Friday, November 06, 2015
စွပ်စွဲရေးသားသည့် မီဒီယာများ ဥပဒေ၏ အဆုံးအဖြတ် ခံယူရမည်ဟု မဘသ ပြော
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ကြီး အပေါ် ထင်ယောင်ထင်မှား ဖြစ်စေမည့် အခြေအမြစ်ခိုင်မာမှုမရှိသော သတင်း များကို ရေးသားဖော်ပြကြသည့် လူမှုကွန်ယက်များ၊ အွန်လိုင်း၊ ပုံနှိပ်သတင်း ဌာနများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်ဖြေ ရှင်း ခြင်းမပြုပါလျှင် မည်သူမဆို ဥပဒေ၏ အဆုံးအဖြတ်ကို ခံရမည်ဖြစ် ကြောင်း မဘသအဖွဲ့(ဗဟို) က နိုဝင်ဘာ ၄ ရက်နေ့စွဲဖြင့် သဘောထားထုတ် ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ အမတ်လောင်းများ
လွှတ်တော်ထဲရှိ တစ်သီးပုဂ္ဂလအမတ်များ၊ ရွေးကောက်ပွဲဝင်မည့် တစ်သီးပုဂ္ဂလ အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြလိုက်ပါသည်။ တချို့မှာ နိုင်ငံရေးပါတီတစ်ခု၏ လက်အောက်ခံ မဖြစ်လိုသောကြောင့် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ခံကြသည်။ တချို့ကလည်း ပါတီအမတ် လောင်းအဖြစ် ရွေးချယ်ခြင်း မခံရသဖြင့် ပါတီ အပြင်ဘက် ထွက်ပြီး တစ်သီး ပုဂ္ဂလအဖြစ် ရွေးချယ်ခံကြခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေရဲ့ မဲ မရဘဲနဲ့ အင်န်အယ်လ်ဒီ သမ္မတ မဖြစ်နိုင်ဘူး”
ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လွှတ်တော်၊ မာန်အောင် ကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)တို့ပြီးလျှင် ရခိုင်ပြည်နယ်တွင် အင်အားအကြီးမားဆုံး ပါတီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အတွက် ၂၉ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၃၄ နေရာ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
“သူရဦးရွှေမန်း ကံကြမ္မာ ဘာဖြစ်လာနိုင်သလဲ”
နိုဝင်ဘာ ၄ ရက်နေ့ တစ်နေ့လုံး ပြည်တွင်းသတင်းဌာနတွေကို အလုပ်ရှုတ် သွားစေတဲ့ သတင်း တစ်ပုဒ်ကတော့ အရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ ဟောင်း၊ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဖြူးမြို့ နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် အမတ်လောင်း သူရဦးရွှေမန်းကို သူ့ပါတီက ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်း အင်တာနက် စာမျက်နှာ မှာပေါ်ထွက်လာပြီးနောက် သတင်းဌာန အသီးသီးဟာ သက်ဆိုင်ရာ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးခေါင်း ဆောင်တွေ ဆီကနေ သတင်း မှန်မမှန် အတည်ပြုချက်ရဖို့ ကြိုးစားခဲ့ကြပါတယ်။
တိုင်းရင်းသားအားလုံး NCA လက်မှတ်ရေးထိုးရန် ကရင်ပြည်သူနှင့် နိုင်ငံရေးပါတီအချို့လိုလား
လက်ရှိ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့အကြား ပြုလုပ်နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)တွင် တိုင်းရင်းသားအား လုံး ပါဝင်လက်မှတ်ရေးထိုးရန် လိုလားကြောင်း နိုဝင်ဘာလ ၃ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့၌ ပြုလုပ်သည့် NCA လက် မှတ်ရေးထိုးမှု ထောက်ခံကြိုဆိုပွဲ အခမ်းအနားတွင် မြ၀တီမြို့နယ်ရှိ ကရင်လူထုနှင့် ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်အချို့ က ပြောဆိုလိုက်သည်။
ကျောင်းသားခေါင်းဆောင်တွေ လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ဒုတိယ ဥက္ကဌ ကိုလင်းထက်နိုင်ကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့နဲ့ AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဖိအားမကြောက်ဖို့ မဲရုံးမှူး ဆရာ/ဆရာမတွေကို နိုင်ငံလုံး ဆိုင်ရာ ဆရာ/ ဆရာမများအဖွဲ့ချုပ် ပန်ကြား
ရွေးကောက်ပွဲနေ့မှာ မဲရုံးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ရမယ့် နယ်ပယ်အသီးသီးက ဆရာ/ဆရာမတွေအနေနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်တဲ့အခါမှာ ဘယ်လို ဖိအားမျိုးကိုမှ မကြောက်ကြဖို့နဲ့ အခက်အခဲ အကြပ်အတည်းဖြစ်လာရင် ဆက်သွယ်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ပန်ကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရဖွဲ့နိုင်ရေးသူရဦးရွှေမန်းကူညီမည်ဟုဆို
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရဖွဲ့နိုင်ရေးအတွက် မိမိကူညီမည်ဟု သူရဦးရွှေမန်းကပြောဆိုလိုက် ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြလိုက်သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ၎င်း၏ဖြူးမဲဆန္ဒ နယ်အတွင်းရွေးကောက်ပွဲအောင် နိုင်ရေးမဲဆွယ်စည်းရုံးမှုအပြီး ရိုက်တာသတင်းဌာနနှင့်တွေ့ဆုံရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာက နိုဝင်ဘာ ၅ရက်ကရေးသားဖော်ပြ ခဲ့သည်။
နေတိုးနဲ့ ရုပ်ရှင်တွဲရိုက်မယ့် ဗီယက်နမ် မင်းသမီး
ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် သရုပ် ဆောင် နေတိုးတို့ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်မည့် မီဒီယာတွေ့ဆုံပွဲ၌ စတင်မိတ် ဆက်ပေးမည်ဖြစ်ကြောင်း Myanmar Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြောသည်။
မဲစာရင်းများ မှားယွင်းရခြင်းမှာ ပါတီကြီးတစ်ခု၏ ဝေဖန်ပြစ်တင်မှုကြောင့်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆို
မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ငံရေးပါတီ များက မဲဆန္ဒရှင်များအား စည်းရုံးမှုမပြုခဲ့သောကြောင့်ဖြစ်ပြီး စက် တင်ဘာအတွင်း မဲစာရင်းများ နိုင်ငံတစ်ဝန်း ကြေညာခဲ့စဉ်က လည်း ပါတီကြီးတစ်ခု၏ ဝေဖန် ပြစ်တင်မှုကြောင့် လာရောက် ကြည့်ရှုသူများ နည်းပါးခဲ့၍ မဲစာ ရင်းအမှန်မရခဲ့ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က တရားဝင်ထုတ်ပြန်ကြေ ညာသည်။
ပြည်မြို့တွင် ပါတီကြီးနှစ်ခု နောက်ဆုံး မဲဆွယ်စည်းရုံးစဉ် ထောက်ခံသူများ အားပေးပြိုင်ဆိုင်မှု ပြင်းထန်
ပြည်မြို့တွင် အင်အား ကြီးပါတီကြီးနှစ်ခုဖြစ်သည့် ဒီချုပ် ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် နိုဝင်ဘာ ၅ ရက်တွင် နောက်ဆုံး မဲဆွယ်စည်းရုံးခြင်းအဖြစ် လှည့်လည်မဲဆွယ်မှုများပြုလုပ်ခဲ့ ရာ ထောက်ခံသူများကလည်း အားပေးပြိုင်ဆိုင်မှုများ ပြင်းထန် ခဲ့သည်။
ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထား သလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရွေးကောက်ပွဲ ကျင်းပရန် နှစ်ရက်အလို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ၌ နိုဝင်ဘာ ၅ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတအထက်မှာ ရှိမယ်ဆိုတဲ့ ဒေါ်စု ကန် ပညာရှင် ဝေဖန်
လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို သူက လုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဟာ တရားဥပဒေစိုးမိုးရေး အယူအဆက သွေဖီ သွား တာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က သုံးသပ်ပြောကြားလိုက်ပါတယ်။ မီဒီယာတွေမှာ ဦးစားပေး တင်ပြနေကြတဲ့ ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်း စုကြည် ပြောကြားခဲ့တဲ့ အချက်ကို တုန့်ပြန် ပြီး ပါမောက္ခ Steinberg က အခုလိုသုံးသပ်လိုက်တာပါ။
လာအိုမှာ ကျင်းပမယ့် အာဆီယံ ညီလာခံ သမ္မတ အိုဘားမား တက်မည်
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ နောက်နှစ်ကျရင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်ဖို့ သွားရောက်မှာမို့ လာအိုနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ အမေရိကန်သမ္မတဖြစ်ပါလိမ့်မယ်။
ရွေးကောက်ပွဲနိုင်ရင် အစိုးရကို ဒေါ်စု ဦးဆောင်မည်
NLD အစိုးရဖွဲ့နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင် ကြီးကြပ် သွားမှာဖြစ်သလို၊ ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ခဲ့ ရင်တောင် ပြိုင်ဖက်တွေကို လုံးဝ အနိုင်ယူတာမျိုးမဟုတ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အစိုးရဖြစ်စေရမယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေ ပြဿနာရပ်တွေ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတယ် လို့လည်း ဝေဖန်ခဲ့ပါတယ်။
ကချင် တိုင်းရင်းသားမဲတွေ ဆုံးရှုံးမှာ ကိုယ်စားလှယ်လောင်းတွေ စိုးရိမ်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ အထူးများပြားပြီး၊ စစ်ဘေးရှောင်ဒုက္ခသည် တွေလည်း အမြောက်အများရှိနေတဲ့ ကချင်ပြည်နယ်လို ဒေသတွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒမဲ ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ကိုယ်စားလှယ် လောင်းတဦးက ပြောပါတယ်။
မဲဆန္ဒရှင်စာရင်းထဲ ပါသော်လည်း သက်သေခံကဒ်မရသူ ဦးရေများရှိ
ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဟိုယာကျေး ရွာအုပ်စု ဟိုယာကျေးရွာတွင် နောက်ဆုံးအကြိမ်ထုတ် မဲဆန္ဒရှင် စာရင်းထဲ ပါသော်လည်း သက်သေခံကဒ်မရသူ ဦးရေ(၃၀)ဝန်းကျင်ရှိကြောင်း သိရသည်။
Thursday, November 05, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း
ငါးနှစ်တစ်ခါ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် တစ်ပတ်ဝန်းကျင်သာ လိုတော့သည်။ မြင်သာသော ထောက်ခံမှု အနေအထားများအရ လွှတ်တော်သုံးရပ်ရှိ ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် နေရာများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရရန် ရေပန်းစားနေသည်။
ပါတီမှထုတ်ပယ်ခံရသည်ဆိုသော ကောလာဟလအပေါ် သူရဦးရွှေမန်း တုံ့ပြန်
ကျနော်က နိုင်ငံကောင်းအောင် ပြောင်းလဲစရာ ရှိတာတွေ ပြောင်းလဲပြီး တော့ အဲလိုပြောင်းလဲဖို့ ဆောင်ရွက်တဲ့နေရာမှာ အခြား မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့ မဆို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတဲ့ စကားကို ပြောပြီးတော့ လက်တွေ့ကျကျ ဆောင်ရွက်နေတာဟာ ကျနော် မှားသလား၊ မှန်သလား။
NLD က သမ္မတ ဘယ်သူပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှာက ဒေါ်အောင်ဆန်းစုကြည်ပဲ
ဆရာတို့ရဲ့ ၀ါဒက ဘာလဲဆိုတော့ ပြန်လည်သင့်မြတ်ရေး၊ သဟာဇာတ ဖြစ်ရေးနဲ့ အာဃာတ ကင်းစင် ရေးဆိုတော့ ဘယ်သူပဲ သမ္မတ ဖြစ်လာ ဖြစ်လာ ဒီမူကို ဆုပ်ကိုင်ထားတဲ့သူဆိုရင် ဆရာတို့ကတော့ သဘောတူမှာပဲ။ ဆရာ ဖြစ်မယ်ဆိုရင်လည်း ၀ိုင်းဝန်းပံ့ပိုးပြီးတော့ လုပ်ဆောင်ပေးရမှာပဲမြန်မာ့နိုင်ငံရေးတွင် အကြီးမားဆုံး အတိုက်အခံ အင်အားစုကြီးတခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ရေး ကြိုးစားလျက်ရှိရာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင် သော်လည်း အစိုးရအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်မည်ဟု ထုတ်ဖော် ပြော ဆိုထားသည်။
NLD သမ္မတလောင်း ဘယ်သူဖြစ်မလဲ
၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဲအပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် သမ္မတအဖြစ် ဘယ်သူ့ကိုလျာထား သလဲ၊ ဘယ်သူ့ကို တင်မြှောက်မလဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်စား လျက်ရှိပါတယ်။
မည်သူ့ကို သမ္မတလောင်းတင်မည်ကို မပြောချင်၍ မပြောချင်းသာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မည်သူ့ကို သမ္မတလောင်းတင်မည် ဆိုသည်ကို ထုတ်ဖော်မပြောခြင်းမှာ စိုးရိမ်မှုများကြောင့် မဟုတ်ဘဲ မပြောချင်၍ မပြောခြင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
NLD အစိုးရဖွဲ့နိုင်လျှင် ငြိမ်းချမ်းရေးလမ်းစဉ် အပြောင်းအလဲနှင့် လတ်တလော ကြိုတင်မဲကိစ္စ
NLD အနေဖြင့် ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရဖွဲ့နိုင်ခဲ့လျှင် လက်ရှိအစိုးရ၏ ငြိမ်းချမ်းလမ်းစဉ်မှ လက်ခံသင့်သည်များကို လက်ခံပြီး ပြောင်းလိုသည့် အပိုင်းများလည်း ရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက် နေအိမ်ခြံဝင်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောကြားလိုက်သည်။
ဗုံးကြောင့် ရုရှလေယာဉ် ပျက်ကျခြင်းဖြစ်ဖွယ်ရှိဟု အမေရိကန်နှင့် ယူကေပြော
အီဂျစ်နိုင်ငံ ဆိုင်နိုင်းကျွန်းတွင် လိုက်ပါသူ ၂၂၄ ဦးစလုံးသေဆုံးခဲ့သည့် ရုရှလေယာဉ်သည် ဗုံးပေါက်ကွဲမှုကြောင့် ပျက်ကျခြင်းဖြစ်ဖွယ်ရှိကြောင်း စုံစမ်းထောက်လှမ်းမှုများက ယူဆထားသည်ဟု အမေရိကန်နှင့် ဗြိတိန်တာဝန်ရှိသူများက ပြောသည်။သို့သော် တရားဝင် အတည်ပြုချက် မချနိုင်သေးကြောင်း ၎င်းတို့က ပြောသည်။ ဗြိတိန်က အစောပိုင်းက ဆိုင်နိုင်းကျွန်းသို့ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့သည်။ အိုင်အက်စ်တို့နှင့် ချိတ်ဆက် သည့် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ယင်းလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ကြေညာလာခြင်းအား အီဂျစ်က ငြင်းပယ်ထားသည်။
အကြမ်းဖက်ခံရမှုကိုလက်မခံသော်လည်းတုံ့ပြန်မည်မဟုတ်ဟုဦးနိုင်ငံလင်းပြောကြား
သာကေတမြို့နယ်အတွင်းမဲဆွယ်စည်းရုံးမှုများပြုလုပ်နေစဉ်ဓားဖြင့်ခုတ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက အကြမ်းဖက်ခံရမှုကိုလက်မခံသော်လည်း တုံ့ပြန်မည် မဟုတ်ကြောင်းဦးနိုင်ငံလင်းကပြောကြားသည်။
ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း Putin နံပါတ်တစ်
နာမည်ကျော် Forbes မဂ္ဂဇင်းကနေ မနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းထဲမှာ ရုရှားသမ္မတ Vladimir Putin က နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ထိပ်ဆုံးမှာရှိနေခဲ့တဲ့ ရုရှားသမ္မတ ပူတင်အနေနဲ့ သူ လိုချင်တာကို ရအောင်ယူတတ်သလို၊ လုပ်ချင်တာလုပ်ပေမဲ့ ဘာမှမဖြစ်တဲ့ အတွက် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်အနည်းငယ်ထဲမှာ တဦးအဖြစ်နဲ့ နံပါတ် ၁ ချိတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အမေရိကန် အခြေစိုက် Forbes မဂ္ဂဇင်းက ပြောဆိုထားပါတယ်။
မဲစာရင်းရေတွက်ချိန်တွင် မီဒီယာများ ဝင်ရောက်၍ကြည့်ခွင့်ရမည်မဲရုံအတွင်းသို့ ဝင်ရောက်ဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်မဟုတ်
ရွေးကောက်ပွဲနေ့ မဲစာရင်းများရေတွက်ချိန်တွင် မဲရုံအတွင်းသို့ သတင်းမီဒီယာသမားများဝင်ရောက်စောင့်ကြည့်ခွင့်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။ရွေးကောက်ပွဲတွင် သတင်း ယူမည့် သတင်းသမားများအနေ ဖြင့် မဲဆန္ဒရှင်များမဲပေးသည့်အချိန်တွင် မဲရုံအတွင်းသို့ဝင်ရောက် သတင်းရယူခွင့်မရှိသော်လည်း မဲ ပေးချိန်ပြီစီး၍ မဲများရေတွက်ချိန်တွင်မူ စောင့်ကြည့်ခွင့်ရရှိမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦး ဝင်းကြည်က ပြောသည်။
အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို
သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။
ပါတီမှ ထုတ်ပယ်လျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် သူရဦးရွှေမန်းပြော
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ဗဟိုကော် မတီဝင်သူရဦးရွှေမန်းအား ပါတီမှ ထုတ်ပယ်သည်ဟု သတင်းများကို ၎င်းအနေဖြင့် သိရှိခြင်းမရှိဘဲ ထုတ်ပယ်မည်ဆိုပါက ဥပဒေနှင့် အညီ လုပ်ဆောင်ရန် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
သမ္မတ ပါတီလုပ်ငန်း ဆောင်ရွက်နေမှု ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီချုပ် တိုင်ကြား
မဲဆွယ်စည်းရုံးရေးကာ လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေခြင်း အပေါ် လိုအပ်သလိုဆောင်ရွက် ပေးရန်ဟုဆိုကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်သို့ နိုဝင်ဘာ ၂ ရက် နေ့စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။
ရွေးကောက်ပွဲနေ့ မဲရုံတာဝန်ကျဆရာမများ၏ခံစားမှု
‘‘စိုးရိမ်တာက ရွေးကောက်ပွဲနေ့ကျရင် တကယ်မှန်မှန်ကန်ကန် လုပ်ရပါ့မလား၊ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲ၊ မဲရေတွက်တဲ့နေရာမှာကော မှန်မှန်ကန်ကန်ရေတွက်နိုင်မလား၊ အမှန်အတိုင်းပြောရရင် ယုံကြည်မှုမရှိဘူး’’ဟု မန္တလေးမြို့တွင် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရမည့် တက္ကသိုလ်ဝင်တန်းပြဆရာမတစ်ဦးက ပြောသည်။
Tuesday, November 03, 2015
ရွေးကောက်ပွဲအလွန် တိုင်းရင်းသားများ စုစည်းညီညွတ်ကြရန် “၀” ခေါင်းဆောင်တိုက်တွန်း
၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလတွင် တိုင်းရင်းသားများအနေဖြင့် စုစည်းညီညွတ်ကြရန် “၀” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) က နိုဝင်ဘာလ ၁ ရက်နေ့က ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ၀ အထူးဒေသ၏ မြို့တော် ပန်ဆန်းတွင်ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် တောင်းဆိုလိုက်သည်။
၁ မိနစ်နဲ့အပြီး မဲပေးဖို့ အဆင်သင့်ဖြစ်ပြီလား
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် အထွေထွေရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲကြမယ့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ မဲပြားတွေကို ကိုယ်စားလှယ်လောင်းတွေအတွက် ဆန္ဒမဲပေးရာမှာ အချိန်အနည်းငယ်သာ ရရှိမှာဖြစ်ပါတယ်။
ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့အစည်းများအား လက်မှတ် ရေးထိုးနိုင်ရန် လမ်းဖွင့်ထားကြောင်း သမ္မတဆို
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးမှုတွင် မပါဝင် ရသေးသည့် အဖွဲ့အစည်းများအား လက်မှတ် ရေးထိုးနိုင်ရေးအတွက် လမ်းဖွင့်ထားပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောသည်။
အကျင့်ဟောင်းတွေ ဖျောက်ဖို့ သူ့အတွက် အလွန်ခက်တဲ့အလုပ် ဖြစ်ခဲ့တယ်လို့ သမ္မတဆို
သမ္မတ ဦးသိန်းစိန်က သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဖေါ်ညွှန်းပြောဆိုရာတွင် သူ၏ သမ္မတ သက်တမ်းအတွင်း အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းနှင့် ကိုယ်ကျိုးအတွက် ရှေ့တန်းတင်မှုတို့ကို ဖယ်ရှားခဲ့ ရပြီး အလွန်ခက်ခက်ခဲ ခဲ့သည်ဟု ပြောဆိုလိုက်သည်။
ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိသူတွေကို ဦးရွှေမန်း ဝေဖန်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက သူရာထူးက ဖယ်ရှားခံရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းတဲ့အတွက် သူ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ သူရ ဦးရွှေမန်းက ရွေးကောက်ပွဲမှာ သူဝင်အရွေးခံမယ့် ဖြူးမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ပြောခဲ့တဲ့ အကြောင်း တောင်ငူက သတင်းစာဆရာ ကိုဇေယျာက ဘီဘီစီကို ပြောပါတယ်။
ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူကို မဲပေးပါလို့ USDP ပြော
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ်က ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ပြည်နယ်အဆင့်ဝန်ကြီးနေရာ အတွက်တောင် တာဝန်ပေးမခံရတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည် နယ်ဝန်ကြီးအဆင့် တာဝန်ယူနိုင်သူတွေကို မဲပေးကြဖို့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးထွေးလှ က ပြောပါတယ်။
မြန်မာ့ရွေးကောက်ပွဲအတွင်း ဘာသာလူမျိုး ပဋိပက္ခဖြစ်မှာ ကုလစိုးရိမ်
မြန်မာနိုင်ငံမှာ ဘာသာလူမျိုးဆိုင်ရာ ပဋိပက္ခတွေ ပေါ်ပေါက်စေနိုင်တဲ့ မုန်းတီးရေးစကားတွေ၊ လှုံ့ဆော်တဲ့ လုပ်ရပ်တွေ၊ ဘာသာရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်တာတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အတွက် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်း က တနင်္ဂနွေနေ့ ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။
နေပြည်တော် မဲရုံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ကြိုတင်မဲပေး
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ နေပြည်တော်က မဲရုံတွေမှာ လုံခြုံရေးတာဝန်ယူကြမယ့် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ ဒီကနေ့ ကြိုတင်မဲပေးကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဗဟန်းတွင် မဲပေးမည်
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်သည် ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ် တွင် မဲပေးမည်ဖြစ်ကြောင်း ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။
ရွေးကောက်ပွဲ မပျက်မကွက်မဲပေးကြဖို့ ကန်သံအမတ် တိုက်တွန်း
ဒီမိုကရေစီစနစ်နဲ့အညီ ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေဟာ အရေးအပါဆုံးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် သမိုင်းဝင်ရွေးကောက်ပွဲမှာ တိုင်းပြည်မှာ ဘယ်သူ့ကို ခေါင်း ဆောင်သင့်တယ်ဆိုတာ မြန်မာပြည်သူတွေအနေနဲ့ မဲပေးရွေးချယ်ကြဖို့ အမေရိကန် သံအမတ်ကြီး Derek Mitchell က တိုက်တွန်း ပြောကြားလိုက် ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီ အရေးပါတဲ့ရွေးကောက် ပွဲအတွက် မြန်မာနိုင်ငံသားတွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။
ရုရှားပျက်ကျလေယာဉ် ခရီးစဉ်အသံဖမ်းစက်တွေ စတင်စစ်ဆေး
အီဂျစ်နိုင်ငံမှာ စနေနေ့က ပျက်ကျသွားခဲ့တဲ့ ရုရှားခရီးသည်တင် ဂျက်လေယာဉ်က မှတ်တမ်းစက်ကို ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီစက်ဟာ အနည်းငယ်သာ ချို့ယွင်းမှုရှိပြီး ကနဦး စစ်ဆေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ ရုရှားပို့ဆောင်ရေးအရာရှိတွေက ပြောပါတယ်။ လေယာဉ်ပေါ်ပါသွားသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့ပါတယ်။

















































