Friday, June 01, 2012

သားစိုးနဲ့ ဖိုးချစ်တို့ရဲ့ ပညာဒါန


သတင်းဓာတ်ပုံ - Popular Journal
ရောသမမွှေ ဂီတနဲ့ မြန်မာကို ကမ္ဘာနဲ့ ချိတ်ဆက်ပြသူလို့ လူသိများတဲ့ အဆိုတော် ဂီတဖန်တီးရှင် သားစိုး နဲ့ မင်းသား ဖိုးချစ်တို့ရဲ့ သာဓု အခါခါ ခေါ်ရမယ့် သတင်းတပုဒ်ကို ပေါ်ပြုလာ ဂျာနယ်မှာဖော်ပြထားပါတယ်။သူတို့တွေဟာ ရန်ကုန်တဖက်ကမ်း ဒလမြို့ကို သွားပြီး ရေအခက်အခဲဖြစ်နေမှုတွေ အတွက် ရေကုသိုလ် ပေး ကြရမှာ ကျောင်းစာရိတ်အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို တွေ့ပြီး ကျောင်းထားပေးဖို့ အခုစီစဉ်နေပါပြီတဲ့။

သားစိုးဟာ မှော်ဘီ နယ်တ၀ိုက်က ကျောင်းစာရိတ်မတတ်နိုင်တဲ့ ကလေး ၂၀၀ ကျော်လောက်ကိုလည်း သူက အခု လက်ရှိကျောင်းထားပေးနေပါတယ်တဲ့။

အခုလိုနံမည်ကျော် အနုပညာရှင်တွေက တကယ်လိုအပ်နေတဲ့ လူမှုရေး အကူအညီပေးရေး ကွက်လပ်တွေမှာ ၀င်ဖြည့်ရင်း တိုင်းပြည်ရဲ့ အဓိကကျတဲ့ ပညာရေးဘက်မှာ အခုလို အင်အားဖြည့် ကူညီမှုအတွက် ပိုပြီး ချစ်ခင်လေးစားကြမှာပါ။

သားစိုးတို့လို အခု ပညာရေး ကွက်လပ်ဖြည့်ကြသူတွေကလည်း ဘာသာရေးစတဲ့ တခုခုနဲ့ လူငယ်တွေရဲ့ ပညာရေးကို ချုပ်နှောင်ထားတာမျိုးလည်း မလိုလားကြောင်းနဲ့ တကယ့်ကို အနာဂတ်ကို ပြုစုပျိုးထောင်တာလို့ ဆိုကြပါတယ်။


ဧရာဝတီ(Blog)

No comments:

Post a Comment