Wednesday, August 29, 2012
သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြောင်းအလဲ ဖြစ်
နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ နှင့် ၂၈ ရက်နေ့များတွင် ထုတ်ပြန် ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၂၇ နေရာ အပြောင်းအလဲ ဖြစ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် များအရ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ( ၉ ) ဦးကို နေရာပြောင်းရွှေ့  ခန့်ထားခဲ့ပြီး ဒုဝန်ကြီး ( ၁၅ ) ဦးကို အသစ် ခန့်ထားခဲ့သည်။ သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက် တွင်မူ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တကွ ဝန်ကြီး ( ၂ ) ဦးအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဖော်ပြ ပါရှိသည်။
ထူးခြားချက် အနေဖြင့် နေရာ ပြောင်းရွှေ့ ခံခဲ့သော ပြည်ထောင်စု ဝန်ကြီးများတွင် လေးဦးမှာ နိုင်ငံတော် သမ္မတရုံးတွင် ခန့်ထားခဲ့ခြင်း ဖြစ်ပြီး ယခင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းကိုလည်း သမဝါယမ ဝန်ကြီးဌာနသို့ ပြောင်းရွှေ့  ခန့်အပ်ခဲ့သည်ကို ဖော်ပြပါရှိသည်။
ထို့အပြင် ဒုတိယ ဝန်ကြီး ၁၅ နေရာ အသစ်ခန့်အပ် တာဝန်ပေးအပ်ရာတွင် လည်း အမျိုးသမီး (၄)ဦး ထပ်မံပါဝင်ခဲ့ရာ အစိုးရ အဖွဲ့တွင် အမျိုးသမီး( ၆ ) ဦး အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
သြဂုတ်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အမိန့်အရ မြန်မာ့ အာမခံလုပ်ငန်းအထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်၎င်း၊ အငြိမ်းစားဗိုလ်မှုးချုပ်ဇင်ယော်
နှင့် သံအမတ်ကြီးဦးသန့်ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်၎င်း အသီးသီးခန့်အပ်ခဲ့သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment