မန္တလေးမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ခေါက်ဆွဲဆိုင်များအနေဖြင့် ဆိုင်တွင် ထိုင်စားရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ပါဆယ်သာ ရောင်းချကြရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများက ယနေ့ မတ်လ(၂၄)ရက်တွင် ညွှန်ကြားစာထုတ် တားမြစ်လိုက်သည်။
Tuesday, March 24, 2020
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာစစ်ဆေးရေးလုပ်ငန်းများ ယာယီရပ်ဆိုင်း
COVID-19 ရောဂါပိုးကူးစက်ခံထားရသည့်လူနာနှစ်ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၃ရက်ညကကြေညာခဲ့ပြီးနောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာစစ်သည့် လုပ်ငန်းများကို ယနေ့မှစကာယာယီရပ်ဆိုင်းလိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
COVID -19ပိုးတွေ့လူနာသွားလာခဲ့သည့်ကလေးမြို့တစ်မြို့လုံးကို Lock Down ချထား

COVID -19ပိုးတွေ့လူနာသွားလာခဲ့သည့်ကလေးမြို့တစ်မြို့လုံးကို ယနေ့နံနက်၁၀နာရီခန့်တွင် Lock Down ချလိုက်ပြီဖြစ်ကြောင်း အဆိုပါမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒေါ်အေးအေးမူက ပြည်မြန်မာကို ပြောသည်။
မန္တလေး တိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရက်အကန့်အသတ် မရှိ ရွေ့ဆိုင်း

မန္တလေး တိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း မတ်လ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီးလွှတ်တော် မှ ထုတ်ပြန်ကြေညာထားသည်။
COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ လူနာ တွေ့ရှိခဲ့သည့် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက် Lock down ချ

မြန်မာနိုင်ငံမှာ ပထမဆုံး COVID-19 ပိုးတွေ့လူနာ ၂ဦးဖြစ်တဲ့ထဲက တစ်ဦးမှာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်မှာ စောင့်ကြည့်ရာက တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ကျောင်းတိုက်ကို Lock down ချထားလိုက်ပြီဖြစ်လို့ မတ် ၂၄ ရက်နေ့မှာ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ပါတယ်။
ကော်ရိုနာဗိုင်းရပ်စ်ကူးစက်လူနာ တွေ့ရှိကြောင်း ကြေညာပြီးနောက် ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များတွင် စာမေးပွဲများအားလုံး အရေးပေါ် အခြေအနေဖြင့် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၂ ဦး စိစစ်တွေ့ရှိရပြီးနောက် လက်ရှိ တက္ကသိုလ်များအားလုံးတွင် ဖြေဆိုနေကြသော စာမေးပွဲများအားလုံးကို ယနေ့မှစတင်ပြီး အရေးပေါ် အခြေအနေကြောင့် ရပ်ဆိုင်းကြောင်း၊ ထပ်မံ၍ အသိပေးမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း တက္ကသိုလ်အသီးသီးမှ ပညာရေးအဖွဲ့ Senate များက ကြေညာချက်များ ထုတ်ပြန်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး တွေ့ရှိ

၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် Covid-19 လူနာ(၂)ဦးတွေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (16,501) ဦး နှင့် ကူးစက်ခံရသူ (378,741) ဦးအထိမြင့်တက်လာ

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မတ်လ ၂၄ ရက်နေ့ နံနက် ၇:၃၀အချိန်အထိ သေဆုံးသူ စုစုပေါင်း (16,501)ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (378,741)ဦး ကူးစက်ခံထားကြောင်း သိရသည်။ကမ္ဘာပေါ်တွင် အဆိုပါရောဂါသည် နိုင်ငံပေါင်း ၁၈၈ နိုင်ငံထိ ပျံနှံလျှက်ရှိနေပြီဖြစ်သည်။
Monday, March 23, 2020
သဘာဝေးတွေကို ကြိုတင်သိနိုင်မယ့် မိုဘိုင်း App ကို လွှတ်တော်ကိုယ်စားလှယ်များအား လိုက်လံထည့်ပေး

မြန်မာနိုင်ငံ၏ သဘာဝေအန္တရာယ်၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရေးဆွဲထားသည့် ဒါန်မိုဘိုင်း အက်ပလီကေးရှင်းကို ယနေ့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ကိုင်မိုဘိုင်းဖုန်းများထံသို့ လိုက်လံထည့်သွင်းပေးမှု ကန်ပိန်းတခုကို ပြုလုပ်လျှက်ရှိသည်။
ကိုဗစ်(၁၉)ဖြစ်ပွားသည့်ပုံစံ တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေ

ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်အမည်ဖြင့် ကျင်းပသည့် ရွှေကြိုရွေးချယ်ပွဲကို မတ်၂၁ ရက်က Me Entertainment မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ ရာ COVID-19 ဖြစ်ပွားသည့်ပုံစံဖြင့် စင်မြင့်ထက်တွင် တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်အသုံးပြုသူများ ကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
AA နဲ့ ပတ်သက်ပြီး စကားအများကြီးမပြောတော့ပဲ စောင့်ကြည့်လိုက်ဦးမယ်လို့ တပ်မတော်ပြော

AA အဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ စကားတွေအများကြီးမပြောတော့ပဲ စောင့်ကြည့်လိုက်ဦးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး ကပြောကြားလိုက်ပါတယ်။ မတ်(၂၂)ရက် မွန်းလွဲပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာကြားခဲ့တာပါ။
AAအကြမ်းဖက်သောက်ကျန်းသူများအဖွဲ့မှ ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ေနသော လုပ်ငန်းခွင်မှ ငွေသိန်း ၅၀ လုယူပြီး၊ အိန္ဒိယနိုင်ငံသားအပါအဝင် ဝန်ထမ်း (၁၅)ဦးကို ခေါ်ဆောင်သွား

AAအကြမ်းဖက်သောက်ကျန်းသူမျာ းအဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည် ဆောက်နေသောပလက်ဝဆိပ်ခံတံတား တည်ဆောက်'မှုလုပ်ငန်းခွင်သိ ု့ မတ်လ(၂၂) ရက်နေ့ည ၈:၃၀နာရီခန့်တွင် ဝင်ရောက်ပြီး ငွေသား သိန်း(၅၀)ကို လုယူသွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံသား ၇ဦး၊ စကားပြန် ၃ဦး၊ ဝန်ထမ်း ၅ဦး စုစုပါင်း (၁၅)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင် း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် (၉)ရပ်ကွက် ကားကြီးဝင်း၌ သုံးခွ-ရန်ကုန် YBS - 34 ပေါ်တွင် အဘိုးအိုတစ်ဦး သေဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် (၉)ရပ်ကွက် ကားကြီးဝင်း၌ သုံးခွ-ရန်ကုန် YBS (၃၄)ခရီးသည်ယာဉ်ပေါ် တွင် မတ်၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်းတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်အမှတ် YGN 3P/---- သုံးခွ-ရန်ကုန်သွား ခရီးသည်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းနောက် ခရီးသည်ထိုင် ဒုတိယခုံတန်းတွင် အဘိုးအိုတစ်ဦး ကားဘေးမှန်အားမှီ၍ သေဆုံးနေ သည်ကို တွေ့ရှိရသည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါစောင့်ကြည့် လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။
နယူးယောက်မြို့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေအနေပိုဆိုးလာနိုင်

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ ကုသရေးထောက်ကူပစ္စည်းတွေ မလုံမလောက်ဖြစ်လာတာကြောင့် အခြေအနေပိုဆိုးလာဖို့ရှိတယ်လို့ မြို့တော်ဝန် Bill de Blasio က အခုလ(၂၂)ရက်နေ့က ပြောကြားလိုက်ကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။
အမေရိကန်မှ ၁၂ နှစ်အရွယ်ကလေးငယ် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ရှုစက် တပ်ထားရကာ စိုးရိမ်ရ၊ ဗိုင်းရပ်စ်မည်သို့မည်ပုံ ကူးစက်ခဲ့ပုံ မသိရှိရသေး

အမေရိကန်ပြည်ထောင်စု ၊ Atlanta ဆေးရုံတွင် အသက် ၁၂ နှစ်အရွယ် EMMA ဆိုသော ကလေးငယ်သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ရှုစက်တပ်ကာ စိုးရိမ်ရသည့်အနေအထား ရောက်ရှိနေကြောင်း CNN သတင်းဌာနက သတင်းဖော်ပြသည်။
MNDAA အဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော တပ်မတော်စခန်းသို့ မတ် ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် MNDAA အဖွဲ့မှ တပ်သားအဆင့်ရှိသူ မော်စင်းခိုင်(ဘ) ဦးမော်ကျင်ချန်သည် ၎င်းကိုင်ဆောင်သည့် M-20 ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမကျည် လေးတောင့်တို့နှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း သိရှိရသည်။
Covid-19 ကုသေဆးကို စမ်းသပ် အောင်မြင်ပြီဟု ပြင်သစ်ကြေညာ

ကမ႓ာတစ်ဝန်းတွင် သေဆုံးမှုနှုန်းမြင့်မားနေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်နေကြသည့် Covid-19 ရောဂါကိုကုသနိုင်သည့်ဆေးဝါးကို တီထွင်စမ်းသပ် နိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်ဇီဝဗေဒဆေးသုတေသီပညာရှင်ပါမောက္ခ Didier Raoult က တရားဝင်ကြေညာပြောကြားလိုက်သည်။
