Thursday, May 24, 2012

လယ်သမားများ တံစဉ်၊ စပါးနှံကိုင်ကာ မြို့တော်ခန်းမရှေ့ ဆန္ဒပြ



ဒီကနေ့ညနေ၆နာရီခွဲအချိန်ရန်ကုန်မြို့တော်ခန်းမရှေ့မှာတံဇဉ်နဲ့စပါးနှံတွေကိုကိုင်ထားတဲ့လယ်သမားတွေစုဝေးနေကြပါတယ်။

မနေ့ည၇နာရီဝန်းကျင်မှာဒီနေရာမှာပဲလူဦးရေ၁၀၀ ကျော်ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့ပြီးဒီကနေ့ တောင်သူလယ်သမားတွေကလဲစပါးနှံကိုင်ဆန္ဒပြဖို့ ရောက်လာကြတာဖြစ်ပါတယ်။
အာဏာပိုင်တွေကလဲ သူတို့ကို ကားပေါ်က မဆင်းဖို့ တားမြစ်ခဲ့ပါတယ်။ စပါးနှံကိုင်ပြီး ဆန္ဒပြချင်ရင် လယ်ကွင်းထဲမှာ သွားပြပါလို့ ပြောဆိုပါတယ်။

ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြခွင့် ရှိရင် စပါးနှံကိုင်ပြီး ဆန္ဒပြခွင့် ရှိပါတယ်လို့ လယ်သမားတွေဘက်က ပြောဆိုခဲ့ပါတယ်။

လယ်သမားအုပ်စုဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာကနေ ကား ၆ စီး အပြည့်နဲ့ လာခဲ့ကြတာပါ။ ဆန္ဒပြဖို့ ခွင့်ပြချက် မရတာကြောင့် ၄ စီး ပြန်လွတ်လိုက်ကြောင်း သိရပါတယ်။

သူတို့ဟာ ၂၀၁၀ခုနှစ်က ဇေကမ္ဘာကုမ္ပဏီက လယ်ဧက ၈၀၀ ကျော်ကို မတရား သိမ်းယူခြင်း ခံခဲ့ရတဲ့ လယ်သမားတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို လူတွေက သတိ မထားကြတာကြောင့် အခုလို လာရောက်ဆန္ဒပြရတာပါလို့ လယ်သမားတွေက ပြောပြပါတယ်။

လယ်သမားတွေကို မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဥက္ကဌ ဦးနေမျိုးဝေနဲ့ တွဲဖက် အတွင်းရေမှူး အောင်မျိုးဦးတို့ ဦးဆောင်ခဲ့တာလို့ သိရပါတယ်။










No comments:

Post a Comment