Monday, September 17, 2012

ကိုယ်ထူကိုယ်ထ အယ်လ်လေမြန်မာတို့နှင့် ဒေါ်စုတွေ့ဆုံပွဲ လက်မှတ်တွေ ထုတ်ယူနိုင်ပြီ

Monday, September 17, 2012

 

လာမည့်အောက်တိုဘာ၂မှာကျင်းပမယ့်အယ်လ်အေရောက် မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ မှာတက်ရောက်လိုသူများကိုယ်တိုင်မှတ်ပုံတင်၊ ကိုယ်တိုင် ဧည့်လက်မှတ်ကို အွန်လိုင်း ကဖြစ်စေ၊ အောင်ဇေ လက်မှတ်ဌာနမှာဖြစ်စေ ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ တွေ့ဆုံပွဲ လုပ်အားပေးတဦးဖြစ်တဲ့ ကိုဘိုဘိုက မိုးမခ ကို ပြောပြပါတယ်။

သူတို့ရဲ့ ၀က်ဆိုက်ဖြစ်တဲ့ dasskvisitla.org မှာ ဆောင်ရွက်နိုင်တယ်။ ဒါပေမယ့် နယ်မြေအလိုက် ဧည့်သည်ကိုယ်စားလှယ်များထံ ဆက်သွယ်ပြီး ကုဒ်တခု တောင်းရမယ်လို့ ဆိုပါတယ်။ အဲသည်က ထုတ်ပေးတဲ့ မိမိအတွက် သီးသန့်လက်မှတ်ကို ကွန်ပျူတာပရင်တာနဲ့ ထုတ်ပြီး တွေ့ဆုံပွဲကို လာရုံပဲ ရှိတယ်လို့ ဆိုပါတယ်။

အထက်ပါအတိုင်းအခက်အခဲရှိရင်ကိုယ်တိုင်ဧည့်လက်မှတ်ကို မြန်မာများစုဝေးရာ အောင်ဇေခန်းမမှာ သွားရောက် ထုတ်နိုင်တယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ လက်မှတ်များကို အောင်ဇေခန်းမ – 629 (B) E. Garvey Ave. Monterey Park. CA 91755 ၌ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ ဓာတ်ပုံပါ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် ပြသ၍ လူကိုယ်တိုင် လာရောက် ထုတ်ယူနိုင် ပါကြောင်း အသိပေးကြေညာ အပ်ပါတယ် လို့ ရေးထားပါတယ်။

အခြားမြို့နယ်တွေအနက်ဝါရှင်တန်ဒီစီနဲ့နယူးယောက်မြိတော်တွေမှာ ကျောင်းတွေ ကောလိပ်တွေက မြန်မာကွန်မြူနီတီတွေ့ဆုံပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီကြတာရှိပါတယ်။ အယ်လ်အေမြို့တော်က မြန်မာတွေကတော့ ကိုယ်ထူကိုယ်ထနဲ့ ကွန်ဗင်းရှင်း စင်တာက ခန်းမကြီးကို ငှားပြီး လုပ်ကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့တတွေ လနဲ့ချီပြီး တိုင်ပင် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရတယ်လို့ သိရပါတယ်။ နိုင်ငံတော်၊ ပြည်နယ်နဲ့ မြို့တော်က အစစ အရာရာ ၀န်းရံ ကူညီမှုတွေ ရရှိတယ်လို့ ဆိုပါတယ်။

မိုးမခ

 

No comments:

Post a Comment