Friday, May 11, 2012

NLD ဥက္ကဌဟောင်း ဦးအောင်ရွှေက ဒေါ်စုကြည်ကို အကြံပြု တိုက်တွန်းဆွေးနွေး

 
      NLD ဥက္ကဌဟောင်း ဦးအောင်ရွှေက  မေလ (၁၀) ရက်နေ့ နံနက်ပိုင်းမှာ ဒေါ်စုကြည် ထံကို ဆက်သွယ် ပြီးတော့ နိုင်ငံရဲ့ ဦးဆောင်မှု အပိုင်းတွေကို ရယူပြီး လူထုအကျိုးကို သယ်ပိုးသွားနိုင်ရေး၊ ပါတီဆက်လက်ရှင်သန်ရေး၊ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေ၊ လွှတ်တော်မှာ စစ်တပ်က မနှစ်သက်တဲ့ ကိစ္စတွေ ကို ဖြည်းဖြည်းချင်း တင်ပြဖို့နဲ့ ဥပဒေကို ပြင်နိုင်ဖို့ ကြိုးပမ်းသွားရန်၊
လွှတ်တော်ထဲမှာ နိုင်ငံရေး ဆောင်ရွက် နေရင်းနဲ့ NLD ကိုယုံကြည်မှုရဖို့ ၊ လက်ရှိ စစ်ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေ၊ လူမျိုးစုပါတီတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံဆွေးနွေးမှုတွေကို ပြုလုပ်ထားဖို့နဲ့ ပါတီထဲမှာ သဘောထား တင်းမာမှုတွေကို နားလည်အောင် ရှင်းပြဖို့နဲ့ စစ်တပ်ရဲ့ အကြွင်းမဲ့ ယုံကြည်မှုရစေခြင်းနဲ့ အကြောင်းပြုပြီးတော့ ၂၀၁၅ ခုနှစ် နောက်ပိုင်း NLD အစိုးရကို ဖွဲ့သွားနိုင်တဲ့အထိ ကြိုးပမ်းသွားဖို့ကို အကြံပြု တိုက်တွန်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်။

No comments:

Post a Comment