Monday, July 30, 2012

လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ လာမည့်နှစ်တွင်အလည်အပတ်သွားရောက
်မည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်က ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ချစ်ကြည်ရေးသံတမန် မစ္စတာ ယိုဟေး ဆာဆာကာဝါ နှင့် နေပြည်တော်၍တွေ့ဆုံစဉ် သူမ၏ခရီးစဉ်အား ပြောကြားသွားခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ ရာသီဥတုသာယာလှပချိန် ချယ်ရီပန်းများပွင့်သည့် မတ်လကုန်ခန့်တွင် သွားရောက်လည်ပတ်ရန် ရည်ရွယ်ထားသည်ဟု သူမကပြောကြားကြောင်း ဆာဆာကာဝါ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment