Wednesday, July 25, 2012

မြမင်းအောင်(၁)ရှပ်ပြေးရေယာဉ် ၀န်ချီစက်ဖြင့် ဆွဲတင်


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြှုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ၀န်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီးဖြစ်ပေမယ့် လူ (၁၄) ဦး
ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လောလောဆယ်အထိ ကယ်ဆယ်ရရှိသူ (၇၉) ရှိပြီး ဘုန်းကြီးအလောင်း (၁) လောင်း အပါအ၀င်၊ စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းကို ဆယ်ယူရရှိ ထားပြီဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူက ပြောပါတယ်။

No comments:

Post a Comment