Tuesday, July 24, 2012
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့
မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂတွင် ပါဝင်သည့် ကျောင်းသား အင်အား သောင်းချီ ရှိနေပြီး တက္ကသိုလ် တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ ရာနှင့်ချီ ပါဝင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်များ အားလုံးတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း ၄င်းက ဆိုသည်။
သက်ဆိုင်ရာ တက္ကသိုလ်များ၏ ကျောင်းသား ခေါင်းဆောင်များက ဗဟုသုတများ ဖြန့်ဝေကာ စည်းရုံးရေး စလုပ်နေပြီး ခရိုင်အလိုက် ကျောင်းသားသမဂ္ဂ ၄၀ ပေါ်လာရင် ကျောင်းသားသမဂ္ဂ ညီလာခံ ကျင်းမည် ဖြစ်ကြောင်း ယခု ၁၉၆၂ ကျောင်းသားသမဂ္ဂ ညီလာခံက ဆုံးဖြတ်ထားသည့် ဥပဒေများသည် ယနေ့ခေတ် ကျောင်းသားများ အတွက် လိုက်လျောညီထွေ မရှိကြောင်း ကျောင်းသားထု၏ ဆန္ဒနှင့်အညီ ကျောင်းသားညီလာခံ ခေါ်ကာ အခြေခံဥပဒေ ရေးဆွဲသွားမည်ဟု ဧရာတီတိုင်း ဒေသကြီး ဗ.က.သများ အဖွဲ့၏ တာဝန်ခံလည်း ဖြစ်သူ ၄င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ခရိုင်၂၅ခုရှိ တက္ကသိုလ်များ ဖြစ်သော နည်းပညာ တက္ကသိုလ်၊ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ ကောလိပ်၊ ရေကြောင်းသိပ္ပံ တက္ကသိုလ်၊ လေကြောင်း အတတ်သင်၊စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပြီးဖြစ်ကြောင်း ဗ.က.သများ အဖွဲ့ဝင်တစ်ချို့ထံမှ စုံစမ်း သိရှိ ရသည်။
သစ်ထူးလွင်

No comments:
Post a Comment