ဒုတိယကမ္ဘာစစ်က အဖြစ်ဆိုးမျိုး ထပ်မံမကြုံတွေ့စေရေး အာမခံချက် ရှိစေရန်
တရုတ်သည် ပိုမိုအင် အားတောင့်တင်းသော စစ်တပ် တစ်ခုကို
တည်ဆောက်နေခြင်းဖြစ်ကြောင်း မေ ၈ က စစ်တပ်၏ သတင်း စာတွင်ဖော်ပြခဲ့သည်။ထိုစဉ် တရုတ်သမ္မတ ရှီကျင်ပင်းမှာ ကမ္ဘာစစ် အထိန်းအမှတ် များအတွက် ရုရှားသို့ သွားရောက်နေသည်။
Friday, May 08, 2015
ကမ္ဘာသို့ ပျက်ကျလာသည့် ရုရှအာကာသယာဉ် ပျက်စီးလောင်ကျွမ်း
ထိန်းချုပ်မှုမဲ့ပြီး
ပျက်ကျလာသည့် ရုရှနိုင်ငံမှ အာကာသယာဉ်သည် ကမ္ဘာလေထုအတွင်း ပြန်လည်
ဝင်ရောက်လာစဉ် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း ရုရှအာကာသ အေဂျင်စီက
ပြောသည်။ပစိဖိတ် သမုဒ္ဒရာပေါ်ရှိ ကမ္ဘာလေထုအတွင်း ပြန်လည်ပျက်ကျ
လာခြင်းဖြစ်ပြီး ယာဉ်လောင်ကျွမ်းအပိုင်းအစများက ပင်လယ်တွင်းသို့
ပျက်ကျခြင်းဖြစ်သည်။
ဗြိတိန်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အောင်ပွဲခံ
ဗြိတိန်ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ကွန်ဆာဗေးတစ် ပါတီက အံ့အားသင့်ဖွယ် အနိုင်ရရှိဖွယ် ရှိသောကြောင့် ဥရောပတွင် ဗြိတိန်၏ အနာဂတ်ကို ပြန်လည်ရေးဆွဲရဖွယ်ရှိ သည်။ ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများတွင် ကွန်ဆာဗေးတစ်နှင့် လေဘာတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကွန်ဆာဗေးတစ်တို့က အမတ်နေရာ ၃၁၆ နေရာရရှိ ခဲ့ပြီး လေဘာပါတီက ၂၃၉ နေရာရရှိခဲ့ကြောင်း ဘီဘီစီက ဦးစီးကောက်ယူသော စစ်တမ်းတွင် ဖော်ပြခဲ့ သည်။
တိုက်ခိုက်မှုတွေလျှော့ချရေး တိုက်တွန်းပေးဖို့ ၀န်ကြီး ဦးအောင်မင်း ပြော
ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်နဲ့ AA ရက္ခိုင့် တပ်မတော်တို့ကို တိုက်ခိုက်မှုတွေကို လျှော့ချပေးဖို့ တိုက်တွန်းပြောဆိုပေးမယ်ဆိုရင် မိမိအနေနဲ့လည်း အစိုးရတပ်မတော်ဘက်က စစ်ရှိန်လျှော့ချလာအောင် တိုက်တွန်းပေးသွားမယ်လို့ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော် မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေ လွတ်လပ်တဲ့တရားစီရင်ရေး တောင်းဆို
ဒီမိုကရေစီပညာရေးတောင်းဆိုလို့ သာယာဝတီထောင်မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေဟာ ရိုက်နှက် ခံထားရတဲ့ အတွင်းဒဏ်တွေ ခံစားနေရသေးသလို၊ ရာသီဥတုပူပြင်းတဲ့အတွက် အဖုအပိန့်တွေထွက်တာ ၊ သွေးတိုးတာ၊ ခေါင်းကိုက်တာတွေ ခံစားနေရတယ်လို့ သိရပါတယ်။
သူရ ဦးရွှေမန်း ပြော စကား ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
အတိုက်အခံခေါင်းဆောင်နဲ့ မဟာမိတ်ဖွဲ့ဖို့ လမ်းဖွင့်ထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း အမေရိကန်မှာ ပြောကြားခဲ့တဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ချီးမွမ်းထောပနာပြုလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်တို့ ကျိုင်းတုံ၌ တွေ့ဆုံမည်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ကျိုင်းတုံ မြို့၌ မေလ ၈ ရက် ယနေ့ တွေ့ဆုံကြ မည်ဟု သိရသည်။
၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း
ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားသစ်လောင်းပေး တာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် အကြွင်းသုည ကစားပွဲရဲ့ နိဒါန်းလည်း ဖြစ်သွားနိုင်ပါတယ်။ရွေးကောက်ပွဲကို တရားနည်းလမ်းတကျ ကျင်းပမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြတ် ပြတ် သားသား အနိုင်ရလိမ့်မယ်။
NLD နှင့် USDP ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာမလပ် ယှဉ်ပြိုင်မည်
လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး ရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
ဦးရဲထွဋ်၊ ဦးခင်လှိုင်နှင့် ရန်ကုန်မြို့က အရှုပ်ထုပ်များ
အခုရက်ပိုင်းအတွင်း ရန်ကုန်စည်ပင် အမှိုက်သိမ်းတာနဲ့ပတ်သက်ပြီး အလေးအနက် ထားလာနေရပါပြီ။ အကြောင်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့ဘွတ်မှာ ဝေဖန်ခဲ့ရာက အစပြုခဲ့ပါတယ်။ “ဗိုလ်တထောင်ကမ်းနား။ ရှုခင်းလည်းမလှ။ လေကောင်းလေသန့်လည်းမရ။ လေ့ကျင့်ခန်းလုပ်သူတွေ စိတ်ပျက်စေတဲ့ အမှိုက်တွေ၊ အနံ့ဆိုးတွေ၊ ခွေးလေခွေးလွင့်တွေ” ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့ဘွတ်ပေါ်မှာ မေလ ၄ ရက်နေ့ မနက်မှာ ဓာတ်ပုံတွေနဲ့ အတူ ရေးတင်လိုက်တယ်။
နိုင်ငံတော်အလံဖြုတ်ချမှု ကျောင်းသားတွေကို ဆက်လက်ရုံးထုတ်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး
မြင်းခြံ ဒီဂရိကောလိပ်မှာ စိုက်ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချမှုနဲ့
တရားစွဲ ခံထားရသူ ကျောင်းသား ငါးဦးထဲက နှစ်ဦးကို မြင်းခြံ မြို့နယ်
တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေပမာဏ တစ်ခုပေးကမ်းခြင်းသည် လာဘ်ထိုးမှုဖြစ်ပြီးလာဘ်ထိုးမှုမဟုတ်ဟု ရှောင် လွှဲ၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးကျပ်ဖြစ်စေ၊ သုံးသိန်းဖြစ်စေ ငွေပမာဏ တစ်ခုအား ပေးကမ်းခြင်းသည် လာဘ်ထိုးမှုဖြစ်ပြီး လာဘ်ထိုးမှုမဟုတ်ဟု ရှောင်လွှဲ၍မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
al-Qaida ခေါင်းဆောင် တဦး ကန် Drone ထိမှန်သေဆုံး
အမေရိကန်ရဲ့ လေကြောင်းတိုက်က တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင် တဦး ပြီးခဲ့တဲ့ လအတွင်း သေဆုံးသွားတယ်လို့ ယီမင်နိုင်ငံမှာရှိတဲ့ al-Qaida အဖွဲ့ခွဲက ပြောပါတယ်။ ယီမင်နိုင်ငံ အတွင်းက Mukalla ဆိပ်ကမ်းမြို့ကို အမေရိကန်က လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်ခဲ့ တာမှာ al-Qaida အဖွဲ့ခွဲခေါင်းဆောင် Nasser bin Ali al-Ansi နဲ့ သူ့ရဲ့ သားကြီး အပါအ၀င် တခြား စစ်သွေးကြွ အတော်များများလည်း သေဆုံးသွားခဲ့ တယ်လို့ SITE လို့ခေါ်တဲ့ ထောက်လှမ်းရေး အဖွဲ့က ကြာသ ပတေးနေ့မှာ ပြောပါတယ်။
ဗြိတိသျှ လွှတ်တော် ရွေးကောက်ပွဲများ စတင်
ဗြိတိန်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲကို ဒီကနေ့ စတင်လိုက်ပါတယ်။ ကြိုတင်ခန့်မှန်းချက် စစ်တမ်းတွေအရ ပါတီကြီး ၂ ခုအကြား ရလဒ်ဟာ ညီမျှနေတာမို့ ဘယ်သူ အနိင်ရမယ် မှန်း ခန့်မှန်းရခက်နေပါတယ်။ ဗုဒ္ဓ ဟူးနေ့မှာ ကောက်ခံရရှိတဲ့ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ ၀န်ကြီးချုပ် David Cameron ရဲ့ ကွန်ဆာဗေးတစ် ပါတီက ၃၃% ရရှိထားပြီး အဓိက အတိုက်အခံပါတီဖြစ်တဲ့ Edward Milliband ရဲ့ Labor party ပါတီ ကတော့ ၃၂ % ရရှိထားပါတယ်။
မြန်မာ့ လူမှုအဖွဲ့အစည်းတွေအတွက် ကန်သံရုံး အကူအညီပေး
ရွေးကောက်ပွဲပညာပေးအဖွဲ့အစည်း၊ အမျိုးသမီးရေး လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းတွေနဲ့ အခြား လူ့ အခွင့်အရေးဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်း ၁၁ ဖွဲ့ကို ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အသေးစား ကူညီထောက်ပံ့ငွေ အစီအစဉ် ကနေ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒီကနေ့ ကျင်းပတဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးမှာပါ။
လူကုန်ကူးမှုနဲ့ ဆက်နွယ်ပြီး ထိုင်းရဲအရာရှိ ၅၀ ကျော် အရေးယူခံရ
ထိုင်းရဲတပ်ဖွဲ့ထဲမှာ လူကုန်ကူးမူနဲ့ ဆက်စပ် ပတ်သက်တယ်လို့ သံသယရှိနေတဲ့ ထိုင်းရဲ ၅၀ ထက် မနည်း ကို အရေးယူဆောင်ရွက်မူတွေ လုပ်နေတယ်လို့ ထိုင်းနိုင်ငံ ရဲချုပ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိုင်း ၀န်ကြီးချုပ်ကလည်း မလေးနယ်စပ်က လူကုန်ကူးနေတဲ့ စခန်းတွေကို ရှာဖွေပြီး ၁၀ရက်အတွင်း ပိတ်ပစ်ဖို့ အတွက် အမိန့်ပေး ထားပါတယ်။ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
တိုင်းရင်းသားအဖွဲ့များ ညီလာခံရဲ့  အကောင်းအဆိုးရလဒ်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းရင်းသားညီလာခံရဲ့  ရလဒ်တွေဟာ တိုင်းရင်းသား ပဋိပက္ခတွေအတွက် အဖြေလား၊ မေးခွန်းလားဆိုတာကို ညီလာခံကို ကိုယ်တိုင်တက်ရောက် ခဲ့သူ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှုးကြီးခွန်ဥက္ကာ၊ နိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်း တို့ကို ဦးကျော် ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
Myuran မိခင်က အင်ဒိုသမ္မတကို သတ္တိမရှိဘူးလို့ပြော
မူးယစ်ဆေးဝါး
ကုန်ကူးမှုနဲ့ အင်ဒိုနီးရှားမှာ ကွပ်မျက်ခံရတဲ့ သြစတြေးလျနိုင်ငံသား
Myuran Sukumaran ရဲ့ မိခင်က အင်ဒိုနီးရှား သမ္မတကို စာတစ်စောင် ရေးခဲ့ပြီး
သူ့သားကို သမ္မတက အသက်ရှင်ခွင့်မပေးတဲ့ အပေါ် ဝေဖန်ပြစ်တင်လိုက်သလို
သူ့ကိုလည်း အင်ဒိုနီးရှား သမ္မတက မျက်နှာချင်းဆိုင် တွေ့ဆုံရဲတဲ့
သတ္တိမရှိဘူးလို့ ပြောလိုက်ပါတယ်။
တရုတ်-အမေရိကန် ထိပ်တန်း ပါတီခေါင်းဆောင်များ ဆွေးနွေး
တရုတ်နဲ့
အမေရိကန် နိုင်ငံရေးပါတီတွေ အချင်းချင်း ဖလှယ်မှု တိုးမြှင့်ရေး တရက်ကြာ
အစည်းအဝေး ကို မေ ၆ ရက်နေ့က ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ အမေရိကန်
ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ပါတီတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
ကျောင်းသားသပိတ် ဖြိုခွင်းမှု အီးယူသင်တန်းပေး ရဲတပ်ဖွဲ့ဝင်များမပါဟု ရှင်းလင်း
လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေရာမှာ အီးယူက သင်တန်းပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေမပါဝင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ဒီဗွီဘီကို ပြောပါတယ်။
Thursday, May 07, 2015
ကိုးကန့်တွင် ကျဆုံးခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်၏ မိခင် တွေ့ဆုံခြင်း
ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလကုန်အထိ အစိုးရ တပ်မတော် နှင့် ကိုးကန့် တပ်မတော် (MNDAA) တို့ တိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှ အရာရှိ၊ တပ်သားများ အသေအပျောက် များခဲ့သလို ကိုးကန့်ဒေသမှ ပြည် သူများလည်း စစ်ပြေး ဒုက္ခသည် ဖြစ်ခဲ့ရသည်။ ယင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တပ်မတော်သားများထဲ တွင် ဗိုလ်မှူး အောင်ကျော်မြင့်လည်း အပါအဝင်ဖြစ်သည်။
လာဘ်ပေးမှုမှန်သမျှ ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူ မှုတွေ ကြီးမားနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုနည်း နဲ့ ပေးသည်ဖြစ်စေ အကျင့်ပျက်ခြစားမှုမှန်သမျှ လက်မခံနိုင်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
ဗြိတိန်မှာ မဲပေးကြဖို့ ပြင်ဆင်နေ
မနက်ဖြန်ကျရင် ကမ္ဘာ့ နံပါတ် ၅ စီးပွားရေး အတောင့်တင်းဆုံး ဖြစ်တဲ့ ဗြိတိန်နိုင်ငံကို ဘယ်သူက အုပ်ချုပ် သင့်သလဲ ဆိုတာကို မဲပေးကြဖို့ ဗြိတိန်နိုင်ငံသားတွေ ပြင်ဆင်နေကြပါတယ်။ ဗြိတိန်ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ အပြတ်အသတ်အနိုင်ရတာမျိုး မဖြစ်ခဲ့ရင်တော့ ဗြိတိန်နိုင်ငံအရေးကို ရှေးရှုပြီး အကောင်းဆုံး လုပ်သွားမယ်လို့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က ပြောလိုက်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေကိစ္စ သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်း အကြား အငြင်းပွားနေ
လက်ရှိ အစိုးရအဖွဲ့အား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မှ
အကြံပေးမှုများ ရှိသည်ဆိုခြင်း အပေါ် သမ္မတဦးသိန်းစိန်နှင့် ပြည်
ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း အကြား အငြင်းပွား ဖွယ် ဖြစ်နေကြောင်း
ပြည်ပ သတင်းဌာန များ၏ အဆိုအရ သိရသည်။
သမ္မတ အကြံပေးမှ နုတ်ထွက်၍ နိုင်ငံရေး ပါတီထောင်သူ ဒေါက်တာ နေဇင်လတ် နှင့် တွေ့ဆုံ မေးမြန်းခြင်း
နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်တစ်ဦး ဖြစ်သော ဒေါက်တာနေဇင်လတ် သည်
အကြံ ပေး အဖွဲ့မှ မိမိ ဆန္ဒအလျောက်နုတ်ထွက်၍ နိုင်ငံရေးပါတီ တစ်ခုဝယ် နာယကအဖြစ် တာဝန်ယူ လိုက်သည်။ ယင်းပါတီကို ပူးပေါင်းတည် ထောင်ရာတွင်လည်း
ပါဝင်နေပြန်သည်။ ပြည်သူ အများ မျှော်လင့် စောင့် စားနေကြသော ၂ဝ၁၅ ရွေး
ကောက်ပွဲကျင်းပရန် လအနည်းငယ်မျှအလိုတွင် ပါတီတစ်ခု ယခုကဲ့သို့
ဗြုန်း စားကြီး ပေါ်ပေါက်လာသဖြင့် အားလုံး စိတ်ဝင်စားကြသည်။
ထိန်းချုပ်မှုမဲ့ ရုရှားအာကာသယာဉ်တစ်စီး မေ ၈ ရက်နေ့ နံနက်စောစော ပိုင်းတွင် ကမ္ဘာပေါ်သို့ပြုတ်ကျလာမည်၊ မည်သည့်နေရာသို့ပြုတ်ကျမည်ကို မသိရ
အာကာသထဲမှ ရုရှားကုန်တင် အာကာသယာဉ်တစ်စီး ယခုရက်သတ္တပတ်ထဲတွင်ပင် ကမ္ဘာမြေပေါ် သို့ ပြန်လည်ပြုတ်ကျလာမည်ဖြစ်ပြီး မည်သည့်နေရာသို့ပြုတ်ကျမည်ကိုမူ ခန့်မှန်းမရဖြစ်နေကြောင်းသိ ရသည်။
အပစ်ရပ်စာချုပ် ဝနှင့် မိုင်းလား လက်မှတ်ထိုးမည် မဟုတ်
ဝပြည်သွေးစည်းညီညွတ်ရေး
တပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှာ အစိုးရနှင့်
ညှိနှိုင်းနေသည့် တနိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်
(NCA)တွင် လက်မှတ် ရေးထိုး မည်မဟုတ်ဟု ပန်ဆန်းတိုင်းရင်းသားထိပ်သီး
ညီလာခံအပြီးတွင် သတင်း မီဒီယာများကို ပြောဆိုလိုက် သည်။
အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော် မဆောင်ရွက်နိုင်သေး
၂၀၁၀ ရွေးကောက်ပွဲရလဒ်နှင့်အတူ ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ ရဲ့ သက်တမ်းဟာ အခုဆိုရင် ၄ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ၅ နှစ်သက်တမ်း တာဝန်ယူ ရမယ့် လွှတ်တော်တွေဟာ ဥပဒေပြုရေး တာဝန်တွေ ဆက်လက် ထမ်းဆောင်ဖို့ သက်တမ်းဟာ လပိုင်းမျှပဲ ကျန်ပါတော့တယ်။
အသစ်ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်မည် မဟုတ်ဟု ကြံ့ခိုင်ရေးပါတီဆို
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားဆဲ ဖြစ်သော အသစ်ပေါ် ထွက်လာမည့် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော် က ပြောကြားသည်။
NCCT နှင့် UPWC တို့၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမူကြမ်း ၀ တပ်ဖွဲ့လက်မခံ
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ် ပန်ဆန်းမြို့တွင် ၅ ရက်ကြာ ကျင်းပ သော တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များညီလာခံ၌ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်းကို လက်မ ခံနိုင်ကြောင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက ပြောဆို လိုက်ပါသည်။
သျှမ်းပြည်နယ်ကနေ ၀ တကယ်ခွဲထွက်တော့မှာလား
မေ ၁ - ၆ ရက်နေ့ အထိ ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ကမကထပြု၊ ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ မိုင်းလားတပ်မတော်တို့ ကူညီ ပံ့ပိုးမှု နဲ့ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမြို့မှာ တိုင်း ရင်းသားလက်နက် ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ စုံညီတဲ့ ညီလာခံ တရပ် ကျင်းပ ကြပါတယ်။ အိမ်ရှင် ၀ တပ်ဖွဲ့က ကိုယ်ပိုင် ပြည်နယ် ထူထောင်နိုင်ရေးအတွက် ထောက်ခံ မှုရဖို့ ညီလာခံလက်ခံကျင်းပ ရခြင်းရဲ့ ရည်ရွယ်ချက် များ ထဲက အဓိကထဲက တခုပါဝင်ပါတယ်။
အပူချိန် နေ့စဉ် မြင့်တက်၊ အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေ
မြန်မာနိုင်ငံတွင် ယခုရက်များအတွင်း အပူချိန် အမြင့်ဆုံး ၄၅ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာသဖြင့် အယ်နီညို ဖြစ်ပွားရန် ၇၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွန် ကြားရေးမှူး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။
ရခိုင်တွင် White Card သုံးသိန်းကျော် လာအပ်
ရခိုင်ပြည်နယ်တွင် သက်တမ်းကုန် ယာယီသက်သေခံလက်မှတ် (White Card) ပြန်လည်လက်ခံမှု တစ်လကျော်တွင် လက်မှတ် ၃၄၃,၀၅၃ ခု (သုံးသိန်းကျော်) လာရောက်အပ်နှံခဲ့ကြောင်း မေလ ၅ ရက်နေ့ အထိ လာရောက်အပ်နှံမှုစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည် နယ် ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
မြန်မာပြည်မြောက်ပိုင်း ထိုးစစ်များ ရပ်တန့်ရေး ပန်ဆန်း ညီလာခံတောင်းဆို
မြန်မာပြည် မြောက်ပိုင်းမှာ အစိုးရစစ်တပ်ရဲ့ ထိုးစစ်ဆင်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့  ၀ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပန်ဆန်းမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ ခေါင်းဆောင်တွေရဲ့ ၆ ရက် ကြာ ထိပ်သီးအစည်းအဝေးပွဲအပြီး တောင်းဆိုလိုက်ပါတယ်။
လူကုန်ကူးသူများ၏ စခန်းအသစ်များ ထိုင်းရဲ ထပ်မံတွေ့ရှိ
လူကုန်ကူးခံရသူများကို ထားရှိခဲ့သည်ဟု ယူဆရသော နောက်ထပ်စခန်း ၂ ခုကို ထိုင်းနိုင်ငံတောင်ပိုင်း တွင် မေလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့မှ ထပ်မံတွေ့ရှိခဲ့သည်။ တခုမှာ လတ်တလော စွန့်ခွာသွားသည့် စခန်းဖြစ်ပြီး နောက်တခုတွင် အရိုးစုတခု မြှုပ်နှံထားသည်ကို တွေ့ရှိရသည်။ တခြားနေရာတခုတွင် အလောင်း ၂၆ လောင်း တွေ့ရှိခဲ့ရပြီး ရက်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ထပ်မံတွေ့ရှိရခြင်းလည်း ဖြစ် သည်။
KNPP စည်းရုံးရေးဆင်းမှု အစိုးရ တားမြစ်
ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ အဖွဲ့ဝင်များသည် လက်နက်များ ကိုင်ဆောင်ပြီး အင် အားပြ၍ စည်းရုံးရေးဆင်းရန် ပြင်ဆင်နေမှုကို အစိုးရက သတိပေး တားမြစ်လိုက်ကြောင်း သိရသည်။ KNPP အဖွဲ့ဝင်၂၀၀ ၀န်းကျင်သည် လက်နက်များ ကိုင်ဆောင်၍ ကယားပြည်နယ်၊ ရှားတောမြို့နယ် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း စည်းရုံးရန် မေလဆန်းက လုပ်ဆောင်ခဲ့ကြောင်း၊ စည်းရုံးရေး လုပ်ငန်းစဉ်များအတွက် သံလွင်မြစ် အနောက်ခြမ်း၌ အခြေပြု နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်နေကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
တရားမဝင် လုံခြုံရေးအဖွဲ့ကို တောင်ကြီး ဒေသခံများ ကန့်ကွက်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် “Law and order” ဆိုသည့် တံဆိပ်ပါ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် တရားမဝင် လုံခြုံရေး အဖွဲ့ကို ဖျက်သိမ်းပေးရန် ဒေသခံများက ကန့်ကွက်တောင်းဆို ကြကြောင်း သိရသည်။
ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ‘၀’ ဒေသ မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုးမှုများ လိုက်လံပြသ
ရှမ်းပြည်နယ် ပန်ဆန်း(ပန်ခမ်း) မြို့၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် များ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များအား အိမ်ရှင် ‘၀’ ပြည်သွေး စည်းညီညွတ်ရေးတပ် (UWSP/UWSA) က မေ ၅ ရက်တွင် ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း မိုင်းမောခရိုင် မိုင်းမောမြို့နယ်ရှိ အစားထိုးသီးနှံ စိုက်ခင်း များနှင့် ဒေသဖွံ့ဖြိုးမှုများအား လိုက်လံပြသ ခဲ့သည်။
MRTV နဲ့ HOME Media တို့ ပူပေါင်းပြီး ဖျော်ဖြေရေး အစီအစဉ်တွေ ပြသတော့မယ်
မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့ HOME Media တို့ ပူးပေါင်း ထုတ်လွှင့်ပြ သမယ့် ဖျော်ဖြေရေး အစီအ စဉ်တွေအကြောင်း အသိပေး အခမ်းအနားကို ဒီနေ့ မေ ၆ ရက်နေ့မှာ ရန်ကုန် Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အမေရိကန်ပြည်ထောင်စုသို့ ရောက် ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်၌ မေ ၅ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
“ဝ” ပြည်နယ် တောင်းဆိုမှုအပေါ် ဒီလိုမြင်ကြတယ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရရှိထားသည့် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ် ပေးရေး အစိုးရနှင့် ညှိနှိုင်းရာတွင် ထောက်ခံပေးရန် “၀” ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA ) စစ်သေနာပတိချုပ် ပေါက်ယူချန်းက ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ပန်ဆန်းမြို့ တွင်ပြုလုပ်သည့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး”တွင် တက်ရောက်လာသည့် ခေါင်းဆောင်များကို တိုက်တွန်း တောင်းဆိုခဲ့ သည်။
‘၀’ အမျိုးသားပြည်နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအ၀င် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး ထုတ်ပြန်
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း အများစုက ‘၀’ အမျိုးသားပြည် နယ်အဆင့် တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်း အပါအ၀င် အချက် (၁၂) ချက်ပါ သဘောတူညီချက်ကို ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးက မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Wednesday, May 06, 2015
လက်ငင်းနိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို NDF ပါတီ၏ ဆဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်း အဝေးဆွေးနွေးမည်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဆဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်း အဝေးကို ၂၀၁၅ခုနှစ်၊ မေလ (၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

















































