Friday, August 31, 2012

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ၏ဆန္ဒပြပွဲရက်ရွှေ့ဆိုင်း



သြဂုတ်လ(၃၁)ရက်
မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် ရခိုင်အရေး သမ္မတဦးစိန်ရဲ့ ရပ်တည်ချက် အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့် မပေးတာကြောင့် ရက်ရွှေ့ဆိုင်း လိုက်ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။          

မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ် ထားခဲ့ပေ မယ့်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အလှူပွဲအတွက် လုံခြုံရေးစီစဉ်ပေးရမှာဖြစ်တာကြောင့် ဆန္ဒပြပွဲတွေကိုလုံခြုံရေး မပေးနိုင် ဘူး ဆိုပြီးအာဏာပိုင်တွေက ရက်ရွှေ့ကျင်းပဖို့ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ 
အာဏာပိုင်တွေနဲ့နီးစပ်သူမြို့ခံတချို့ကတော့မူလဆန္ဒပြမယ့်စက်တင် ဘာလ (၁) ရက်နေ့ဟာ ၀ါခေါင်လပြည့် ဥပုသ်နေ့  ဖြစ်တာေ ကြာင့် ရဟန်းသံဃာတော်တွေ အများအပြား ပါဝင်ဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် အခုလို ရက်ရွှေ့ဖို့ ညွှန်ကြား လိုက်တာလို့ ပြောပါတယ်။

ဆရာတော် ဦးဝီရသူဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်တွေမှာ ဆန္ဒပြမှာဖြစ်ပြီး၊ စက်တင်ဘာ ၃ရက်နေ့မှာ ပြည်ကြီးတံခွန် ၊ချမ်းမြသာစည် မြို့နယ်တွေနဲ့ စက်တင်ဘာ ၄ရက်နေ့မှာတော့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment