"ကျွန်တော်တို့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုက
လာတာပါ၊ ခင်ဗျားတို့ဖြစ်ပျက်နေတာတွေကို ကမ္ဘာကနေသိအောင်
လုပ်ပေးနိုင်ပါတယ်။" ဆိုပြီးသူတို့အဖွဲ့အပေါ်အထင်ကြီးလေးစားစေဖို့
ပြောပါတယ်။ "ခင်ဗျားတို့ဘာမှကြောက်စရာမလိုဘူး၊ခင်ဗျားတို့လယ်တွေကိုမနက်ဖြန်ကို ပြန်စိုက်ကြပါ"လို့ရွာသားများအား
တားမြစ်
လယ်ယာမြေများပေါ်တွင် ပြန်စိုက်ပျိုးကြရန် ပြောပါသည်။
ထိုဒေသခံများတွင်
မုံရွာအမှတ်(၁)ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်သော သူများလည်း
ပါဝင်ကြသည်။ အခြေအနေမှာ လတ်တလောလေးတွင်မှ အေးငြိမ်းသွားကာရှိသေးတယ်။
ဒေသခံများနှင့် အာဏာပိုင်အစိုးရပိုင်းတို့ အားပြိုင်မှုတွင် မိုးသီးဇွန်က
ရောက်ရှိပြီး အခြေအနေကို ရှုပ်ထွေးအောင် လုပ်ဆောင်နေသည်နှင့် တူနေသည်။
အဆိုပါ သတင်းများကို ကြားသိရသော မုံရွာမြို့မှ
ကျောင်းသားအဖွဲ့များဖြစ်ကြသည့် ၈၈ ကျောင်းသားအဖွဲ့၊ ဗကသအဖွဲ့ နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ခေါင်းဆောင်များ
ဦးဆောင်ကာ အလျင်အမြန် သွားရောက်ကြရသည်။ အခြေအနေများ
ပိုမိုရှုပ်ထွေးမသွားစေရန် အချိန်မီ တားဆီးနိုင်ခဲ့သည်။ ကျေးရွာဒေသခံများမှ
မိုးသီးဇွန်ပြောသည့်အတိုင်း ဆောင်ရွက်ခဲ့ပါလျှင်
ရန်သူ့အကြိုက်လုပ်ရပ်ဖြစ်သွားနိုင်ပါသည်။ အကြမ်းဖက်သမားသည်
အကြမ်းဖက်လိုသော စိတ်ဓါတ်ကိန်းအောင်းနေမည်။ ငြိမ်းချမ်းရေးသမားသည်
ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ကြိုးစားကြမည်။ မိုးသီးဇွန်သည်
မည်သူဖြစ်သည်။ မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ယခု
မည်သည့်အကြောင်းများအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ကို
ကျေးရွာဒေသခံလူအများက အလုံးစုံသိရှိကြမည် မဟုတ်ပေ။ ထိုသည်ကို
အခွင့်ကောင်းယူ အခြားသော ကျောင်းသားအဖွဲ့အစည်းများ၏ အရှိန်အဝါကို
ရောထွေးအသုံးချသွားနိုင်ပေသည်။ မုံရွာမြို့ပေါ်မှ လူအများ
အချိန်မီတားဆီးနိုင်မှုကြောင့်သာ ပြဿနာများ မဖြစ်ခဲ့ရပေ။
No comments:
Post a Comment