Tuesday, August 14, 2012

NLDပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဘုန်းကြီးကျောင်းများဖယ်ရှားပေးရေး ကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ဆုံ

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း 11.8.2012 ရက်တွင် သစ်တောကြိုးဝိုင်းတွင်း ကျရောက်သော ဘုန်းကြီးကျောင်းများဖယ်ရှားပေးရေးကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ ဆုံပြီး သူမအနေနှင့် (၁၃.၇.၂၀၁၂)တွင် နေပြည်တော်စည်ပင်သာယာရေးအထူးဖွံ့ဖြိုးရေးဇုံ စီမံကိန်းရုံးမှ ဗိုလ်မှူးကြီးကံချွန်နှင့် တွေ့ဆုံကာ ၎င်းဘုန်းကြီးများ နေထိုင်ရာကျောင်းများတွင် ဆက်လက်နေထိုင်ခွင့်ရရှိရန် နှင့်ဘုန်းကြီးကျောင်းများ ဆက်လက်ဖယ်ရှားမှု မပြုလုပ်စေရန် ညှိုနှိုင်းဆွေးနွေးခဲ့သည့်နောက်ပိုင်း ဘုန်ကြီးကျောင်းများအား ဆက်လက်ဖယ်ရှားစေခြင်းရှိ/မရှိ မေးမြန်းခဲ့ပါသည်။ မိထ္တီလာကျောင်းဆရာတော် အရှင်စန္ဒိမာ ကလော လောဆယ်ဆယ်တော့ ဆက်လက်ဖယ်ရှားစေခြင်းမရှိသေးပါဘူး။ ဆရာတော်က ဆက်လက်မိန့်တော်မူသည် မှာ ၀ါဆိုသံယာစာရင်းလျှောက်ထားတာလဲ မပေးသေး၊ပြုလုပ်ပေးခြင်းမရှိသေး၊ နှစ်စဉ် စားရင်းတင်သော်လည်း ပယ်ချခံရကြောင်း ပြောကြားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်စန္ဒာမင်းမှ မိမိအနေနှင့် သက်ဆိုင်ရာနှင့် တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment