ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉- စ ကို ယာယီဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်လို့ ရာနှုန်းပြည့် မျှော်လင့်တဲ့အကြောင်း ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဒီနေ့ ပြောလိုက်ပါတယ်။
Friday, December 18, 2015
NCA တွင် လက်မှတ်မထိုးမှုအပေါ် အထင်မလွဲရန်တိုင်းရင်းသားခေါင်းဆောင်များကို ဒေါ်စု ရှင်းပြ
NCAစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့်အပေါ် တိုင်းရင်းသားများအနေဖြင့် အထင်မလွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ရက်က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ရှင်းပြခဲ့သည်။
အိုင်အက်စ်တို့၏ ငွေဝင်လမ်းကြောင်းကို ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက် ကုလ တညီတညွတ်တည်း အတည်ပြု
အိုင်အက်စ်အကြမ်းဖက်အုပ်စုအား ဒဏ်ခတ်ပိတ်ဆို့မှုများကို အဆင့်မြှင့်၍ ၀င်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလလုံခြုံရေးကောင်စီမှ ဘဏ္ဍာရေးဝန်ကြီးများက ဒီဇင်ဘာ ၁၇ရက် နေ့တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြ သည်။
လူ ၂၀ သေဆုံးခဲ့သည့် မုန်တိုင်းဒဏ်သင့်ခဲ့ရာ ဖိလစ်ပိုင်သို့ နောက်မုန်တိုင်း တစ်ခုချဉ်းကပ်လာနေ
ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်း မယ်လာ၏ ဒဏ်ကြောင့် နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမှုများ ကြုံတွေ့နေရစဉ် နိုင်ငံတောင်ပိုင်းသို့ ဒီဇင်ဘာ ၁၈ ရက်တွင် နောက်မုန်တိုင်းတစ်ခု ဝင်တိုက်မည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရသည့် မယ်လာတိုင်ဖုန်းမုန်တိုင်းက တောင်တရုတ်ပင်လယ်အတွင်း ရွေ့လျားသွားပြီးချိန် ဒေသအခေါ် အွန်ယော့ အပူပိုင်းလေဖိအားနည်းရပ်ဝန်းက မင်ဒါနာအို တောင်ပိုင်း ကျွန်းသို့ ဦးတည်လာလျက်ရှိနေသည်။
ဖားကန့်တွင် ကျောက်စိမ်းသယ် ယာဉ်များကို တားဆီးသူ ဆန္ဒပြခေါင်းဆောင် ၇ ဦးအား ကေအိုင်အေတပ်ရင်း ၆ က ခေါ်ဆောင်သွား
ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်းခွင်သုံး မြေစာတင် မော်တော်ယာဉ်များ အပါဝင် ယာဉ်ကြီးများ မြို့အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် ဆန္ဒ ဖော်ထုတ်သူ ခေါင်းဆောင် ၇ ဦးကို ဒေသတွင်းတွင် လှုပ်ရှားနေသည့် ကေအိုင်အေ တပ်ရင်း ၆ က ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဖားကန့် ဒေသခံ မြို့မျက်နှာဖုံးတစ်ဦးက ပြောသည်။
တရားမ၀င် သစ်ထုတ်လုပ်မှုများ ကာကွယ်တားဆီးခြင်း စီမံကိန်းကို အမှန်တကယ် ထိရောက်အောင် မဆောက်ရွက်နိုင်သေးဟု ဆို
အမျိုးသားစီမံကိန်းတွင် တရားမ၀င် သစ်ထုတ်လုပ်မှုများ ကာကွယ်တားဆီးခြင်း စီမံကိန်း ထည့်ထားသော်လည်း အမှန်တကယ် ထိရောက်အောင် မဆောင်ရွက် နိုင်သေးကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ချမှတ်ထားသည့် ဥပဒေများ အတိုင်း နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
အကြမ်းဖက်တဲ့ လင်မယားကို သချိုင်္င်းတွေ လက်မခံ
အမေရိကန်နိုင်ငံ San Bernardino မှာ အကြမ်းဖက်မှု လုပ်ခဲ့တဲ့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အလောင်းကို သင်္ချိုင်းကုန်းတွေက လက်မခံတဲ့အတွက် အခုအခါမှသာ သဂြိုလ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု လုပ်ခဲ့တဲ့ ဇနီးမောင်နှံကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး သူတို့ကိုလည်း ရဲတွေက ပစ်သတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အတွေ့အကြုံ ပါတီတွေ ဆွေးနွေးဖလှယ်
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ကို ဆွေးနွေးဖလှယ်တဲ့ အခမ်းအနားမှာ နိုင်ငံရေးပါတီငယ်တွေက ရန်ပုံငွေ အခက်အခဲရှိခဲ့တာတွေ ဆွေးနွေးခဲ့ ကြပါတယ်။အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်အခြေစိုက် Danish Institute for Parties and Democracy (DIPD) က ဦးစီးပြီး ရန်ကုန်မြို့ Novotel Hotel မှာ နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။
NLD ပါတီ အနိုင်ရရေး မဲဆွယ်ပေးခဲ့သော ဆိုက်ကားဆရာများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနိုင်ရရေးအတွက် ဝိုင်းဝန်းမဲဆွယ် စည်းရုံးပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိုက်ကားဆရာများကို တွေ့ဆုံမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် NLD အနိုင်ရအမတ် ဦးထွန်းမြင့်က ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မည်သည့်နေရာတွင် ပြုလုပ်မည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိသေးပေ။
NLD နဲ့ ခရိုနီ
ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က နိုင်ငံအကျိုးအတွက် အကူညီ ပေးမှုတွေကို ကြိုဆိုရမှာဖြစ်သလို ဒီခရိုနီတွေကို တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိတဲ့ လုပ်ငန်း ရှင်တွေဖြစ်အောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။
NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုဆွေးနွေး
ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့ကကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ခရစ္စမတ် လက်ဆောင်ပေးကြသလို ရယူဖို့ထက် အပြန်အလှန် ပေးဆပ်ပြီးပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။
မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေး Police Commad Centre နှင့် ချိတ်ဆက်စောင့်ကြည့်နိုင်
မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်နိုင်ရန် CCTV ကင်မ ရာများတပ်ဆင်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre မှ ချိတ်ဆက် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။မန္တလေးမြို့တွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို အရေးယူဆောင်ရွက်နိုင်ရေး နိုဝင်ဘာ တတိယပတ်ခန့်မှစတင် ၍ CCTV ကင်မရာအလုံး ၄၀ ခန့် တပ်ဆင်ပြီးစောင့်ကြည့်အရေးယူ နေပြီဖြစ်သည်။
‘‘ဒီးဒီက အမျိုးသမီးထုအကုန်လုံးကို ရည်စူးထားတာ။ အမေစုက အမျိုးသမီးတွေထဲမှာ တကယ့်ကို Heroဆိုတော့ အမေစုလည်းပါတာပေါ့’’ စန္ဒီမြင့်လွင်နှင့်တွေ့ဆုံခြင်း
သရုပ်ဆောင်ဘက်တွင် ပရိသတ်အသိအမှတ်ပြုမှုရရှိနေသကဲ့သို့ ဂီတဘက်တွင်လည်း တစ်ကိုယ်တော်စီးရီးသုံးခွေထွက်ရှိထားသည်အထိ အောင်မြင်မှုရရှိထားသည့် စန္ဒီမြင့်လွင်က ၎င်း၏ စတုတ္ထတစ်ကိုယ်တော်အခွေ 'Queen'ကို မကြာမီရက်ပိုင်းအတွင်း စတင်ဖြန့်ချိပေးတော့မည်ဖြစ်သည်။ ထို့အပြင် လာမည့် ၂၀၁၆ ဖေဖော်ဝါရီ တွင်လည်း ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်သောကြောင့် စန္ဒီမြင့်လွင်ကို ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်းနှင့် 'Queen' တေးစီးရီး အမည်ပေးဖြစ်ပုံတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသူ ၂ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ကိုသူဇော် ကြည်ဝင်းနှင့် နိုင်ဇော်ကြည်ဝင်းတို့ကို ရန်ကင်းတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ “သူတို့ ၂ ဦးကို တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်။ ရွှေပြည်သာမှာဖြစ်တဲ့ ကိစ္စအရပေါ့” ဟု ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။
'ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလို ချင်ဘူး'ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဒီဇင်ဘာ၁၇ရက်ညနေ၅နာရီခန့်တွင်လွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တို့ စည်ပင်ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံ ခဲ့ပြီး ''ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလိုချင်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် သည်။ဒေါ်အောင်ဆန်းစုကြည်မှ ''မလို လားအပ်တဲ့ ၀န်ကြီးဌာနတွေပေါင်းဖြစ် မယ်။ အချို့ဝန်ကြီးဌာနတွေမှာ ၀န်ထမ်း တွေ ဖောင်းပွနေတယ်။ ၀န်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက သေသေချာချာ စစ်ဆေးရမယ်။
ဘယ်အစိုးရတက်တက် ခရိုနီတွေ လက်ခမောင်းခတ်နေဦးမှာပဲ
“ခရိုနီဆိုတဲ့ စကားလုံးရဲ့အဓိပ္ဗါယ်ကို ဘယ်သူကမှလည်း သေသေချာချာ မဖွင့်ခဲ့သေးဘူး။ အဲဒါကို အန်တီ သတိထားမိပါတယ်။ အန်တီတို့ကတော့ အဂတိတရားကင်းစင်တဲ့အစိုးရ ထူထောင်မယ်လို့ ပြောထားပြီးသားပါ” ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အလို၊ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးပြုလုပ်တဲ့ နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ နေရာကတော့ တက္ကသိုလ်ရိပ်သာ လမ်း ခြံအမှတ် ၅၄ သူမရဲ့ နေအိမ်ခြံဝင်းအတွင်းမှာဖြစ်ပြီး အဲဒီနေ့က နာမည်ကျော် မြန်မာသူဌေးကြီးတဦးဖြစ်တဲ့ မိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်လည်း ခြံထဲမှာ ရှိနေခဲ့ပါတယ်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူး လုပ်ကွက်ယာဉ်များ သွားလာမှု ဆန္ဒ ပြသူများကို ကေအိုင်အေ/ကေအိုင်အိုမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပေါ်ခဲ့ ကြောင်း သတင်းများထွက်ပေါ်
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူး လုပ်ကွက်ယာဉ်များ သွားလာမှု ဆန္ဒပြသူများကို ကေအိုင်အေ/ကေအိုအိုမှ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဖားကန့်ဒေသတွင် ရွေးကောက်ပွဲပြီးနောက်ပိုင်း လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းအတွင်း ဖားကန့်ဒေသတွင် မြေသယ်ကားကြီးများ၊ စက်အင်အား ယန္တရားများ အဆမတန် တိုးချဲ့မှု၊ အရှိန်အဟုန်ဖြင့် ကျောက်စိမ်းတူဖော်မှု၊ ကျောက်စိမ်းတူးဖော်မှု လုပ်ကွက်နှင့် ကျေးရွာရပ်ကွက်များအတွင်း ယာဉ်များဝင်ရောက်မှုအပေါ် ဒေသခံများက တားဆီးကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းများ ပေါ်ပေါက်ခဲ့သည်။
ခြိမ်းခြောက်ငွေညှစ် အရှုပ်တော်ပုံနှင့် ပတ်သက်၍ အင်ဒိုနီးရှား ပါလီမန် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်
အမေရိကန် သတ္တုတွင်း ကုမ္ပဏီကြီး တစ်ခုထံမှ ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲချက်များ ရင်ဆိုင်နေရသော အင်ဒိုနီးရှား ပါလီမန်ဥက္ကဋ္ဌသည် ဒီဇင်ဘာ ၁၆ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ရာ အင်ဒိုနီးရှား၌ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး နိုင်ငံရေး အရှုပ်တော်ပုံတစ်ခု ဖြစ်လာခဲ့သည်။
ဝန်ထမ်းများ အနေဖြင့် စိတ်အေးလက်အေး နေရန်နှင့် ဖြုတ်ထုတ်သတ် လုပ်ရန် လုံးဝ ၀ါသနာမပါကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၀န်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဝန်ထမ်းများအနေဖြင့် စိတ်အေးလက်အေးဖြင့် နေရန်နှင့် ဖြုတ်ထုတ်သတ် လုပ်ရန်ကို လုံးဝ ၀ါသနာ မပါကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှ တာဝန်ရှိ၊ ၀န်ထမ်းများနှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက စည်ပင် ဧည့်ရိပ်သာဝင်းအတွင်း၌ တာဝန်ရှိသူများ၊ စည်ပင်ဧည့်ရိပ်သာမှ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
Thursday, December 17, 2015
“၀” က အစိုးရသစ်ထံ ကိုယ်ပိုင်ပြည်နယ် တောင်းမတဲ့လား ?
လက်ရှိအစိုးရလက်ထက်မှာ ထပ်တလဲလဲတောင်းဆိုနေတဲ့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရြ ပည်နယ်ရရှိရေးကို “၀” ခေါင်းဆောင်တွေက လက်မလျှော့ဘဲ အစိုးရသစ်တက်လာတာနဲ့ တောင်းဆိုမယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါပြီ။ “၀” ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ခွန်ထွန်းလူက “ ကျွန်တော်တို့ကတော့ အစိုးရသစ်လက်ထက်မှာ ဒီကိစ္စကို ဆက်လက်တောင်းဆိုသွားမှာပါ၊ သတ်မှတ်ပေးတာ၊ မပေးတာကတော့ နိုင်ငံတော်ရဲ့ အပိုင်းပေါ့ ” လို့ 7 Day Daily သတင်းစာကို ပြောကြားသွားတာ ဖြစ်ပါတယ်။ “၀” ကိုယ်ပိုင်ပြည်နယ်ရရှိရေးကို “၀”ခေါင်းဆောင် တွေဟာ တပ်မတော်က နိုင်ငံ့တာဝန်ယူချိန်တုန်းက လည်းတောင်းတယ်၊ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက် လာတော့လည်း တောင်းတယ်၊ အခု အစိုးရသစ်လက်ထက်မှာ တောင်းဖို့ပြင်ဆင်နေပြန်တယ် ။ “၀” ရဲ့ နည်းလမ်တွေကို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေက သံယောင်လိုက်နေတာကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်။
လိပ်ကျွန်း လူသတ်မှု အမိန့်ချရန် ၇ ရက်သာ လိုတော့သည်
ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှု အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စီရင် ချက် အမိန့်ချမှတ်တော့မည်ဖြစ်သည်။လူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့အား စွပ်စွဲထားသည့် ပုဒ်မများသည် ခိုင်မာသည့် မျက်မြင်သက်သေအထောက်အထား မတွေ့ရ၍ တရားသေလွတ်မြောက်နိုင်ဖွယ် ရှိကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီ ကို ပြောသည်။
အစိုးရသစ် လက်ထက် အမျိုးသမီးဝန်ကြီးဌာန ထားရှိရေး ဆွေးနွေး
လာမည့်အစိုးရသစ်လက်ထက်၌ အမျိုးသမီးဝန်ကြီးဌာနထားရှိရန် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများက အကြံပြု ဆွေးနွေးမှု ပြုလုပ်သည်။နေပြည်တော်၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပသည့် “ရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်မှုအား လေ့လာတွေ့ရှိချက်များကို ဆွေးနွေးတင်ပြခြင်းနှင့် ပါတီစုံ စကားဝိုင်း”တွင် အကြံပြုဆွေးနွေးခြင်း ဖြစ်ကြောင်း အမျိုးသမီး ကိုယ်စားလှယ်များက ပြောသည်။
အောက်ခြေပါတီဝင်တွေကို မေ့မသွားဖို့ အနိုင်ရအမတ်များကို NLD သတိပေး
အနိုင်ရအမတ်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်များမှ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များ၊ ရပ်/ကျေးအဖွဲ့များ၊ ပါတီဝင်များနှင့် ကင်းကွာမနေဘဲ အမြဲတမ်း ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေးပြောဆိုလိုက်သည်။
ဒီချုပ်အစိုးရဖွဲ့ပြီးပါက NCA လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များနှင့် အမြန်ဆုံးတွေ့ဆုံမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့စည်းပြီးပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အမြန်ဆုံးတွေ့ဆုံမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်ကပြောသည်။
ရငွေလျော့ကျပြီး သုံးငွေပိုများကြောင်း ဘဏ္ဍာရေးဝန်ကြီး ရှင်းလင်း
ယခု ဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတွင် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ရငွေလျော့နည်းခဲ့ပြီး သုံးငွေပိုများကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောသည်။
ကမ္ဘောဇ ကုမ္ပဏီ နှင့် စင်္ကာပူ Stirling Colenman လုပ်ငန်းစု စတော့ ဈေးကွက် လုပ်ကိုင်မည်
စီးပွားရေးလုပ်ငန်းကြီးအများစုကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဇ(KBZ)ကုမ္ပဏီများ အုပ်စုက စင်္ကာပူကုမ္ပဏီနှင့်ပူးပေါင်းပြီး ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်အတွင်း ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စု၏ အကြီးတန်း ဒါရိုက်တာ ဦးညိုမြင့် က ပြောသည်။





































