေးမြို့ရဲစခန်းမှ ပြောကြားချက်အရ သိရှိရသည်။
ဖမ်းဆီးရရှိသော တရားခံများသည် အသက် ၂၀ ၀န်းကျင်အရွယ်များဖြစ်ကြကာ အချို့မှာ မြန်မာစကားအနည်းငယ် တတ်ကျွမ်းကြပြီး အချို့မှာ ဘင်္ဂါလီစကားသာ တတ်ကျွမ်းသည်ဟု သိရှိရပါသည်။
''ကလေးမြို့မှာတော့ သမ္မတကြီးထောက်ခံပွဲအပြီး နောက်နေ့မှာမိတာဆိုတော့  ဒီကိစ္စကို စိတ်ဝင်စားနေကြတယ်။ ဟိုနားဒီနားမှာလည်း ဘင်္ဂါလီတွေ ခိုးဝင်နေတာရှိတယ်ဆိုတဲ့ ကောလဟာလတွေကလည်း ပျံ့နှံ့နေပါတယ်။ အရင်က ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြားရတော့ အရင်ကတည်းက ၀င်ရောက်နေတယ်ဆိုတာ သေချာတာပေါ့။ ဒေသခံတွေရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် ခိုးဝင်လာသူတွေရဲ့ ရန်က ကာကွယ်ရမှာပါ။ လိုက်ပါပို့ ဆောင်ပေးသူက မြန်မာလူမျိုးပါ''ဟု ဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့ပါသည်။

No comments:

Post a Comment