Tuesday, September 11, 2012
အီရန်သမ္မတရွေးကောက်ပွဲ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည်
Tuesday, September 11, 2012
အီရန်သမ္မတမာမွတ်အမာဒီနီဂျက်
အီရန်လက်ရှိ သမ္မတမာမွတ်အမာဒီနီဂျက်နေရာ ဆက်ခံမည့်သူကို ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမာဒီနီဂျက်သည် ယခုအခါ ဒုတိယနှင့် နောက်ဆုံးသက်တမ်း ထမ်းဆောင်နေခြင်း ဖြစ်သည်။ သမ္မတရွေး ကောက်ပွဲနှင့်အတူ မြူနီစီပယ်ရွေးကောက်ပွဲများကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်ကို နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ၌ အမာဒီနီဂျက် အနိုင်ရခဲ့သော်လည်း မဲလိမ်မှုများစွာရှိခဲ့သည်ဟု အတိုက်အခံများ၏ စွပ်စွဲမှုများ ခံခဲ့ရသည်။ ဆန္ဒပြမှုများလည်း ပျံ့နှံ့ခဲ့ပြီး အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့ကြောင်း သိရသည်။
အဓိကအတိုက်အခံ Green Movement ခေါင်းဆောင်များဖြစ်သော ၀န်ကြီးချုပ်ဟောင်း ဟူစိန်မူဆာဗီနှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း မက်ဒီခါရိုဗီတို့မှာ ယင်းအချိန်နောက်ပိုင်းမှစပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
တီဟီရန်သို့ သြဂုတ်လကုန်ပိုင်းတွင် သွားရောက်ခဲ့သော ကုလအတွင်း ရေးမှူးချုပ်ဘန်ကီမွန်က အီရန်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး အရေးပါသူများ၏ အသံများကို နားထောင်ရန် တိုက်တွန်းခဲ့သည်။
Ref:AFP
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment