နေပြည်တော်တွင် ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်
ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အထူး သတိရှိကြဖို့ဆိုပြီး
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက် ပါတယ်။
ဘာအကြောင်းကြောင့်
အခုလို ပြောတယ်ဆိုတာ သဲသဲကွဲကွဲ မရှိပေမယ့် မကြာသေးခင်က မြန်မာနိုင်ငံ
အနောက်ဘက်ခြမ်း ပြဿနာနဲ့ ပတ်သက်ပြီး တာလီဘန် စစ်သွေးကြွတွေက ပါကစ္စတန်
နိုင်ငံကို မြန်မာနှင့် သံတမန် အဆက်အသွယ်ဖြတ်ဖို့
ခြိမ်းခြောက်လာတာကြောင့် ဖြစ်နိုင်တယ်လို့ လွှတ်တော်တွင် သတင်းယူနေတဲ့
သတင်းထောက်တွေက ပြောဆိုနေပါတယ်။

No comments:
Post a Comment