Thursday, September 27, 2012

ရွှေတွံတေးဆရာတော် မဟာချိုင် ဘန်ထိုလ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသို့ သွားရောက် လှူဒါန်း



ရွှေတွံတေးဆရာတော်သည် စက်တင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင် ဘန်ထိုလ ကိုယ်ထူကိုယ် ထ ကလေးများ စာသင်ကျောင်းသို့ သွားရောက်ပြီး တီရှပ်များနှင့် ခေါက်ဆွဲခြောက်များ ဝေငှခဲ့သည်။ 
ဘန်ထိုလ ကျောင်းအတွက် ကွန်ပျူတာ ၁ လုံး လှူဒါန်းခဲ့ပြီး အလှူငွေများ ပေးအပ်ခဲ့သည်။ ကိုယ်ထူကိုယ် ထကျောင်းကလေးသည် NGO ၁ခု၏ ထောက်ခံချက်ဖြင့် ဖွင့်လှစ်ထားပြီး ကျောင်းသား ၃၀ ဦးသာ သင်
ကြားခွင့်ရသည်။ ဆရာမ ၁ ဦးက စေတနာ့ဝန်ထမ်း သင်ကြားပေးနေသည်။ ယခင်ကတော့ အခြား NGO တဖွဲ့က ၆ လစာ ကလေးများကို ထောက်ပံ့ပေးခဲ့ပြီး နောက်တဖွဲ့က ဆက်လက် တာဝန်ယူ ထောက်ပံ့ပေး ရာမှ အခုအခါတွင် ထောက်ပံ့ငွေများ ရပ်ဆိုင်းသွားပါသည်။ အလှူရှင်များ၏ သဘောထား မသိရသော် လည်း အဆိုပါ NGO အဖွဲ့ကိုယ်စားလှယ်က ပုံကူးစက်၊ ပန်ကာမှ အစ အကုန်ဖြုတ်သိမ်းသွားခဲ့သည်။ ယခုအခါ အခြား NGO အဖွဲ့များ၏ ထောက်ခံချက်ကိုသာ ရယူပြီး အချင်းချင်း ကူညီပံ့ပိုးမူဖြင့် ကိုယ်ထူ ကိုယ်ထ ကြိုးစားရပ်တည်နေကြသည်။

( မှတ်တမ်း-ဓာတ်ပုံများ )




from - BURMA VJ MEDIA

No comments:

Post a Comment