Friday, August 21, 2015
တိုင်းရင်းသားအပေါ်ထားရှိသည့် NLD ၏ရွေးကောက်ပွဲမူဝါဒ သျှမ်းပြည် NLD ဥက္ကဌဝေဖန်
လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင်ပါဝင် ရောက် ယှဉ်ပြိုင်မည့် NLD ပါတီ၏ မူဝါဒအပေါ် တိုင်းရင်းသားများဘက်မှ အထင်လွဲမှုများ ပေါ် ပေါက်လာနိုင်သဖြင့် ပါတီ ဗဟိုတာဝန်ရှိသူများ အနေဖြင့် အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေပေါ်တွင် နားလည်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ်ဆိုင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ ဥက္ကဌဖြစ်သူ ဒေါ်ခင်မိုးမိုး က ပြောသည်။
ရုတ်တရက်လွှတ်တော်ထပ်ခေါ်ကာ သျှမ်းပြည် နယ်/လုံ ၀န်ကြီး အပြောင်း အလဲလုပ်
သျှမ်းပြည်မြို့တော် တောင်ကြီး၌ ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော်၏ အရေးပေါ်အစည်းအဝေးပြီး ဆုံး ကြောင်းကြေငြာပြီး အစည်းအဝေး တရက်ထပ်တိုးကြောင်း ရုတ်တရက်ခေါ်ယူပြီး သျှမ်းပြည် နယ်လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား အပြောင်းအလဲလုပ် လိုက်ကြောင်းကြားသိရသည်။
ဧရာဝတီတိုင်းတွင် ရေကြီးမှုကြောင့် ကျပ်သန်း ၁၈၀၀၀ ကျော်ဖိုး ဆုံးရှုံးပြီး ကျောင်း ၁၆၀၀ ကျော် ပိတ်ထားရ
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၁၈၆၇၁.၂၇ ရှိပြီး ကျောင်း ပေါင်း ၁၆၀၅ ကျောင်းပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီိး၊ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကိုက ပြောသည်။
ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး သုံးရက် ကျင်းပ
ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် လွှတ် တော်အစည်းအဝေးခန်းမ၌ သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည်။ လွှတ်တော်အစည်းအဝေး ပထမနေ့၌ ပြည်နယ်ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် ရန်ပုံငွေတွင် ပါဝင်သော အဖွဲ့အစည်း များ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက်ဖြည့် စွက်ခွင့်ပြုငွေ တောင်း ခံခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဦးစိုင်းနု က ရှမ်းပြည်နယ် တိုင်းရင်းဆေးဆရာများနှင့် တိုင်းရင်းဆေး ၀ါးထုတ်လုပ်သူများဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေ တစ်ခုလုံးကို အတည်ပြုပေး နိုင်ရေး အတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လွှတ်တော်သို့ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ သည်။
အမေရိကန်နှင့် မက္ကဆီကိုကြား ရေအောက်ဥမင်လိုဏ်ခေါင်းဖြတ်လျှက် မူးယစ်ဆေးခိုးသွင်းသူ အမေရိကန်ရဲက ဖမ်းဆီး
မကြာသေးမီက အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုကြား နယ်စပ်ခြံစည်း ရေးခတ်ရေးကိစ္စနှင့်ပတ် သက်ပြီး နိုင်ငံရေးသမားများကြားတွင် အပြောအဆိုများလာခဲ့သော်လည်း ကယ်လီဖိုးနီးယားတွင် အခိုင် အခံ့ရှိနေပြီးသား ခြံစည်းရိုးကမူ တစ်ယောက်သောသူကို မတားဆီးနိုင်ခဲ့သလို ခြံစည်းရိုး အောက်မှ တံခါးမရှိဓားမရှိ ၀င်ထွက်နေသည့် မူးယစ်ဆေးများကိုလည်း တားဆီးခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။
ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ချီတက်ပွဲလုံခြုံရေးအတွက် နိုင်ငံသား ၈၅၀,၀၀၀အား တာဝန်ပေးရန် တရုတ်စည်းရုံး
ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် အောင်နိုင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်မည့် ကြီးမားသည့် စစ်ရေးပြ ချီတက်ပွဲကြီး မပြုလုပ်မီ လုံခြုံရေး စိတ်ချရစေရေးအတွက် မြို့ကိုကင်းလှည့်ရန် ပေကျင်းက ဋ္ဌာနေနိုင်ငံ သား ၈၅၀,၀၀၀ကို စည်းရုံးဆော်သြနေပြီဟု နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့သည်။
မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆို
မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ ပါဝင်မှု၊ သြဇာလွှမ်း မိုးမှု မရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရ်အက်ဖ်အေသတင်းဌာနကို ပြောကြားလိုက် သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရဘက်က ရပ်တည်ပေးရမည်ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော
တပ်မတော်အနေဖြင့် တိုင်းပြည်ကို ဦးဆောင်နေသည့် နိုင်ငံတော် အစိုးရဘက်က ရပ်တည် ပေးရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ဗိုလ်ချုပ် မှူးကြီးက သြဂုတ် ၂၀ ရက်တွင် နေပြည်တော်၌ RFA မြန်မာပိုင်း ဌာနမှုးနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သမ္မတကြီး ဦးသိန်းစိန်အစိုးရကို ပံ့ပိုးမှုပေးသည် ဆိုပြီး သတင်း များ ထွက်ရှိနေမှုအပေါ် မေးမြန်းရာ ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။
အပစ်ရပ်လက်မှတ်ထိုးပြီးလျှင် လက်နက်မကိုင်ရတော့ဟု တပ်ချုပ် ပြောကြား
နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးလျှင် လက်နက်ကိုင်ထား၍ မရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည် ဟု ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်ချက် (ဒုတိယပိုင်း)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်း ရွှေက နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ မနေ့က မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်ချက် (ပထမပိုင်း)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်း ရွှေက နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ ဒီကနေ့ သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ကိုယ်စားလှယ်ပြန်လည် ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ဆိုင်းငံ့
"Right to Recall "လို့ခေါ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ် လိုက်ပါတယ်။
သံသယရှိသူ ၂ ဦး ဘန်ကောက်ဗုံးခွဲမှုနဲ့ မပတ်သက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ လွန်ခဲ့တဲ့သုံးရက်က ဗုံးဖောက်ခွဲခဲ့ တဲ့ဖြစ်ရပ်အတွက် သံသယရှိသူတွေ အဖြစ် ပြောထားတဲ့ လူ နှစ်ဦးဟာ ဗုံးဖောက်ခွဲမှုနဲ့ မပတ်သက်ဘူးဆိုတာ သေချာသလောက်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောလိုက်ပါ တယ်။
ဂွမ်တာနာမို အကျဉ်းသားရွှေ့ရေး ကန်ကာကွယ်ရေး ဝန်ကြီး သဘောတူ
ဂွမ်တာနာမို ပင်လယ်ကွေ့ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားသူတွေကို လွှဲပြောင်းပေးမယ့် အစီအစဉ်အပေါ် အပြည့်အ၀ ထောက်ခံ တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter က ပြောလိုက်ပါတယ်။ ဂွမ်တာနာမိုက အကျဉ်းသားတွေကို လွှဲပြောင်းဖို့ သမ္မတအိမ်ဖြူတော်က ဘယ်လို ဖိအားပေးတာမျိုးမှ မရှိတဲ့အကြောင်းနဲ့ သမ္မတ က မြင်တဲ့အတိုင်းပဲ သူလည်း ရှုမြင်တဲ့အကြောင်း ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ၀န်ကြီးကာတာက အလေးအနက် ပြောသွားပါတယ်။
NDF နဲ့ DPNS တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
NDF နဲ့ DPNS ပါတီတွေအနေနဲ့ အခုလာမယ့်ရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတို့နေရာတွေမှာ အနိုင်ရရှိမယ် လို့ လုံးဝမျှော်လင့်နေကြ ပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရဖို့မရှိပဲ ညွန့်ပေါင်းအစိုးရ အဖွဲ့ဖွဲ့ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။
သမ္မတဟောင်း Jimmy Carter ကင်ဆာရောဂါကြောင့် မတုန်လှုပ်
အမေရိကန်သမ္မတဟောင်း Jimmy Carter က သူ့ရဲ့ အသည်းကနေ ဖယ်ထုတ်လိုက်တဲ့ အသည်းစကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ သူ့မှာ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာတမျိုးကို တွေ့ရှိရပြီး၊ အဲဒီကင် ဆာဟာ သူ့ရဲ့ အသည်းကနေ ဦးနှောက်ကို ပျံ့နေပြီလို့ ပြောပါတယ်။
ဂရိဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်
ဂရိဝန်ကြီးချုပ် Alexis Tsipras ဟာ ချေးငွေအသစ်တခု ရထားပြီးတဲ့နောက် ကြာသပတေးနေ့မှာ ရာထူးက နေ ရုတ်တရက် နှုတ်ထွက်လိုက်ပြီး အချိန် မတိုင်သေးခင် ရွေးကောက်ပွဲကိုစောပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာ လိုက်ပါတယ်။ ၀န်ကြီးချုပ်ဖြစ်လာပြီး ခုနစ်လပဲ ရှိသေးချိန်မှာ အခုလို ကြေညာတာပါ။
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ပညာရေးပြု ပြင်ပြောင်းလဲရေး ကွန်ရက်က ဒေါက်တာညိုညိုသင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ပါဝင်မှု မရှိ
မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး(ဟောင်း ) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပြန်ပါလာပြီးဆိုပြီး ပြောဆိုနေ ကြတဲ့အပေါ် RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။
ပုဒ်မ ၅၉ (စ)အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထား
နိုင်ငံကို ဦးဆောင်မယ့် ပုဂ္ဂိုလ်ဟာ နိုင်ငံခြားသား သား သမီး မြေး အထိ ကင်းရှင်းသူ ဖြစ်သင့်ပြီး ၊ မြန်မာနိုင်ငံသားစစ် စစ်သာ ဖြစ်သင့်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေ နဲ့ နေပြည်တော် တပ်မတော်စစ်ရုံးချုပ်က ဘုရင့်နောင်ရိပ်သာမှာ မနေ့က သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောလိုက်ပါတယ်။
ပင်လယ်ဘူးမြို့မှာ အန်အယ်လ်ဒီပါတီဝင် ၉၀ ကျော် နှုတ်ထွက်
စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်နဲ့ စံရားကြီးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၉၀ ကျော်ဟာ ပါတီဗဟိုရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပါတီဝင်အဖြစ် ကနေ နှုတ်ထွက်လိုက်ပါတယ်။ ပင်လယ်ဘူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ NLD ပါတီ ပင်လယ်ဘူးမြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဖိုးသဲက ပြောပါ တယ်။
ဒေါ်ခင်ဝင်းအမှုဖော်ထုတ်ပေးရေး ဆန္ဒပြတောင်းဆိုသူတွေ ကို ထောင်ဒဏ်တွေ ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံး က ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။ အလားတူ ပုဒ်မ ၁၈ နဲ့ ပြီးခဲ့တဲ့ မေလ လောက်က ဒဂုံမြို့နယ် တရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံဖို့ အလုံမြို့နယ်တရား သူကြီးက ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။
အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထုတ်ပြန်ရာ NlD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၅၁ ဦးနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအများဆုံးပါတီ ဖြစ်ပါ တယ်။
Thursday, August 20, 2015
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၆ ထောင် ကျော်ရှိသည့်အနက် NLD ပါတီမှ အများဆုံး စာရင်း တင်သွင်းထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးရှိ မဲဆန္ဒ နယ်မြေများ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၁၈၉ ဦး ထိရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ ၁,၁၅၁ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှ ၁,၁၃၄ ဦး ထိ အများဆုံး စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ထုတ်ပြန်ချက် အရ သိရသည်။
ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အရွေးခံမည်
ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌစောဖိုးဝါးနှင့် ဖားအံခရိုင်အလုပ်မှုဆောင် ကော်မတီဝင် စောကလူထောတို့ ယင်းပါတီမှ နုတ်ထွက်လိုက်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုး သားပါတီ (KNP) ကိုယ်စားပြုအရွေးခံသွားမည် ဖြစ်သည်ဟု ဆိုင်ရာတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်း နှောင့်ယှက်ခံခဲ့ရ
ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းအား ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်နှောင့်ယှက်ခဲ့ကြောင်း NLD အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
ဗုံးကွဲမှု အင်တာပိုလ် ကူညီရန် ထိုင်းရဲတပ်ဖွဲ့ တောင်းဆို
ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူကို ခြေရာခံနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်) ကူညီ ဆောင်ရွက်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထား သည်။ ထိုင်းအစိုးရအနေဖြင့် မူလက ပြင်ပအကူအညီတောင်းခံရန် စိတ်မ၀င်စား သော်လည်း နောက်ပိုင်း တွင် အင်တာပိုလ်ကို အကူအညီကို တောင်းခံခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ Kissana Phatsanacharoen က Reuters သတင်းကို ပြောသည်။
နိုင်ငံသား စိစစ်ရာ၌ ၁၉၄၈ ဥပဒေဖြင် စစ်ဆေးမည်ဆို၍ ဘူးသီးတောင် ဒေသခံတို့ကန့်ကွက်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသားလျှောက်ထားသူ ဘင်္ဂလီ လူမျိုးများအား နိုင်ငံသား ဖြစ် မဖြစ် စိစစ်ရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် မစစ်ဆေးဘဲ ရုပ်သိမ်းပြီးသား ၁၉၄၇ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် စစ်ဆေးနေ၍ ဘူးသီးတောင် ဒေသခံများက ယနေ့တွင် စာရေး ကန့်ကွက် လိုက်သည်ဟု သတင်း ရရှိသည်။
အမတ်တာဝန်ရုပ်သိမ်းခြင်းဥပဒေ သူရဦးရွှေမန်းကို ဈေးဦးဖောက်တော့ မည်လော
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သြဂုတ်လ ၁၃ ရက် နေ့တွင် စတုတ်္ထအကြိမ် မြောက်ထပ်မံ တင်ပြခဲ့သည်။
နာဂသူပုန်ခေါင်းဆောင် ၄ ဦး လွှဲပြောင်းအပ်နှံပေးဖို့ မြန်မာကို အိန္ဒိယတောင်းဆို
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း နာဂသူပုန် NSCN–Khaplang အဖွဲ့က ဇွန်လ ၄ ရက်နေ့က ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိတပ်သား ၁၈ ဦး သေဆုံးမှုမှာ တာဝန်ရှိတဲ့ S S Khaplang နဲ့ ထိပ်တန်း စစ်ဘက်အကြံပေး Nikki Sumi အပါအ၀င် နာဂသူပုန်အဖွဲ့ ခေါင်းဆောင် ၄ ဦးကို လွှဲပြောင်းအပ် နှံပေးဖို့ အိန္ဒိယအစိုးရက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ သမ္မတ ပူတင် တံခါးဖွင့်ထား
ရှေ့လအတွင်းကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ဖို့ ရုရှားသမ္မတ Vladimir Putin အမေရိကန် ပြည်ထောင်စုကို လာတဲ့အခါ သမ္မတ Barack Obama နဲ့ တွေ့ဆုံဖို့အတွက် တံခါးဖွင့်ထား တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာပြိုင်ပွဲ
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်း အင်အားပြဗိုလ်လုခဲ့ကြတာဟာ ပုဂ္ဂိုလ်ရေး တိုက်ပွဲလား။ ဒါမှမဟုတ် သဘောထားတင်းမာတဲ့ အုပ်စုနဲ့ ဒီမိုကရေစီလိုလား တဲ့ အုပ်စုတို့ရဲ့ ပြိုင်ပွဲလား။ တိုင်းပြည်အ ပေါ် ဘယ်လို အကျိုးလက်ရောက် နိုင်မလဲဆိုတာ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ California ပြည်နယ် UC Berkeley တက္ကလိုလ် က ပါရဂူကျမ်းပြု သုတေသီ ကိုမင်းဇင် တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပါက ပြည်တွင်းအသိသက်သေများအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၁၀ ဦး ပါဝင်လက်မှတ်ရေးထိုးရန် အဆိုပြုချက် နှစ်ဖက်သဘောတူညီထား
ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေး ထိုးပါက ပြည်တွင်းအသိသက်သေများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ၁၀ ဦး ပါဝင်လက်မှတ် ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက်ကို နှစ်ဖက်သဘောတူညီထားကြောင်း သြဂုတ် ၆ ရက်နှင့် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ သည့် ကိုးကြိမ်မြောက် NCA မူချောပြုစုရေး အစည်းအဝေး ဆုံးဖြတ်ချက်နှင့် မှတ်တမ်းအရ သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အပြောင်းအလဲ လိုအပ်သည်ထက်ပို၍ လုံခြုံရေးအသုံးပြုခဲ့သဖြင့် ပါတီဝင်များဝေဖန်
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲတွင် လိုအပ်သည်ထက် ပို၍ လုံခြုံရေးအင်အားကို အသုံးပြု ခဲ့သဖြင့် ဒီမိုကရေစီမဆန်သော ဆောင်ရွက်ချက်များဖြစ်ကြောင်း ယင်းပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ပြော ကြားလိုက်သည်။
ရှိုးပွဲတွေကြောင့် တစ်ကိုယ်တော်အခွေထုတ်ဖို့ ဖြစ်လာတဲ့ ဝါဆိုမိုးဦး
ရှိုးပွဲများတွင် သီချင်းသီဆိုဖျော်ဖြေမှုများလာခြင်းကြောင့် ကိုယ်ပိုင်သီချင်းရှိရန် လိုအပ်လာသဖြင့် တစ်ကိုယ် တော်စီးရီးထုတ် ဖြစ်ရန် တွန်းအားတစ်ခုဖြစ်လာ ကြောင်း သရုပ်ဆောင်ဝါဆိုမိုးဦး က ပြောသည်။ ‘‘အခု နောက်ပိုင်းမှာ ဝါဆို့ကို ပရိသတ်တွေက အဆိုပိုင်းနဲ့ပါ ဖောမန့်မှာ တော်တော်အားပေး လာတော့တစ်ကိုယ် တော်အခွေ ထုတ်ဖို့ဖြစ်လာတယ်။ ရှိုးတွေဆို လာတဲ့နောက်ပိုင်းမှာ ကိုယ်ပိုင်သီ ချင်းမရှိတာကြောင့်လည်း ဖြစ်နေတယ်။ ကိုယ်ပိုင်သီချင်းလိုအပ် လာပြီထင်လို့ အခွေထုတ်ဖို့ဖြစ် လာတာပါ’’ဟု ဝါဆိုမိုးဦးက ပြော သည်။
အဝေးသင်တက္ကသိုလ်အနီးကပ်သင်တန်းနှင့် စာမေးပွဲများ အောက်တိုဘာတွင် စတင်မည်
၂၀၁၅ ပညာသင်နှစ်အတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ အနီး ကပ်သင်တန်းပို့ချမှုနှင့် စာမေးပွဲများကို လာမည့်အောက်တိုဘာတွင် စတင်ပြုလုပ်မည်ဟု ရန်ကုန် အဝေး သင်တက္ကသိုလ်မှ သတင်းရရှိသည်။
ပင်လယ်နက်ထဲမှ သင်္ဘောပျက် တစ်စီးကို ရေငုပ်သင်္ဘောငယ်ဖြင့် သွားရောက်ကြည့်ရှုခဲ့သည့် ပူတင်
စွန့်စားမှုများကို ခုံမင်သူ တစ်ဦးအဖြစ် ၎င်းတည်ဆောက်ထားသည့် ပုံရိပ်ကို မြှင့်တင်သည့် အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ခရိုင်းမီးယား ကမ်းလွန်းတွင် အသေးစား ရေငုပ်သင်္ဘော တစ်စီးတွင် လိုက်ပါပြီး ရေအောက်မှ သင်္ဘောပျက် တစ်စီးထံ သွားရောက် လည်ပတ် ကြည့်ရှုခဲ့ကြောင်း သိရသည်။
တပ်မတော်သည် အမျိုးသားနိုင်ငံရေး၌ ပါဝင်ခြင်းဖြစ်၊ ရွေးကောက်ပွဲရလာဒ် လက်ခံမည်ဟု ကာချုပ်ပြော
တပ်မတော်သည် ယခင် Leading Role နေရာတွင် ယူထားသော်လည်း ယခု အမျိုးသား နိုင်ငံရေးတွင် ပါဝင် ထမ်းဆောင်နေခြင်းသာဖြစ်၊ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး၌ ယခင် အမိန့်ပေးစနစ်ဖြစ်သော် လည်း ယခုအခါ အရပ်ဘက်မှ လုပ်ဆောင်နေသည်ကို တပ်မတော်က ကူညီနေခြင်းဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Silas Patrick နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြား ကြောင်း အစိုးရသတင်းနှင့် စစ်တပ်ပိုင် မြ၀တီသတင်းတွင် ဖော်ပြထားသည်။
ကိုယ်စားလှယ် ရုပ်သိမ်းဥပဒေကြမ်း အစီရင်ခံစာတင်
ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ် သက်တဲ့ အစီရင်ခံစာကို ပြည်ထောင် စုလွှတ်တော်ထံ ဒီနေ့ တင်သွင်းလိုက်ပါတယ်။ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒီအစီရင်ခံ စာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက သြဂုတ် ၂၀ ရက်နေ့ ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးချက်တွေပြီးရင်တော့ ဥပဒေကြမ်းကို ဆိုင်းထားမလား ဆက်လက်ဆွေးနွေး အတည်ပြုမလားဆိုတာ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။
တီယန်ကျင်း ပေါက်ကွဲမှု ကန့်သတ်ဇုန် ရေထဲတွင် အဆိပ်ဓာတ် ၂၈ ဆ ပိုများ
တရုတ်အရာရှိတွေက တီယန်ကျင်းမြို့ ပေါက်ကွဲမှုဖြစ်ရာ ကန့်သတ်ဇုန် အတွင်း ရေထဲမှာ ဆိုင်ယာနိုက် အဆိပ်ဓာတ်တွေ ဘေးကင်းရေး ကန့်သတ် ချက်ထက် ၂၈ ဆ ပိုများနေတယ်လို့ သြဂုတ် ၁၈ ရက်နေ့က ပြောလိုက်ပါ တယ်။
ရပ်နားရန် ဖိအားပေးခံရသည့် ချယ်ရီအက်ဖ်အမ် ပြန်လွှင့်ခွင့်ရ
ပြည်တွင်းအသံလွှင့်ဌာနတခုဖြစ်တဲ့ ချယ်ရီအက်ဖ်အမ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ရပ်နားဖို့ ဖိအားပေး ခဲ့ပြီးတဲ့နောက် ဒီနေ့ ညနေ ၆ နာရီမှာတော့ ပြန်လည်ထုတ်လွှင့်ခွင့် ရသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်း ပတ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူရဦးရွှေမန်းကို ပူးတွဲဥက္ကဋ္ဌ ရာထူးက ဖယ်ရှားပြီးတဲ့ နောက် သူ့ချွေးမပိုင်တဲ့ ချယ်ရီအက်ဖ်အမ်ကို မိမိသဘောဆန္ဒအရ ရပ်ဆိုင်းတဲ့ ပုံစံမျိုး သုံးလ ရပ်နားဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးလာခဲ့တာပါ။
ရေဘေးကယ်ရန် အမျိုးသားလွှတ်တော် ရပ်နား၊ ရွေးကောက်ပွဲပြီးမှ ပြန်စမည်
ရေဘေးကယ်ဆယ်ပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေ၊ လွှတ်တော်အမတ်တွေ ကွင်းဆင်း ဆောင်ရွက်နိုင်ဖို့ လက်ရှိကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးကို ရပ်နားရန် ဒီကနေ့ သြဂုတ်လ ၁၉ ရက် အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုပြီး ရပ်နားလိုက်ပါတယ်။
ဘန်ကောက်ဗုံးကွဲမှု မသင်္ကာသူ လေဆိပ်ဘက်ထွက်သွားဟု သက်သေထွက်ဆို
ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုမှာ စီစီတီဗွီကင်မရာက တွေ့ရှိတဲ့ မသင်္ကာ သူဟာ သုဝဏ္ဏဘုမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်ဘက်ကို တက္ကစီကားနဲ့ ထွက်သွားတယ်လို့ Matichon Online သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
အန်စီအေတွင် အားလုံးပါဝင်ရေးမူ ဆက်လက်ရပ်တည်ရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူပါဝင်လက်မှတ်ရေးထိုးရေး မူပေါ်မှာ ဆက်လည်ရပ်တည်ကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်ပါ တယ်။
ဘန်ကောက် ဗုံးပေါက်ကွဲမှု နောက်ကွယ်က ဘယ်သူလဲ
လူ ၂၀ သေဆုံးပြီး ရာချီဒဏ်ရာရခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက် ဗုံးပေါက်ကွဲမှုကတော့ ဒေသတွင်း နိုင်ငံ တကာ သတင်းတွေထဲမှာ ထိပ်တန်း သတင်းတခု ဖြစ်ခဲ့ပါတယ်။လူအများစု သွားရောက်လေ့ရှိတဲ့ ဧရာဝဏ် နတ်ရုပ်တု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို မြန်မာနိုင်ငံသား အများစုကလည်း စိတ်ဝင်တစား ဖတ်ရှုခဲ့ပါတယ်။
အာရှလမ်းမကြီးပေါ် ကုန်တင်ကားများ ပြေးဆွဲမှု ခေတ္တပိတ်ထား
ကရင်ပြည်နယ် မြဝတီမြို့နှင့် ကော့ကရိတ်မြို့ အကြားရှိ အာရှလမ်းမ သစ်ကြီးပေါ်၌ ကုန်တင်ယာဉ်ကြီးများ ပြေးဆွဲနေမှုအား ယခုလ ၁၇ ရက်မှ စတင်ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ကုန်တင်ကားပဲ ပိတ် တာ။ ဆောက်လုပ်ရေးက ပိတ်တာပါ”ဟု အာရှလမ်း မကြီးကို လုံခြုံရေးယူပေးနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။
NCA လက်မှတ်ထိုးပြီးပါက စစ်ရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်မည်ဟု ဆို
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုပြီးပါက တိုင်းရင်းသား ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လူ့အခွင့်အရေးနှင့်အညီ ပူးပေါင်း စောင့်ရှောက်သွားမည်ဟု သိရသည်။
ဘန်ကောက်ဗုံးဖောက်ခွဲမှု ဆုငွေ ဘတ်၁သန်း ထုတ်
ဘန်ကောက်မြို့လည် ဧရာဝဏ်နတ်ကွန်းအနီး လူ ၂၀ဦးသေဆုံးခဲ့ရသည့် ဗုံးကွဲမှု၌ သံသယရှိသူကို သတင်း ပေးနိုင်လျှင် ဘတ်ငွေ ၁သန်းပေးမည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆုငွေထုတ်လိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

















































