Wednesday, May 16, 2012

ပြည်သူတွေသွားတဲ့လမ်းတွေပေါ်မှာမိုင်းထောင်ပြီး တာဝန်မယူဟုပြောသော KIA

          KIA မှ ဗိုလ်ဘရန်မိုင်နဲ့အဖွဲ့သည် လွယ်ဂျယ်- ဗန်မော်လမ်းကြောင်းတွင် မိုင်းထောင် ထားကြောင်းနဲ့ အဲဒီလမ်းကို မသုံးကြရန်အသုံးပြုလို့မိုင်းနင်းမိရင် တာဝန်မယူကြောင်း မံလင်ရွာနဲ့ ကောင်းဆာရွာမှ ရွာသားများကိုပြောကြားခဲ့ပါတယ်။  အဲဒီလမ်းတွေက ရွာသားတွေသွားလာ လှုပ်ရှား၊ စီးပွားရှာနေတဲ့ လမ်းတွေပါဘဲ။ ဒါကို အစိုးရတပ်ကို အကြောင်းပြပြီး မိုင်းထောင်တာ ဆိုတော့ ရွာသားတွေဘဲထိခိုက်မယ်။ ကချင်လူမျိုးအချင်းချင်းကို သတ်ဖြတ်နေတဲ့ပုံရောက်နေရ ပါတယ်။
    ရွာသားများမှာ စားဝတ်နေရေးအတွက် ဒီလမ်းဒီခရီးကို မသွားချင်ပေမယ့်လဲ ဘုရားတ မျက်စိမှိတ်ပြီး မိမိစီးပွားရေးအတွက် သွားလာနေရပါတယ်။ စားဝတ်နေရေးအတွက် အသက်သေမှာကို မကြောက်ဘဲနဲ့ မိသားစု စားဝတ်နေရေးအတွက် ဆောင်ရွက်နေကြရပါတယ်။ ဒါကြောင့် KIA ရဲ့လုပ်ရတွေက ကချင်ပြည်သူတွေကောင်းစားရေးအတွက်မဟုတ်ဘဲ ကချင်လူမျိုး တွေမျိုးသုန်းအောင်ဆင်းရဲအောင်လုပ်ပြီး KIAဗဟိုက ခေါင်းဆောင်ရဲ့ မိသားစုတွေ အတွက်သာ လုပ်ဆောင်နေတယ်လို့ ကောင်းဆာရွာသားတစ်ဦးက KDN သတင်းဌာနသို့ပေးပို့လာပါတယ်။

No comments:

Post a Comment