Monday, July 09, 2012

ဦးသက်ထွန်းအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရစကား

ဦးသက်ထွန်း (photo: moemaka)

သံအမတ်ကြီးဟောင်း ဦးသက်ထွန်းကို ကျွန်မ ငယ်စဉ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ပထမဦးဆုံး ဆုံတွေ့ခဲ့ရပါသည်။ ယဉ်ကျေးသိမ်မွေ့စွာနှင့် ဆက်ဆံခဲ့ပုံကို မှတ်မိနေပါသည်။
နောင်တွင်မှ ဦးသက်ထွန်း၏ ထူးခြားပြောင်မြောက်သော အရည်အချင်းတွေအကြောင်း သိရှိပြီး လေးစား ခင်မင်ခဲ့ပါသည်။

ဦးသက်ထွန်းကို ဆုံးရှုံးရသည်မှာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီးရတနာတစ်ရပ် ဆုံးရှုံးသွားသကဲ့သို့ ခံစားရပါသည်။
ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ အကြားမှ ဦးသက်ထွန်းများစွာ ပေါက်ဖွားလာနိုင်ပါစေ။

အောင်ဆန်းစုကြည်
၈ . ၇ . ၂၀၁၂


ဧရာဝတီ(Blog)

No comments:

Post a Comment