Thursday, September 13, 2012

တောင်ကုတ်တက္ကသိုလ်အား ဒီဇင်ဘာတွင်ဖွင့်နိုင်မည်

Thursday, September 13, 2012

11
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဆောက်လုပ်လျှက်ရှိသော တက္ကသိုလ်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

"တက္ကသိုလ် တည်ဆောက်တာ အပေါ်ထပ်ပြီးစီးနေပါပြီ။ လာမည့် ဒီဇင်ဘာလ ဆိုရင် ဖွင့်နိုင်ပါပြီ။ ကျောင်းကို စတင်ဖွင့်ပြီးတာနှင့် တစ်ခါတည်း ကျောင်းသားတွေကိုလည်း လက်ခံသွားမယ်။ ပထမနှစ်နှင့် ဒုတိယနှစ်ထိ ကျောင်းသားတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။" ဟု တောင်ကုတ် တက္ကသိုလ် တည်ဆောက်ရေးတာဝန်ခံ ဦးကျောက်တောင်က ပြောသည်။

တောင်ကုတ်တွင် တက္ကသိုလ် တည်ဆောက်ရခြင်းနှင့်ပတ်သက်၍ "တက္ကသိုလ်ကျောင်းဆောက်ရတဲ့ ရည်ရွယ်ချက်က ဒီဘက်မှာရှိနေကြတဲ့ ကျောင်းသားတွေ တက္ကသိုလ်ကျောင်းနှင့်ဝေးနေကြတယ်။ သွားရတာလည်း အခက်အခဲရှိကြပါတယ်။ တစ်ချို့မိဘတွေဆိုရင် ဆင်းရဲကြတယ်။ စစ်တွေကို သွားတက်ရတာဆိုတော့ ပိုက်ဆံက အရမ်းးကုန်ကျတယ်။ " ဟု ဦးကျောက်တောင်က ပြောသည်။

တက္ကသိုလ်တည်ဆောက်ရန်အတွက် မြို့သူမြို့သားများက စေတနာအလျှောက် ထည့်ဝင်ကြပြီး အမည်မဖေါ်လိုသူ ရန်ကုန်တွင်နေထိုင်သော တောင်ကုတ်ဇာတိ လူဂ္ဂိုလ်တစ်ဦးက ကျပ်ငွေ သိန်း နှစ်ထောင်ပါဝင် လှူဒါန်းကြောင်း ဦးကျောက်တောင်က ပြောသည်။

တောင်ကုတ်တွင် တက္ကသိုလ် ဖြစ်လာပါက လမ်းပန်း ဆက်သွယ်ရေးကြောင့် စစ်တွေ တက္ကသိုလ်သို့ သွားရောက်သင်ကြားရန် အခက်အခဲ ဖြစ်နေကြသည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်နယ်များမှ ကျောင်းသားများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး တစ်နှစ်ခွဲခန့် အကြာတွင် စတင်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

3
12

 

No comments:

Post a Comment