Tuesday, April 10, 2012

အမေရိကန်အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်း

မြန်မာနိုင်ငံရောက်ရှိနေတဲ့အမေရိကန်အထက်လွှတ်တော်အမတ်မစ္စတာဂျင်ဝက်ဘ်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နာယကဦးတင်ဦးတို့တွေ့ဆုံမယ့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။
နှစ်ဖက် တွေ့ဆုံဖို့ ဒီနေ့ ချိန်းဆိုထားပေမယ့် မစ္စတာ ဂျင်ဝက်ဘ်က မအား လပ်တဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးဥာဏ်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ ဒီနေ့မနက်ပိုင်းက ပဲခူးမြို့ကို သွားရောက်ပြီး ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောပါတယ်။

မစ္စတာ ဂျင်ဝက်ဘ်ဟာ ဧပြီ ၉ ရက်နေ့တုန်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဂျင်ဝက်ဘ်ရဲ့ အခုခရီးစဉ်နဲ့ ပက်သက်ပြီး ဧပြီ ၁၁ ရက်နေ့မှာ  သတင်း စာရှင်းလင်းပွဲကို အမေရိကန်သံရုံးတွင် ပြုလုပ်မှာ ဖြစ်ပါတယ်

ဒီဗွီဘီ

No comments:

Post a Comment