Friday, August 30, 2019
မြန်မာဟက်ကာအဖွဲ့များ ထိုင်းအုပ်ချုပ်ရေး Website (၃၀)ကျော်အား စတင်တိုက်ခိုက်

လိပ်ကျွန်းလူသတ်မှုအတွက် စွတ်စွဲခံထားရတဲ့ ဝင်းနဲ့ဇော်ဟာ မနေ့က အယူခံတွင် သေဒဏ်ထက်မံ ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။ ထို့ကြောင့် Union Of Underground Myanmar Hackerလို့ခေါ်တဲ့ မြန်မာဟက်ကာအဖွဲ့များပောင်းစည်းထားတဲ့အဖွဲ့ကြီးက ထိုင်းနိုင်ငံကို ဆိုက်ဘာစစ်ပွဲတိုက်ခိုက်မယ်လို့ မနေ့ကစတင်ကြောငြာခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တရားရုံးမှ အကြီးတန်းစာရေး(ဘိလစ်စာရေး) ဦးဌေးဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုကိကြောင်း ဩဂုတ်လ( ၃၀ )ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားသမ္မတမွန်းဂျေအင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ထိပ်တန်းဘဏ်အကြီးအကဲကြီးများ လိုက်ပါလာမည်

တောင်ကိုရီးယားနိုင်ငံ၏ အဓိကစီးပွားရေးဘဏ်ကြီးများမှ အကြီးအကဲများသည် တောင်ကိုရီးယားသမ္မတ၏ အာရှ သုံးနိုင်ငံခရီးစဉ်တွင် သမ္မတ၏ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လာမည့်သတင်းပတ်တွင် မြန်မာနိုင်ငံသို့ လိုက်ပါကြမည်ဟု သိရသည်။
Wisdom Hill ကျောင်းကိုစစ်ဆေးရာ နေရာလွဲမှားဖွင့်သည့်ပြစ်ချက်တခုသာ တွေ့ရှိဟု အခြေခံပညာညွှန်ချုပ် ပြော

Wisdom Hill ကျောင်းအား စစ်ဆေးခဲ့ရာတွင် နေရာလွဲမှားဖွင့်ထားသည့် အခြေအနေတခုသာရှိပြီး ကျန်သည့်ကိစ္စရပ်များမရှိကြောင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
အခြေခံပညာကျောင်း ဆရာ/ဆရာမ ဦးရေ ၁၄၀၀၀ အမြန်ခန့်ရန် လိုအပ်နေ

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာအဆင့် သင်ကြားပေးနိုင်ရန် ဆရာ/ဆရာမ ဦးရေ ၁၄၀၀၀ လောက် အရေးတကြီး လိုအပ်နေတယ်လို့ အခြေခံပညာဦးစီးဌာနက ပြောပါတယ်
ဂူဂဲနှင့် ယူဘားကုမ္ပဏီ အင်ဂျင်နီယာဟောင်း ခိုးမှုဖြင့် စွဲချက်တင်ခံရ

ဂူဂဲနှင့် ယူဘားကုမ္ပဏီ၏ ဝါရင့်အင်ဂျင်နီယာဟောင်း တစ်ဦးသည် ကားနည်းပညာ လျှို့ဝှက်ချက်များကို ခိုးယူထားကြောင်း ဂူဂဲအပိုင်ဖြစ်သည့် အယ်ဖာဘတ် လုပ်ငန်းစုက စွပ်စွဲကာ ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုများကို အမေရိကန်တရားရေးဌာနသို့ တင်သွင်းထားကြောင်း သိရသည်။
ပင်လယ်ပြင်ကို ဦးရှင်ကြီး ပိုင်သည်ဆိုသည့် ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်

ပင်လယ်ပြင်ကို ရေလုပ်သားများမပိုင်ဘဲ ရေငန်ပိုင်ဦးရှင်ကြီး ပိုင်သည်ဆိုသည့် ကိုယ်စားလှယ်၏ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း အမျိုးသားလွှတ် တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
လှိုင်သာယာတွင် အလုပ်သမား ၂၅၀၀ ကျော် ဆန္ဒပြတောင်းဆို

မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ အလုပ်သမားဦးစီးဌာနများမှ ဆောင်ရွက်မှုများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီပါက အစိုးရတာဝန် ရှိသူများ၊ ၀န်ကြီးဌာန တာဝန်ရှိသူများက လျင်မြန်စွာ စည်းကြပ်တည့်မတ်ပေးရန် လှိုင်သာယာတွင် အလုပ်သမား၂၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။