Friday, September 07, 2012

ဘန်ကောက်တွင် စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းဆီးမိ

Friday, September 07, 2012

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးအား စိတ်ကြွဆေးပြား သုံးသန်း သုံးသိန်းနှင့် အတူရဲက ဖမ်းဆီးလိုက်သည်ဟု အေပီ သတင်းတစ်ပုဒ်တွင် ဖေါ်ပြထားသည်။
ဘန်ကောက်မြို့ အနောက်ဘက် အစွန်းအဖျား နေအိမ်တလုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေစဉ် အဆိုပါ ဆေးပြားများကို လူငယ် တစ်ဦးနှင့်အတူ စက်တင်ဘာ ၅ရက် နေ့က ဖမ်းဆီရမိခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွဆေးပြားများ ၀င်ရောက် လမ်းကြောင်းနှင့် အရှေ့တောင် အာရှ၏ ဈေးကွက်တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း စိတ်ကြွဆေးပြား အမျိုးမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံ အတွင်း တင်သွင်းလာခြင်းကို ထိုင်းရဲအဖွဲ့က တားဆီး နိုင်ခဲ့ပြီး ယခု ဖမ်းဆီးရရှိ
မူသည် အရေအတွက်အားဖြင့် ဒုတိယအကြိမ် အများဆုံးဖြစ်သည်ဟု
ပြောသည်။

အဖမ်းခံရသူ Sophon Sawaengsuk က ၎င်းမှာ အဆိုပါအိမ်အား
စောင့်ရှောက်သူဟု ပြောဆိုသော်လည်း သူ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်း ခရိုင်မှ မူးယစ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦး ဖြစ်နိုင်သည်ဟု ရဲအရာရှိက ပြောသည်။

No comments:

Post a Comment