Friday, November 22, 2019
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု လက်မခံဟု ရုရှားသံအမတ်ပြော
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားကြောင်း သိရသည်။
YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦး ဖမ်းဆီးရမိ
YBS-61 ပေါ်တွင် ကျက်စားနေသည့် ခါး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
ICJ တွင် အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ဖြေရှင်းခြင်းသည် ကောင်းမွန်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများ သုံးသပ်
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ကိစ္စအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်နှစ်(၁၀၀)ပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
နေပြည်တော် MICC II ၌ ယနေ့ (နိုဝင်ဘာလ ၂၂)ပြုလုပ်နေသည့် ကုန်သည်စက်မှုအသင်းချုပ်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အ ခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြား မည်ဖြစ် ကြောင်း သိရသည်။
လူမျိုးသုဉ်းပြုသည်ဟု မြန်မာအပေါ်နိုင်ငံတကာ၏ ဖိအားပေးနေခြင်းကို ရပ်ဆိုင်းရန် အင်ဒိုနီးရှားတောင်းဆို
ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) သောင်းသိန်းချီ၍ မောင်းနှင်ထုတ်ခြင်းအားဖြင့် လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာက လတ်တစ်လော ဖိအားပေးနေကြခြင်းများကို ရပ်တန့်၍ ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံအား ဝိုင်းဝန်း လက်ညှိုးထိုးနေမည့်အစား ဆွေးနွေးပြောဆိုခြင်းများမှတဆင့် ယုံကြည်မှုတည်ဆောက်ကြရန် အင်ဒိုနီးရှား နိုင်ငံက တောင်းဆိုလိုက်သည်ဟု Jakata Post က နိုဝင်ဘာ ၁၈ ရက်က ရေးသားသည်။
ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် နှစ်ပေါင်း၇၀အတွင်း မြန်မာ ပထမဦးဆုံးရွေးချယ်ခံရ အဖွဲ့ဝင်နိုင်ငံ ၁၈၀အနက် ၁၄၂နိုင်ငံက မြန်မာကိုထောက်ခံမဲပေးခဲ့ကြ ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် နှစ်ပေါင်း၇၀အတွင်း မြန်မာ ပထမဦးဆုံးရွေးချယ်ခံရ အဖွဲ့ဝင်နိုင်ငံ ၁၈၀အနက် ၁၄၂နိုင်ငံက မြန်မာကိုထောက်ခံမဲပေးခဲ့ကြ
ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံရွေးချယ်ခဲခဲ့ရကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကိုရီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တို့သို့ တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
YMBA ရုံးသစ်ဆောက်လုပ်မည့်ကိစ္စ တပ်မတော်နှင့်လုံးဝမသက်ဆိုင်ဟု ဆို
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ရုံးအဆောက်အဦအသစ်ကို အမှုဆောင်များ၏ ရံပုံငွေ၊ ကောက်ခံရရှိမည့်အလှူငွေများဖြင့်သာ ဆောက်လုပ်မည်ဖြစ်ပြီး တပ်မတော်နှင့်လုံးဝမသက်ဆိုင်ကြောင်း ယင်းအသင်း၏ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းကပြောသည်။
၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် အချိန်စာရင်းထုတ်ပြန်
NLDပါတီ၏ ထိပ်တန်းအကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါခံစားနေရကြောင်း ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ထုတ်ဖော်ပြောဆို လက်ရှိတွင်ဆေးသွင်းထားရ၍ အနားယူနေပြီး မကြာမီတာဝန်များပြန်ထမ်းဆောင်ရန် မျှော်လင့်
NLDပါတီ၏ ထိပ်တန်းအကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါခံစားနေရကြောင်း ပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွှန့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
Wednesday, November 20, 2019
ပအိုဝ်းခေါင်းဆောင်၏ ဇာတိတွင် ပြုလုပ်သည့် အလှူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးကြီး မြို့ရှိ မဟာဝံသ ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော် ဌာပနာ ပိတ်ပွဲကို ယနေ့ နံနက်ပိုင်းက တက်ရောက်သည်။
စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့် ပူးပေါင်းရေးကိစ္စ ကိုယ်စားလှယ်များအမြင်ကွဲလွဲ ဆွေးနွေးမှုထဲပါသည့် ကြ့ခိုင်ရေးအမတ်၊ NLD အမတ်အချို့၊တပ်မတော်သားကိုယ်စားလှယ်တို့မှလွဲ၍ NLD အမတ်အများ စုထောက်ခံ
စက်မှုဝန်ကြီးဌာနကို စီမံ၊ဘဏ္ဍာဝန်ကြီးဌာန နှင့် ပူးပေါင်းရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အကြား အမြင်များ ကွဲလွဲနေကြောင်း ဆွေးနွေးမှုများအရ သိရသည်။
တရားရုံးကို ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ထောင်ဒဏ် (၂) နှစ် ကျခံရန် အမိန့်ချ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်အား ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်း ကို ထောင်ဒဏ် (၂) နှစ် ကျခံရန် ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချခဲ့သည် ။
အာဖဂန်တွင် ရဟတ်ယာဉ်ပျက်ကျ အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး ခဲ့တယ်လို့ နေတိုးဦးဆောင်တဲ့ Resolute Support Mission က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကုလအထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်အတွင်း လွှတ်တော်၊ အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဟာ ရခိုင်ပြည်နယ်ခရီးစဉ်ကို နိုဝင်ဘာ(၁၇)ရက်ကနေ (၁၉)ရက်အထိ (၃)ရက်ကြာ သွားရောက်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ န
ိုဝင်ဘာလ(၁၈)ရက်မှာတော့ အထူးကိုယ်စားလှယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ (၂၀၂၀)ရွေးကောက်ပွဲ အခြေနေတွေ စတဲ့အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။
ဒေါ်ဥမ္မာလှိုင်နှင့် မှုခင်းဆရာဝန်ကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှု ယနေ့ ထူးခြားမည်
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် မှုခင်းဆရာဝန်တို့ကို စစ်ဆေးမည့် ယနေ့ ဗစ်တိုးရီးယားအမှု ရုံးချိန်းတွင် ၎င်းတို့၏ ထွက်ဆိုချက်များ
သည်။
မင်းကွန်းမြို့အနီး ငလျင်တစ်ခုလှုပ်ခတ်
နိုဝင်ဘာလ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၄၂)မိနစ်၊ (၅၈) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကွန်းမြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆.၀၁)ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မ
ိုးဇလက သတင်းထုတ်ပြန်ထားသည်။
ပြည်သူတစ်ယောက်ချင်းစီတိုင်းက ပြည်ထောင်စုကိုလိုလားမှ စစ်မှန်သော ပြည်ထောင်စုပေါ်ထွက်နိုင် အများပြည်သူ၏ ထောက်ခံမှု မရှိဘဲ မည်သည့်လုပ်ငန်းမှ ရေရှည်မအောင်မြင်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပြည်သူတစ်ယောက်ချင်းစီတိုင်းက ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ပြည်ထောင်စုကိုလိုလားမှ စစ်မှန်သော ပြည်ထောင်စုပေါ်ထွက်နိုင် ကြောင်းနှင့် အများပြည်သူ၏ ထောက်ခံမှု မရှိဘဲ မည်သည့်လုပ်ငန်းမှ ရေရှည်မအောင်မြင်နိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမြို့တော်ခန်းမ၌ ရှမ်းပြည် နယ်အတွင်းရှိ မြို့နယ်များမှ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် မနေ့ကတွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စီမံကိန်းကော်မတီက ကွင်းဆင်းစစ်ဆေးပြီး အဆင့်ဆင့်တင်ပြသော်လည်း တောင်သူများအတွက်ဘာမှထူးမလာဟုဆို
ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ ဘဏ္ဍာရေး ၊စီမံကိန်းနှင့်စီးပွားရေးကော်မတီက ကွင်းဆင်းစစ်ဆေးပြီး အဆင့်ဆင့်တင်ပြသော်လည်း တောင်သူများအတွက်ဘာမှထူးမလာကြောင်း ကော်မတီဥက္ကဌဖြစ်သူဒေါ်စန္ဒာမင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားလိုက်သည်။
Tuesday, November 19, 2019
ဘင်္ဂါလီပြဿနာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ခေါင်းဆောင်ဟောင်းဖန်တီး ခဲ့ကြောင်း ဟာစီနာပြောကြား
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီဒုက္ခသည်ပြဿနာကို ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇီယာရာမန်က အဓိကဖန်တီးခဲ့တဲ့ တရားခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ပိုင်းလေးဖွဲ့ဘက်က အချက်နှစ်ချက် သေချာရှင်းလင်းစွာသိမှ တရားဝင်ဆွေးနွေးပွဲတွေ ဆက် သွားမည်
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဘက်မှ အချက်နှစ်ချက်ကို သေချာရှင်း လင်းစွာသိမှသာ တရားဝင်ဆွေးနွေးပွဲတွေ ဆက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဦးဝှေ့တင်းကိစ္စ ကာလုံအစည်းအဝေးခေါ်ကာ နိုင်ငံ့ခေါင်းဆောင်များ အဖြေရှာရန်လိုအပ်
အေအေ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလ
ှယ် ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်ရေးကိစ္စနှ
င့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကာ နိုင်ငံ့ခေါင်းဆောင်များက အဖြေရှာရန်လိုအပ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်ေ
တာ်ကိုယ်စားလှ
ယ် ဦးကျော်ဇေယျက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးတွင်ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲလာမည်ဟု ကာချုပ် ပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးကိစ္စတွင် ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲ လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။
မြေဝယ်ယူရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်မည်
တိုင်းအစိုးရရောင်းမည့် မြေကွက်များအတွက် လျှောက်လွှာများ ရောင်းချခဲ့ရာ မြေဝယ်ယူ ရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။
ကချင်တိုက်ပွဲရှောင် ပြည်သူများကို စိတ်အားမငယ်ကြဖို့ နိုင်ငံတော် ဒုသမ္မတ (၂) တိုက်တွန်း
ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို စိတ်အားမငယ်ကြရန် နိုင်ငံတော် ဒုတိယသမ္မတ (၂) မှ အားပေး တိုက်တွန်းပြောဆိုခဲ့သည်။
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျဈေးသည်များကို အမှု ၁၅ မှုဖြင့် အမှုဖွင့်ထား
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျဈေးသည်များအပေါ် ၁၅ မှုဖြင့် အမှုဖွင့် ထားပြီး ဆက်လက်အမှုဖွင့်သွားရန်ရှိသေးကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဒုခေါင်းဆောင် ဦးစိုးလှိုင်ထံမှ သိရှိရသည်။
ပြည်နယ်ရုံးဆောက်ရန် လိုအပ်သည့်ငွေ ပြည်နယ်ဝန်ကြီးမှ ရန်ပုံငွေရှာဖွေပေးရန် အကူအညီတောင်းခံစာ လူမှုကွန်ယက်၌ ထွက်ပေါ်ပြီးနောက် ရုပ်သိမ်းလိုက်ကြောင်း ကချင်ပြည်နယ် NLD ဥက္ကဌ ပြောဆို
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်မည့် NLD အဆောက်အဦးအတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်နယ်ဝန်ကြီးမှ ရှာဖွေပေးရန် အကူအညီတောင်းခံသည့်စာသည် နိုဝင်ဘာ(၁၆)ရက်၌ လူမှုကွန်ယက်၌ ထွက်ပေါ်လာပြီးနောက် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်နယ် NLD ပါတီဥက္ကဌ ဦးမြသိန်းက ပြောဆိုလိုက် သည်။
Monday, November 18, 2019
S-400 ဝယ်ယူရန် အိန္ဒိယက ကြိုငွေ ဒေါ်လာသန်း ၈၀၀ ပေးထား
ရုရှားလေကြောင်းကာကွယ်ရေးစနစ် S-400 ကို ဝယ်ယူဖို့ အိန္ဒိယက ကြိုငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးချေထားပြီးဖြစ်တယ်လို့ ရုရှားက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
အောင်ကြီးရှေ့နေအား တရားစွဲထားသည့်အမှု လာမည့် ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ကို စစ်ဆေးမေးမြန်းမည်
နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် တရားခံ အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
လသာမြို့နယ်တွင် လမ်းဘေးပလက်ဖောင်းကို သန်း ၈ဝ ကျော် အကုန်အကျခံ၍ ပြည်သူများ အပန်းဖြေနိုင်ရန် ပြုပြင်ဆောင်ရွက်နေ
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် အများပြည်သူအပန်းဖြေနေရာ ဖြစ်ပေါ်လာစေရေးအတွက် လူသွားစင်္ကြံ (ပလက်ဖောင်း)အား တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်း လသာမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က News Watch သို့ ပြောသည်။
လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ TNLA အကြမ်းဖက်သောင်းကျန်းသူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ထား
လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ထားသည်။
မြေတစ်ကွက်ကို သိန်း၁၀၀ ဈေးလျှော့ရောင်းပေးမည်ဟုနေပြည်တော်စည်ပင်ကြေညာ လျှောက်လွှာ ဝယ်ယူစရာမလိုဘဲ online မှတဆင့်လျှောက်နိုင်
နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဒက္ခိဏသီရိ မြို့နယ် အတွင်းရှိ မြေကွက်ပေါင်း ၁၉၇ ကွက်ကို ယခင်ပေါက်ဈေးများထပ် သိန်းတစ်ရာလျော့ရောင်းပေးမည်ဟု ကြေညာသည်။
နိုင်ငံရေးတစ်ဖက်စွန်းရောက်စကားတွေမပြောကြဖို့ ဒီမိုကရက်တွေကို အိုဘားမား သတိပေး
(၂၀၂၀)အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲတွေေလုပ်တဲ့နေရာမှာ နိုင်ငံရေးတစ်ဖက်စွန်းရောက် တဲ့စကားတွေမပြောကြဖို့ သမ္မတဟောင်းဘားရတ်အိုဘားမားရဲ့သတိပေးချက်ကို ရွေးကောက်ပွဲဝင်အရွေးခံမယ့် ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေက တုံ့ပြန်ခဲ့ကြပါတယ်။
AAအဖွဲ့အနေဖြင့် ဦးဝှေ့တင်းကိစ္စကို စကားအများကြီးမပြောဘဲ အလုပ်နှင့်သက်သေပြရန် NLD တိုက်တွန်း
AAအဖွဲ့အနေနဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး စကားတွေအများကြီးမပြောဘဲ အလုပ်နဲ့သက်သေပြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲနှင့် အကြမ်းဖက်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း တို့ကို တက်ရောက်ရန် ထွက်ခွာ
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)နဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အကြမ်းဖက် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)တွေကိုတက်ရောက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချ
ုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ(၁၇)ရက် မနက်ပိုင်းက ရန်ကုန်မြို့ကနေ ထွက်ခွာခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
မန္တလေး မဟာမုနိ ဘုရားကြီးတွင် ပန်းမွေ့ရာ ပူဇော်ပွဲ ကျင်းပ
မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ပန်းပွင့်အရေအတွက် (၁၀)သိန်းကျော်ဖြင့် အလှဆင် ကပ်လှူပူဇော်သည့် ပန်းမွွေ့ရာ ပူဇော်ပွဲကို နိုဝင်ဘာ(၁၇)ရက် ညနေပိုင်းက စတင်ကာ ယနေ့ ညနေပိုင်းအထိ ကျင်းပမည်ဖြစ်သည်။
ထိုင်းနိုင်ငံစစ်လက်နက်ပြပွဲတွင် မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်များ ပထမဦးဆုံးအကြိမ်ပါဝင်ပြသ
ထိုင်းနိုင်ငံ IMPACT ပြခန်းနဲ့ ကွန်ဗင်းရှင်းစင်တာမှာ Defense and Security 2019 ပြပွဲအခမ်းအနားကို နိုဝင် ဘာ ၁၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တပ်မတော် ကပစထုတ် MA Series အသစ်တွေနဲ့ MAS အသစ်တွေကို ပြသသွား မှာဖြစ်ပါတယ်။
အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော
ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရာ လွယ်ကူချောမွေ့မှုအရှိဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်း၌ ပါဝင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် NLD အစိုးရ အမည်ပြောင်း
ယခင်အစိုးရများ၌ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ကို အမျိုးသားနေ့အဖြစ် ကျင်းပခဲ့ကြသော်လည်း NLD အစိုးရလက်ထက်၌ အမျိုးသားအောင်ပွဲနေ့အဖြစ် အမည်ပြောင်းလဲခဲ့သည်။
‹
›
Home
View web version