Tuesday, March 10, 2020
တပ်မတော်အာဏာလျော့ချမည့် ပုဒ်မများ မဲခွဲရာတွင် ရှုံးနိမ့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာရယူထားမှုများအား လျော့ချရန် ပြင်ဆင်ချက်ပုဒ်မများ ယနေ့မဲခွဲရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မီမှုမရှိသည့်အတွက် ရှုံးနိမ့်ခဲ့သည်။
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲအဖြစ်ကနေ ရုတ်သိမ်းနိုင်ရေး ပြင်ဆင်ချက် ရှုံးနိမ့် "
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်"ဆိုတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ပြင်ဆင်ချက်တင်သွင်းခဲ့ပေမယ့်လည်း သည်ကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်မည်
လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
"တပ်အခန်းကဏ္ဍလျှော့ချရေး ပြင်ဆင်ချက် ရှုံးနိမ့် "
အခြေခံဥပဒေပါ လွှတ်တော်များအတွင်း တပ်မတော်သားပါဝင်မှုကို လျှော့ချဖို့ ဒီချုပ်ပါတီဦးဆောင်တဲ့ ၄၅ ဦး ကောက်မတီက ပြင်ဆင်ချက် တင်သွင်းခဲ့ပေမယ့်လည်း သည်ကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားပါတယ်။
အသားကိုသာဖဲ့ပေးလျှင်ပေးမည်ဖြစ်ပြီး တိုင်းပြည်ကို မည်သည့်အခါမျှ ဖဲ့မပေး၊ လူကြီးဖြစ်စဉ်ကတည်းက ရိုဟင်ဂျာ မရှိကြောင်း ခါးခါးသီးသီး ငြင်းခဲ့သည်ဟု နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ပြောကြား
တိုင်းပြည်ကို ချစ်သည့်စိတ်ပြင်းထန်ပါက မိမိ၏ အသားကိုသာ ဖဲ့ပေးလျှင် ဖဲ့ပေးမည်ဖြစ်ပြီး တိုင်းပြည်ကိုဘယ်တော့မှဖဲ့မပေးနိုင်ကြောင်းကို နိုင်ငံတော်သမ္မတ ဟောင်းဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တရိပ်ရိပ်မြင့်တက်လာသည့် အီတလီသည် နိုင်ငံတစ်ဝှမ်း အပြင်မထွက်ရန် အမိန့်ထုတ်လိုက်သည် ပထမဆုံးနိုင်ငံ ဖြစ်လာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းနှင့် သေဆုံးနှုန်း တရိပ်ရပ်မြင့်တက်လာသည့် ဥရောပ၏ စတုတ္ထစီးပွားရေး အင်အားကြီးနိုင်ငံ အီတလီသည် ရောဂါထိန်းချုပ်နိုင်ရန် လူများအား အိမ်တွင်နေထိုင်စေပြီးနောက်
နိုင်ငံအား ပိတ်ဆို့လိုက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလတွင် (Covid-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ ပိုမိုထားရှိသွားမည် ဟုဆို
မတ်လ ၁၁ ရက်တွင် ဖြေဆိုမည့် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် Covid – 19 ရောဂါ ကာကွယ်ရန်အတွက် စာစစ်ဌာနများတွင် ကျန်းမာရေဝန်ထမ်းများ ပိုမိုထားရှိသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွန့်ကြားရေးမူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့သည်။
အင်အား ၅၀၀၀ ကျော် လာရောက်ဟု လူမှုကွန်ရက်များတွင် ဖော်ပြခဲ့ကြသော်လည်း နေပြည်တော်ရောက် အမျိုးသားရေးလှုပ်ရှားသူ ၁၀၀ ကျော်ခန့် လွှတ်တော်နားပင် ကပ်ခွင့်မရဘဲ လှည့်ပြန်သွားရ
ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှုတွင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြောင်း ပြသရန် နေပြည်တော်သို့ လာရောက်ခဲ့ကြသည့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ခန့်မှာ လွှတ်တော်နားပင် ကပ်ခွင့်မရဘဲ လှည့်ပြန်သွားရကြောင်း သတင်းရရှိသည်။
AA အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူကိုနှိပ်စက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီး ဦးစိုးထက် ပြောကြား
AA လက်နက်ကိုင်အဖွဲ့သည် လက်နက်ကိုင်ပြီး ပြည်သူလူထုကိုနှိပ်စက်နေခြင
်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝ
န်ကြီး ဦးစိုးထက်က ပြောကြားလိုက်သည်။
အသစ်တည်သည့် စေတီတော်အောက်ခြေတွင် ထည့်သွင်းခဲ့သည့် ခြေချောင်းလေးချောင်းကို ဖယ်ရှားပြီး ဆရာတော်ကို သတိပေး
ပန်းတောင်းမြို့နယ် ရွှေဘုံသာအုပ်စု ကျောင်းတောင်(တောရ)တွင် အသစ်တည်ဆောက်လျက်ရှိသည့် စေတီအတွင်းထည့်သွင်းခဲ့သည့်
ဆရာတော်၏ ခြေချောင်းလေးချောင်းကို မတ်လ ၇ ရက်က ဖယ်ရှားခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၄၃၆ (က)တွင်အကျုံးဝင်သော ပုဒ်မ/ခွဲ ၁၄ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)နှင့်ပတ်သက်ပြီး လွှတ်တော်၌အဆုံးအဖြတ်ရယူနေ
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (က)မှာအကျုံးဝင်တဲ့ ပုဒ်မ/ခွဲ (၁၄)ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ်(၁)နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ရယူနေပါတယ်။
ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြောဆိုဆွေးနွေးခဲ့သည့်“ဘယ်လောက်ပဲအသက်သွေးချွေးတွေနဲ့” “အလင်းရောင်ပေးနေအုံးမှာပါပဲ”ဆိုသည့် စကားရပ်အပါအဝင် ကိုယ်စားလှယ် ၅ဦး၏ ပြောဆိုဆွေးနွေးချက်အချို့အား လွှတ်တော် မှတ်တမ်းမှနုတ်ပယ်
ဗိုလ်ကြီးဒေါ်အေးသဉ္ဇာကျော်ပြောဆိုဆွေးနွေးခဲ့သည့်“ဘယ်လောက်ပဲအသက်သွေးချွေးတွေနဲ့” “အလင်းရောင်ပေးနေအုံးမှာပါပဲ”ဆိုသည့် စကားရပ်အပါအဝင် ကိုယ်စားလှယ် ၅ဦး၏ ပြောဆိုဆွေးနွေးချက်အချို့အား လွှတ်တော် မှတ်တမ်းမှနုတ်ပယ်ပြီးဖြစ်ကြ
ောင်း ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့ကြေညာသည်။
ရန်ကုန်ဝန်ကြီးချုပ်၊ ရန်ကုန်လွှတ်တော်ဥက္ကဌအပါအဝင် ဝန်ကြီးအချို့နှင့် NLD ပါတီဝင်များလေ့လာသူများအဖြစ် ယနေ့လွှတ်တော်တက်ရောက်
ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း အပါအဝင် ဝန်ကြီးအချို့နှင့် NLD ပါတီဝင်များလေ့လာသူများအဖြစ် ယနေ့လွှတ်တော်တက်ရောက်ခဲ့ကြောင်းတွေ့ရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လားရှိုးမြို့သို့ရောက်ရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်(၁၀)ရက် မနက်ပိုင်းက လားရှိုးမြို့ကိုရောက်ရှိပြီး လားရှိုးကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံ ကြီး ဖွင့်ပွဲကိုတက်ရောက်ခဲ့ပါတယ်။ ဒီကနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံဂ္ဂိုလ်ဟာ ဒေသခံပြည်သူတွေနဲ့လည်း လူထုတွေ့ဆုံပွဲပြုလုပ်သွားမှာပါ။
ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ရှိသည့် ရွေးကောက်ပွဲ နည်းဥပဒေ-၁၀(က)ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဒထုတ်ဖော်ပွဲကို ကချင်အမျိုးသားကွန်ဂရက်ပါတီ
(KNC) က ဦးဆောင်ကာ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် မတ် ၉ ရက် နံနက်ပိုင်းကပြုလုပ
်သည်။
အီတလီတစ်နိုင်ငံလုံးကို lockdown ချ
COVID-19 ပြန့်နှံ့ကူးစက်မှုကို တိုမြှင့်ထိန်းချုပ်သည့်အနေဖြင့် အီတလီတစ်နိုင်ငံလုံးကို lockdown ချလိုက်ကြောင်း အီတလီဝန်ကြီးချုပ် မစ္စတာ Giuseppe Conte က ကြေညာလိုက်သည်။
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မြို့မိမြို့ဖ ထောက်ခံမှုဖြင့် ရွေးချယ်သည့် မူချမှတ်ထားဟုဆို
NLD ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မြို့မိမြို့ဖထောက်ခံမှုဖြင
့် ရွေးချယ်သည့်မူ ချမှတ်ထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ဒေါက
်တာမေဝင်းမြင့်က ပြောကြားသည်။
အခြေခံဥပဒေပြင်ဆင်ရေး ကိုးမျိုး ကိုးကြိမ် ဘယ်လိုမဲတွေပေးရမလဲ၊ ဘယ်ပုဒ်မတွေ ပြင်နိုင်မလဲ၊ ဘယ်လောက် မျှော်လင့်နိုင်မလဲ
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များနှင့် မတ်လ ၃၊ ၄၊ ၅ ရက်နေ့များတွင် ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးငြင်းခုန်ခဲ့ကြသည့်
အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်တော့မှာ
ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၂၅ ယောက်နဲ့ ကူးစက်သူ ၁၁၄၃၄၃ ယောက် ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄၀၂၅ ယောက်ရှိလာပြီး ကူးစက်သူ ၁၁၄၀၀၀ ကျော်သွားပြီလို့ ဒီနေ့မနက် worldometer ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
" သည်ကနေ့ ခြေဥပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် စတင်မဲခွဲဆုံးဖြတ်မယ် "
နေပြည်တော်၊မတ်လ - ၁၀ ရက်။ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် (၇)ရက်ကြာ အချေအတင်ဆွေးနွေးမှုတွေအပြီးမှာတော့ သည်ကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ချက်တွေအပေါ် စတင်မဲခွဲဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။
မန္တလေးတွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦး ထပ်တိုး၊ မန္တလေးဆေးရုံမှ ဆရာဝန်နှင့် အမရပူရမှ လူနာတွင် ရောဂါပိုး မတွေ့
မန္တလေးမြို့တွင် Covid-19 စောင့်ကြည့်လူနာ တစ်ဦးထပ်တိုးပြီး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ဓါတ်ခွဲစစ်ဆေးချက်အဖြေအရ မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန်အပါအဝင် ယခင်စောင့်ကြည့်လူနာ နှစ်ဦးတွင် Covid-19 ရောဂါပိုး မတွေ့ရှိဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်အား လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲအဖြစ် သတ်မှတ်ချက်ပုဒ်မအပါအဝင် ပုဒ်မ ၆ ခု ယနေ့ လွှတ်တော်တွင် စတင်မဲခွဲဆုံးဖြတ်မည်
ဆန္ဒမဲလက်မှတ် ၁ ကိုအသုံးပြုမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ယနေ့ မတ်လ ၁၀ ရက်မှ စတင်မဲခွဲမှုတွင် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ကို
လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် သတ်မှတ်ချက်အား ပယ်ဖျက်ရန်နှင့် အဓိကကျသည့်ပုဒ်မ ၆ ခုလည်း ပါဝင်နေသည်။
‹
›
Home
View web version