ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီး ဒေါ်နှင်းဇော်ဖြူ၊ သားဖြစ်သူနဲ့ သမီးဖြစ်သူ ကလေးငယ် နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
Friday, December 06, 2019
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူသည် ယခုလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လူဝင်မှုကြီးကြပ်ရေးရုံး၌ ဗီဇာသက်တမ်း လာတိုးစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ချင်းမိုင် အခြေစိုက် သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများ အရေး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း အား ဒီဇင်ဘာ ၆ ရက်၊ (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကာ ပညာရေး၊ ကုန်သွယ်ရေး နှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
ပလက်ဝနှင့် တောင်ပြိုသို့ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေကို AA အဖွဲ့က နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း

ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့် ကုလားတန်မြစ်အထက်ပိုင်းရှိ တောင်ပြိုရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေအား AA အဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့တွင် နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပါတီမှတ်ပုံတင်ကျရန် ကြန့်ကြာနေခြင်းအပေါ် UNDP ပြောရေးဆိုခွင့်ရှိသူ မေးခွန်းထုတ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီသစ်တစ်ခုတည်ထောင်ရန် ပြီးခဲ့သည့် ဧပြီလအတွင်းက ပါတီမှတ်ပုံတင်ထားသော်လည်း ယနေ့အချိန်ထိ ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ညီညွတ်သောအမျိုးသားဒီမိုကရေစီပါတီ (UNDP) ပြောရေးဆိုခွင့်ရှိသူ ဦးဒေဗစ်လှမြင့်က မေးခွန်းထုတ် ဝေဖန်လိုက်သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ၊ ၎င်းအသုံးပြုသည့်ယာဉ် ပျောက်ဆုံး


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ Big Boss ရေသန့်လုပ်ငန်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် အသတ်ခံရပြီးနောက် ၎င်းအသုံးပြုသည့်ယာဉ် ပျောက်ဆုံးနေကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မန္တလေးတိုင်း NLD အမတ် ပါတီတာဝန် အသီးသီး ရုတ်သိမ်းခံရ


ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကို ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ကျောက်တော်မြို့ပေါ်တွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီးမှာ ဒီဇင်ဘာ(၆)ရက် မနက်(၉) နာရီခန့်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကအတည်ပြုပြောပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်သံ တွေကြားရကာ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျောက်တော်ဆေးရုံးမှာသေဆုံးတာကြားတယ်လို့ ဦိးမောင်မောင်ကပြောပါတယ်။
မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီး ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ မျက်စိအထူးကုဆေးရုံကြီးဖြစ်တဲ့ International Specialist Eye Centre (ISEC) Myanmar ရဲ့ ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၆)ရက် မနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ်(၁၅)ဘီလီယံကို သုံးစွဲခွင့်ပြုထားကြောင်း ဒုသမ္မတပြော

စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ်(၁၅)ဘီလီယံကို သုံးစွဲခွင့်ပြုထားပေးပြီးဖြစ်ကြောင်း တောင်သူလယ် သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်း ဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောသည်။
နစ်နာမှုများအတွက် မိုးအောင်ရင်ကို တရားစွဲခြင်းဖြစ်ဟု ခင်မြတ်နိုးဆို

နစ်နာမှုများအတွက် သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ခင်မြတ်နိုးက ပြောသည်။
Thursday, December 05, 2019
ပါကစ္စတန်နိုင်ငံက အမျိုးသမီး ၆၂၉ ဦး တရုတ်ပြည်ကို ရောင်းစားခံရ

ပါကစ္စတန်နိုင်ငံက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၆၂၉ ဦး၊ တရုတ်ပြည်ကို ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ အေပီ သတင်းက ဖော်ပြပါတယ်။
ဗဟိုဘဏ်က နေ့စဉ် ကန်ဒေါ်လာ သန်းချီပြန်ဝယ်ပြီး တစ်လအတွင်း ဒေါ်လာသန်း ၄၀ နီးပါးဝယ်ပြီးနောက် တစ်ဒေါ်လာ ၁၅၀၀ ကျပ် အောက်ရောက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စျေးကွက်အတွင်းမှ နေ့စဉ် ကန်ဒေါ်လာ သန်းချီ ပြန်လည်ဝယ်ယူပြီး တစ်လအတွင်း ဒေါ်လာ သန်း ၄၀ နီးပါးဝယ်ယူပြီးနောက် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ် အောက်သို့ ပြန်လည် ကျဆင်းလာ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရိုဟင်ဂျာ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ကာချုပ် မြန်မာနဲ့ ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen က ကာကွယ်ရေးဦးစီးချုပ်ကို မနေ့က ရှင်းပြပါတယ်။
ဗိုလ်မှူးချုပ်အောင်စန်းချစ်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ်

ဗိုလ်မှူးချုပ်အောင်စန်းချစ်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။
ထောက်ခံမဲ ၃၅၀နီးပါး၊ကန့်ကွက်မဲ ၂၀၀နီးပါးဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။
ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လိုဟု IOM ပြောကြား

ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့ IOM ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အကြီးအကဲက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ အမြောက်အမြားက မြန်မာပြည်ကို ပြန်ချင်ကြပါတယ်။ အခြေအနေတွေ ကောင်းမွန်ပြီဆိုတာနဲ့ သူတို့ ချက်ခြင်းပြန်သွားကြမှာပါပဲလို့ မနေ့က ပြောကြားလိုက်ပါတယ်။
၂၀၁၉ ခုနှစ် (Sea Game)ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်ကြက်တောင် အားကစားမယ် မသက်ထားသူဇာ ကွားတာဖိုင်နယ် တက်ရောက်


ဖိလစ်ပိုင်နိုင်ငံတွင် ကျင်ပလျှက်ရှိသည့် Phillipines SEA GAMES ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် မသက်ထားသူဇာသည် ၂၀၁၉ ဆီးဂိမ်းပထမပွဲစဉ် အဖြစ် မလေးရှား ကြက်တောင် မယ် Soniiia Cheah Su Ya နှင့် ဒီဇင်ဘာဘ လ ၄ ရက်နေ့က SEA GAMES Badminton individual Event(Women) ယှဉ် ပြိုင်ကစားရာတွင် (၂- ၁)ပွဲဖြင့် မလေးရှား ကြက်တောင် အားကစားမယ် အား အနိုင်ရရှိပြီး ကွာတာဖိုင်နယ် သို့ တက်ရောက်သွားကြောင် သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်း KIA အဖွဲ့ထံမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့် အကွာ သို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အနောက်တောင်ဘက်သို့ ဆုဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အ ခြေပြု ထားသည့် စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့ကာ အဆိုပါ အဖွဲ့ထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ထားသည်။
အာဖဂန်အရှေ့ပိုင်းတွင် NGO အဖွဲ့၏ကား တိုက်ခိုက်ခံရ၊(၆)ဦး သေဆုံး

အာဖဂန်အရှေ့ပိုင်း Nangarhar ပြည်နယ် Jalalabad မြို့မှာ အခုလ(၄)ရက်က NGO အဖွဲ့ရဲ့ကားကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အိုင်စီဂျေကို ရင်ဆိုင်ဖြေရှင်းခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ် တိုင်းပြည်၏ပုံရိပ် မြင့်မားလာမည်ဟု အပစ်ရပ် (၁၀) ဖွဲ့ သဘောထားထုတ်ပြန်

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခြင်းအား မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းတွင် တိုင်းပြည် ၏ပုံရိပ် မြင့်မားလာမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။
Wednesday, December 04, 2019
သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ မွေးနေ့အလှူကို မှော်ဘီမြို့နယ်မှာရှိ အောင်ဇဗ္မူတောရကျောင်းတိုက်မှာ ကျင်းပပြုလုပ်


သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ မွေးနေ့အလှူကို ယနေ့ မနက် ၉ နာရီ အချိန်က မှော်ဘီမြို့နယ်မှာရှိ အောင်ဇဗ္မူတောရကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်.....
ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံ မြို့နယ်အတွင်းမှ ဘိန်းခင်း ၂၈၇ ဧက ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းမှ ဘိန်းခင်း ၂၈၇ ဧကကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိသည်။
၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ဘယ်ပါတီကိုမှ အနုပညာနဲ့အောင်နိုင်ရေး မလုပ်တော့ဘူးဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗို

၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ ကိုယ်စားပြုပြီး အနုပညာအလုပ်နဲ့ ပါတီအောင် နိုင်ရေးလုပ်ငန်းတွေကို လုပ်မှာမ ဟုတ်တော့ဘူးလို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက တူမောရိုးသတင်း ဂျာနယ်ကို ပြောပါတယ်။
ကုမ္ပဏီပုံရိပ်ထိခိုက်မှုအတွက် ဥပဒေနှင့်အညီ အရေးယူသွားမည်

လတ်တလော လူမှုကွန်ယက် သတင်းများအရ လူပုဂ္ဂိုလ်တစ်ဦးသည် (ဒေါက်တာထွဋ်မြတ်သာ အမည်ဖြင့်) မက်စ်မြန်မာကုမ္ပဏီ၏ လိုဂို၊ အမည်နာမကို အသုံးပြု၍ ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ အများ သူငှါထံမှ ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိသည်ကို ကြားသိတွေ့မြင်နေရပါသည်။
တမူးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် အထုခံရ


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ နေအိမ် လက်ပစ်ဗုံးဖြင့် အထုခံခဲ့ရပြီး လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း တမူးမြို့မရဲစခန်းမှ သိရသည်။
မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်
မြန်မာနိုင်ငံအခြေစိုက် တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ မြန်မာပိုင်းဌာနမှ အယ်ဒီတာချုပ် အပါအဝင် ခြောက်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုကို အတည်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၉)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပပြုလုပ်

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင် နေပြည်တော်၊ M-Gallery Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Pol. Col. Mr. Vu Van Hau တို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား သို့ ဖိတ်ကြားထားသော ရဲအရာရှိကြီးများ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ် တို့မှ အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ် ၃၃ ဦးတို့ တက်ရောက် ခဲ့သည်။
ဗစ်တိုးရီးယားအမှု (၁၂)ကြိမ်မြောက်ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမနှစ်ဦးကိုစစ်ဆေးမည်

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ဒီကနေ့ (ဒီဇင်ဘာ(၄)ရက်)မှာ စစ်ဆေးသွားမယ့် ဗစ်တိုးရီးယားအမှု (၁၂)ကြိမ်မြောက်ရုံးချိန်းမှာ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ဆရာမနှစ်ယောက်ကို စစ်ဆေးသွားမယ်လို့တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ ဒီကနေ့ရုံးချိန်းမှာ CCTV မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပညာရှင်တွေရဲ့ အမည်စာရင်းကိုလည်း တင်သွင်း သွားမယ်လို့ဆိုပါတယ်။

