Thursday, April 02, 2020
တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ်ခန့်အပ်၊ခန့်အပ်ခံရသူသည် လစာ(၇)သိန်းကျပ် ရရှိမည်
တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ် မတ်(၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ခန့်အပ်လိုက်ပါတယ်။
ကိုဗစ်ကြောင့် လူထုနှင့်ဆက်သွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်စသုံး
COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ လူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ကို ဧပြီ ၁ ရက်မှ စတင်အသုံးပြုပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇၁၉၀ ၊ ကူးစက်သူ ၉၃၅၁၅၂ ယောက် ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၄၇၁၉၀ ရှိလာပြီး ကူးစက်သူ ၉၃၅၁၅၂ ယောက် ရှိလာပြီလို့ ဒီနေ့ မနက် worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်မှာရှိတဲ့မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေစာရင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန်ပါတယ် ။
‹
›
Home
View web version