Monday, May 21, 2012

မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်

ယနေ့ညဦးပိုင်းကလျှပ်စစ်မီးရရှိရေးအတွက်မန္တလေးမြို့ခံများက နေရာ၂နေရာတွင်ဖယောင်းတိုင်များ၊ဆိုင်းဘုတ်ငယ်များကိုင်ဆောင်ကာဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ အစောပိုင်းတွင် တိုင်းလျှပ်စစ်ရုံး တောင်ဘက်တွင် လူဦးရေ ၂၀၀ ခန့်က ဆန္ဒထုတ်ဖေါ်နေစဉ် မှာပင် ဆီဒိုးနားဟိုတယ် ရှေ့တွင်လည်း လူ ၁၀၀ ကျော်က ဆိုင်းဘုတ်ငယ်များ နှင့် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဆိုင်းဘုတ်ငယ်များ၌ “လျှပ်စစ်ဝန်ကြီး တိုင်းပြည်ကိုပြောတဲ့အတိုင်း ဆောင်ရွက်ပေးဖို့” ဆိုသည့် စာသားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့ရှိရသည်။

ထူးခြားချက် တရပ်အ်နေဖြင့် ယခုလို ဆန္ဒထုတ်ဖေါ်စဉ် အတွင်း မန္တလေးတမြို့လုံး လျှပ်စစ်မီး ပေးထားသည့် အချက်ဖြစ်သည်ဟု မန္တလေး မြို့ခံများက ပြောဆိုသည်။
 
မြတ်လေးငုံ(Blog)

No comments:

Post a Comment