ဗြိတိန်နဲ့ ခွဲရေး၊ တွဲရေးကိစ္စ စကော့တလန်မှာ တွဲရေးဘက်က အနိုင်ရသွားပါတယ်။ မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၈၄ ဒဿမ ၅ ရာခိုင်နှုန်းမှာ တွဲရေးက ၅၅ ရာခိုင်နှုန်း၊ ခွဲရေးက ၄၅ ရာခိုင်နှုန်း ရလဒ် မတိမ်းမယိမ်းနဲ့ အနိုင်ရ သွားတာပါ။ စကော့တလန်ရဲ့ သမိုင်းဝင် ဆန္ဒခံယူပွဲဟာ တခြား ပြည်ထောင်စုတွေအတွက် ကောင်းတဲ့ နမူနာတခုလည်း ဖြစ်သွားပါတယ်။
Friday, September 19, 2014
အငြင်းပွားဖွယ်ရာ ဘွဲ့ဝတ်စုံပါဖောမန့်များ
မကြာမီအချိန်တွင် အတည်ဖြစ်လာတော့မည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ပညာရေးအဖွဲ့အစည်း များ၊ ဆရာများ၊ သမဂ္ဂကျောင်းသားအဖွဲ့ အစည်းများနှင့် တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ၌ပါဝင်ရမည့် လူဦးရေကွာခြားချက်သာရှိ၍ ထိုအချက်ကိုပြုပြင်ရန်လိုအပ်ဟု တောင်အာဖရိကနိုင်ငံမှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာဟမ်းနက်ပြော
အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင်များသည် တစ်ခုနှင့်တစ်ခု ကွဲပြားမှုမရှိဘဲ ပါဝင်ရမည့်လူအရေ အတွက်ကွာခြားမှုသာရှိပြီး ထိုအချက် ကို ပြုပြင်ရန် လိုအပ်ကြောင်း တောင် အာဖရိကနိုင်ငံမှ နိုင်ငံရေးသိပ္ပံပညာ ရှင်ဒေါက်တာ ဟမ်းနက်မှအကြံ ပြု ပြောကြားခဲ့ကြောင်း FDA အဖွဲ့သိရသည်။
အီကွေဒေါအလုပ်သမားဥပဒေသစ်ကို ကျောင်းသားနှင့် အလုပ်သမားများ ဆန့်ကျင်ဆန္ဒပြ
အီကွေဒေါနိုင်ငံ ကွီတိုမြို့မှာ ရာနဲ့ချီတဲ့ လုပ်သားတွေနဲ့ ကျောင်းသားတွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်နေကြတာပါ။ အလုပ်သမား ဥပဒေသစ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ် တွေ တိုးမြင့်မှုကို ဆန့်ကျင်ပြီး ခုလို ဆန္ဒပြတာ ဖြစ်ပါတယ်။
နုတ်ထွက်ဖို့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်
ပါကစ္စတန်နိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ တိုးလာနေပေမယ့် ၀န်ကြီးချုပ် နာဝပ်ရှရစ် ရာထူးက ဖယ်ပေးဖို့ တင်းခံနေတဲ့အတွက် နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာနေပါတယ်။နိုင်ငံနဲ့ အ၀ှမ်းက အစိုးရကိုဆန့်ကျင် ဆန္ဒပြသူ ထောင်ပေါင်းများစွားဟာ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ္မာဘက်မြို့မှာ စုရုံးခဲ့ကြပါတယ်။
အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ
အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ် လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာလိုက်တဲ့အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒ ခံယူပွဲ ပြီးဆုံး
ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာရှိတဲ့ စကော့လူမျိုးတွေဟာ ဗြိတိန်နိုင်ငံကနေ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ်နဲ့ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲကို ကြာသာပတေးနေ့က မဲပေးခဲ့ကြပြီးတော့ ၊ ဆန္ဒခံယူပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီဖြစ်ပါတယ်။
ဆီးရီယားသူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ ကန်လွှတ်တော်ဆုံးဖြတ်
ဆီးရီးယားရဲ့ အလယ်အလတ် ၀ါဒီသူပုန်တွေကို လက်နက်တပ်ဆင်ပြီး လေ့ကျင့်ပေးဖို့ သူ့ရဲ့ အစီအစဉ်ကို အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တာဟာ IS အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်သွား ဖို့ကိစ္စမှာ အမေရိကန်တွေဟာ တစုတစည်းတည်း ရှိနေတယ် ဆိုတာကို ကမ္ဘာကြီးကို ပြလိုက်တာဖြစ်တယ် လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာ မိန့်ခွန်းပြော
ယူကရိန်းသမ္မတ Petro Poroshenko ဟာ အမေရိကန်လွှတ်တော်မှာ ကြာသပတေးနေ့က မိန့်ခွန်းပြော ကြားခဲ့ပြီး၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံး က သူ့ကို အချိန်အတော်ကြာ မတ်တပ် ရပ်ပြီး လက်ခုပ်သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားတွေရဲ့ ရက်စက်ကြမ်း ကြုတ်မှုကို ဆက်ပြီးတော့ ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ ယူကရိန်းနိုင်ငံကို စစ်ရေး၊ နိုင်ငံရေး နဲ့ စီးပွားရေး အထောက်အကူတွေပေးဖို့ မစ္စတာ ပိုရိုရှန်ကိုက အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက် ပါတယ်။
တပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ တင်းမာမှုလျှော့ရန် ဆွေးနွေး
ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) နှင့် တပ်မတော် ခြေလျင် တပ်ရင်း ၂၇၅ တို့ကြား အပြန်အလှန် အသိပေးအကြောင်းကြားစာများ ထုတ် ပြန်နေခြင်း နှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ စက်တင်ဘာလ ၁၈ ရက်က မြ၀တီမြို့တွင် ညှိနှိုင်းခဲ့ကြသည်။
နမ့်ခမ်းမြို့နယ်မှာ ဗုံးကွဲ၊ ၁ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်ဇန့်ရပ်ကွက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ ညက ဗုံးပေါက်ကွဲလို့ လူ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဗုံးကွဲနေရာဟာ ကျားဖြူပါတီရဲ့ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် စိုင်းအောင်ဝင်းရဲ့ အိမ်ရှေ့မှာ ဖြစ်ပြီး သူရဲ့ ယောက်ဖဖြစ်သူ စိုင်းညွန့်မောင် ခေါ် စိုင်းအိုက်က ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံကြီးမှာ တင်ထားရတယ်လို့ စိုင်းအောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ကမ္ဘာ့ဘာသာရေးအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုယ်စားပြုစာတမ်းကို သီတဂူဆရာတော်ကြီး တက်ရောက်ဖတ်ကြား
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာ ၁၈ ရက်၌ကျင်းပသည့် ကမ္ဘာ့ဘာသာရေးအသိုင်း အဝိုင်း၏ ငြိမ်း ချမ်းရေးထိပ်သီးဆွေးနွေးပွဲ (World Alliance of Religions Peace Summit) တွင် ထေရ ဝါဒဗုဒ္ဓဘာသာ ကိုယ်စားပြုစာတမ်းကို သီတဂူဆရာ တော်ကြီး ဒေါက်တာအရှင်ဥာဏိဿ ရ တက်ရောက်ဖတ် ကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွားတွေကို ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ တောင်းပန်လိုက်ရ
အကြောင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းမှာ အသတ်ခံရတဲ့ဗြိတိသျှနိုင်ငံ သားနှစ်ဦး အမှုနဲ့သက်ဆိုင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဘီကီနီ ရေကူးဝတ်စုံဝတ်ဆင်ကြတာနဲ့ပတ်သက်ပြီး ဒီလိုဝတ်စားတာဟာ အန္တရာယ်မရှိဘူးလား၊ မလှတဲ့ သူတဲ့သူဆိုရင်တော့မပြောလိုဘူးလို့ မှတ်ချက်ပေးပါတယ်။
သံဃာ့မဟာနာယက ပြန်ဖွဲ့စည်းရေး ရွှေဝါရောင် ၇ နှစ်ပြည့်မှာ တောင်းဆို
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ၀ါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့ က ကြေညာချက်ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန် ကန်ကန် ဖြတ်သန်းနိုင်ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စုတည် ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက်အခံ နိုင်ငံရေးခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစု စတင်ဖွဲ့စည်း
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ "ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု" အမည်နဲ့ အဖွဲ့သစ် တစ်ဖွဲ့ကို စစ်တွေမြို့မှာ ဒီနေ့ ဖွဲ့စည်းခဲ့ပါတယ်။ ‘ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု’ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး အဖွဲ့ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုခိုင်ကျော်မိုးက အခုလိုပြောပါတယ်။
မဖြူနှင်းထွေး လွတ်မြောက်ရေး ဗကသများအဖွဲ့ချုပ် တောင်းဆို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ဒေသခံတွေနဲ့အတူ ၀မ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ ဦးကို ခေတ္တထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ မဖြူနှင်းထွေး ကိုလွှတ်ပေးဖို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
KNU က UNFC ကို ပြန်ဝင်ရေးမဝင်ရေး အောက်တိုဘာ တတိယပတ် ဆုံးဖြတ်မည်
ကရင်အမျိုးသားအစည်းအရုံး (KNU)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်မည့် KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ကို လာမည့် အောက်တိုဘာလ တတိယပတ်တွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်ဟု ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် စောတာဒိုမူးက မဇ္ဈိမကို ပြောသည်။
ဒီမိုကရေစီရေးနှင့် နိုင်ငံရေးတွင် သံဃာတော်များ ဆက်လက်ပါဝင်မည်
သံဃာတော်များက ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း ကာ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေးများတွင် ဆက်လက်ပါဝင်လှုပ်ရှားသွားမည်ဟု ရွှေဝါရောင် နှစ်ပတ် လည်ဖြစ်မြောက်ရေး ကော်မတီမှ ဆရာတော် ဦးစန္ဒာသီရိက ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ကြားလိုက်သည်။
အစိုးရကို ဝေဖန်လိုက တိကျစွာထောက်ပြသင့်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သို့ ဦးရဲထွဋ်တုံ့ပြန်
လွှတ်တော်ဥက္ကဋ္ဌတစ်ဦးသည် အစိုးရဌာနဝန်ကြီးများကို ဝေဖန်လိုပါက တိကျခိုင်မာသည့် အချက်အလက် များကို ကိုးကားပြီးမှ ဝေဖန်သင့်သည်ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။
သတင်းမီဒီယာဖွံ့ဖြိုးရေး စိန်ခေါ်မှုတွေ ဆွေးနွေး
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေးဆွဲနေတဲ့ ဥပဒေတွေကို အစိုးရတာဝန်ရှိသူတွေ နားလည်အောင် ကြိုးစားနေ ရတာဟာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာကျင်းပနေတဲ့ တတိယအကြိမ်မြောက် သတင်းမီဒီယာဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ပထမနေ့နားချိန်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ
ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံးသွားသော ကြောင့် ယင်းတက္ကသိုလ်မှလက် ထောက်ညွှန်ကြားရေးမှူးက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ အဖြေလွှာများမှာ စက်တင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ကလေးမြို့နည်းပညာတက္ကသိုလ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်းက တရားလို ပြုလုပ်တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။
ရွှေဝါရောင်ကာလတွင် ကျူးလွန်ခဲ့သူများ ၀န်ခံရန် ဦးမင်းကိုနိုင်ပြော
ရွှေဝါရောင်တော်လှန် ရေးကာလတွင် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တာဝန်ရှိသူများကိုယ်တိုင် ၀န်ခံရန်လိုအပ်ပြီး သမိုင်းတွင် အမှန်တရားကျန်ခဲ့ မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ဒေါ်လာ ငါးဘီလျံကျော် ရှိလာ၍ ချေးယူထားသည့် ၀န်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရှိနေပြီဖြစ်သဖြင့် ချေးယူထားသည့် ဝန်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ
အသစ်ထုတ်ဝေမည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူပုံစံအား တွေ့ရစဉ်
အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို အောက်တိုဘာ ၁ ရက် တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မား စေရေး၊ အရည်အသွေးပိုမိုကောင်း မွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Thursday, September 18, 2014
အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များကို စစ်ဆင်ရေးအတွက် အသုံးမပြုဟု အိုဘားမားပြောကြား
အီရတ်သို့ ရောက်ရှိနေသည့် အမေရိကန် တပ်ဖွဲ့များသည် စစ်သွေးကြွများကို တိုက်ခိုက်သည့်ကဏ္ဍတွင် ပါဝင်မည်မဟုတ်ဟု အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ပြောကြားခဲ့သည်။အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့ကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုများအပြင် ခြေလျင်တပ်များပါ ပို့ဆောင်သင့်ကြောင်း အဆိုပြုမှုများကို အိုဘားမားက အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။
ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား
စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။
အာရှကို ခြိမ်းခြောက်လာသော အစ္စလာမ္မစ်နိုင်ငံတော်
အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် စကားလုံးသည် ကမ္ဘာ့အရှေ့ဖျား နိုင်ငံများတွင် ရေပန်းစားလာသည့် စကားလုံး ဖြစ်လာပြီး အာရှကို ခြိမ်းခြောက် လာနေကြောင်း ကျွမ်းကျင်သူ ပညာရှင်များက သတိပေးကြ သည်။ အစ္စလာမ္မစ် နိုင်ငံတော်ဆိုသည့် အုပ်စုသည် ယခင်က အီရတ်နှင့် လီဗန့် အစ္စလာမ္မစ် နိုင်ငံတော်ကို ကိုယ်စားပြု သုံးစွဲကြခြင်း ဖြစ်သည်။
နည်းနည်းလေးမှ မဝေးချင်ဘူး အခွေ အောက်တိုဘာလမှာ ထွက်ရှိတော့မယ့် အကြောင်း ဖွင့်ဟလာတဲ့ အဆိုတော် နေနေ
Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှု ရရှိခဲ့တဲ့ အဆိုတော်နေနေ ဟာ ဆူးစူးသူ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီးနောက် ဒုတိယအခွေဖြစ်တဲ့ နည်းနည်းလေးမှမဝေးချင်ဘူးကို အောက်တိုဘာမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရတာကြောင့် ဒီအခွေလေးနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့
အဆိုတော် ချမ်းချမ်း လုပ်မယ့် စီးပွားရေး အကြောင်း
လာမည့်နှစ်တွင် H&C တံဆိပ် နှင့် အဝတ်အထည် ထုတ်လုပ်မည် ဖြစ် ကြောင်း အဆိုတော် ချမ်းချမ်းက ပြောသည်။ ” H ဆိုတာက ကိုဘုန်းသိုက်၊ C က ချမ်းချမ်း ခေါ်ရတာလည်း လွယ်တယ်။ ဒါလေးပဲ သုံးဖြစ်မှာပါ။ လူကြီး တွေအတွက် အရင်ထုတ်ပြီး အဆင်ပြေရင် သမီးလေး နာမည်နဲ့ ပတ်သက်ပြီး တစ်ခုခု ထုတ်မှာပါ။
စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရဆောင်ရွက်နေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ၊ စစ်ဘေးရှောင်စခန်း (IDP)မှ ဒုက္ခသည်များ နေရပ်ပြန်လို၍၊ ပြည်နယ်အစိုးရအဖွဲ့မှ မူလကျေးရွာသို့ပြန်နိုင်ရန် အတွက် ဆောင်ရွက်ပေးလျှက်ရှိနေသည်ဟု ဗန်းမော် ခရိုင်ရှိ (IDP)စခန်းများကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံများ၊ အကြံပေးညှိနှိုင်းရေးမှူးများထံမှ သိရှိရသည်။
အစိုးရ ခေါင်းဆောင်နေရာ စစ်ခေါင်းဆောင်တို့ အတွက်သာ
၁၉၆၂ ခုနှစ်မှာ စစ်တပ်က ပထမဆုံး အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံးလုံးမပတ်သက်တဲ့ အရပ်သား သမ္မတဆိုတာ မရှိခဲ့သေးပါဘူး။ အဲဒီအချိန်ကစလို့ နောက်နှစ်ပေါင်း ၅၀ ကျော်ကြာကာလမှာ သမ္မတ ၅ ယောက်နဲ့ အခြား ခေါင်းဆောင် ၂ ယောက်ဟာ စစ်တပ်က လာသူတွေချည်းဖြစ်ခဲ့တာပါ။ အဲဒီ စစ်တပ်ခေါင်းဆောင်မှု အလားအလာဟာ အနည်းဆုံး၂၀၂၀ ခုနှစ်အထိ ဆက်ရှိလာနိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ သမ္မတ ၅ ယောက်ရှိခဲ့ပါတယ်။
ဆေးခြောက်သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုနဲ့ ဂျက်ကီချန်းရဲ့သားအား ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ပြီ
ဘေကျင်း ရဲတွေကတော့ ဟောင်ကောင်ရဲ့Martial Arts ရုပ်ရှင်ဇာတ်ကားထဲက နာမည်ကျော်အကျော် အမော် ဂျက်ကီချန်းရဲ့သားကို တခြားသူတွေ မူးယစ်ဆေး ဝါးသုံးစွဲမှုခွင့် ပေးထားတယ်ဆိုတဲ့ သံသယ ကြောင့် အများဆုံးထောင်ဒဏ်(၃) နှစ်ချမှတ်ခံရမယ့် စွပ်စွဲချက်နဲ့ အတူဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေတွေ ကပြောဆိုခဲ့ပါတယ်။
ထိုင်းကမ်းခြေလူသတ်မှုအတွက် ဗြိတိန်တဦးကို ထိန်းသိမ်းစစ်ဆေး
ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီအရပ် Koh Tao - လိပ်ကျွန်းပေါ်မှာ ဗြိတိန် နိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး သေဆုံးသူ တဦးနဲ့ အခန်းဖော်အဖြစ် တည်းခိုခဲ့သူ ဗြိတိန် အမျိုးသားကို သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အင်္ဂနေ့က ထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ ရေးလာပါ တယ်။
အခန်းဖော်ဗြိတိန်အမျိုးသားရဲ့ ခရီးဆောင် အိတ်ထဲက သိမ်းဆည်းမိတဲ့ ဘောင်းဘီမှာ သွေးစွန်းနေတာတွေ ဟာ အခန်းဖော်ဖြစ်သူရဲ့ သွေးဖြစ်နိုင်တယ် လို့ ယူဆပြီး အသက် ၂၅ နှစ်ရှိ Christopher Alan Ware လေဆိပ်ကို ရောက်နေ စဉ်မှာ အခုလို ထိန်းသိမ်းလိုက်တာလို့ ရဲ သတင်း ရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးပါတယ်။
သေဆုံးသူ Miller နဲ့ အတူ တည်းခိုခဲ့သူ Christopher Alan Ware ဟာ လိပ်ကျွန်းကနေ တနင်္လာနေ့ ညနေပိုင်းက ဘန်ကောက်ကို ထွက်သွားခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများက ပြောထား
တယ်လို့လည်း အဲဒီသတင်းမှာ ဆိုပါတယ်။
ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ည တုန်းက မစ္စတာ Ware ဝတ်ထားတဲ့ ဘောင်းဘီရှည်ကိုပဲ ဝတ်ပြီး ဘန်ကောက်ကို ထွက် သွားတာလို့ မျက်မြင်တွေက ဆိုထားပါတယ်။
ရဲတွေက မစ္စတာ Ware ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတာမှာ ကုတ်ခြစ်ရာ တချို့လည်း တွေ့ရသလို လက်မှာ လည်း ပြတ်ရှ ဒဏ်ရာတချို့လည်း ရှိနေတယ်လို့ ဆိုတယ်။
မူခင်းစစ်ဆေးမှုတွေအရ သေဆုံးသူ ဗြိတိန်သူရဲ့ ဘယ်လက်ထဲက ဆံပင်စကို DNA စစ်ဆေးထားပြီး မစ္စတာ Ware ရဲ့ ဆံပင်နဲ့ တိုက်ဆိုက်စစ်ဆေးမယ်လို့ ဆိုပါတယ်။
သတင်းမှာ ရေးထားတာက သေဆုံးသူ ဗြိတိန်သူရဲ့ လက်ထဲက ဆံပင်အရောင် ဟာ မစ္စတာ Ware ရဲ့ ဆံပင်အရောင်နဲ့ တူတယ်လို့ ဆိုတယ်။
သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးတဲ့အခါ ဗြိတိန်သူရဲ့ ခန္ဓာကိုယ် ထဲမှာ အမျိုးသားတဦး သို့မဟုတ် တဦးထက် ပိုတဲ့သူတွေရဲ့ သုတ်ပိုးတွေ့ထား တယ်လို့လည်း ဆိုပါတယ်။
မစ္စတာ Ware နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် လူ ၁၂ ဦးရဲ့ DNA နဲ့ ရရှိထားတဲ့ သဲလွန်စတွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ ကိုက်ညီမှု တခုမှ မရှိဘူး လို့လည်း ရဲအရာရှိ ကြီးတဦးက ပြောထားတယ်။
ဒါပေမယ့် အမျိုးသမီးခန္ဓာကိုယ်ထဲက ရတဲ့သုတ်ပိုးနဲ့ အခင်းဖြစ်တဲ့ နားက သိမ်းဆည်းထားတဲ့ သဲလွန်စ စီးကရက်ပေါ်က DNA ကတော့ ကိုက်ညီမှု ရှိတယ်လို့ ဆိုပါတယ်။
ကနဦးပိုင်းမှာ ထိုင်းရဲတွေက လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေ
တဲ့ တန်းလျား ကိုလည်း ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ပြီး ၃ ဦးကို ခေါ်ယူစစ်မေးခဲ့ပါသေး တယ်။
နောက်တော့ လူသတ်မှုနဲ့ မပတ်သက်လို့ သူတို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ တဲ့။
စစ်မေးခံရသူတွေက ထိုင်းတွေရော၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော၊ နိုင်ငံခြားသားတွေရောပါ။
ဒါပေမယ့် ပထမပိုင်း သတင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ တရားခံဖြစ်မယ့် ပုံစံ သတင်းတွေ ဖော်ပြတော့ မြန်မာတွေ အတော်ပဲ စိတ်ခံစားမှု ဖြစ်ကြတာကို ဖေ့စ်ဘုတ်ကွန်မင့်တွေ
မှာတွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာလည်း နိုင်ငံခြားသားဖြစ်နေပါလျက် ဗြိတိန်သေဆုံးမှုမှာ အလေးပေး အာရုံစိုက်ပြီး အရေးယူဖို့ အားတက်သရော လုပ်ဆောင်ကြပေမယ့် မြန်မာအလုပ်သမားတွေ ထိုင်းမှာ မကြာခဏ အသတ်ခံရတဲ့ကိစ္စ ထိုင်းဘက်က သိပ်အရေးတယူ မရှိတာကို မြန်မာဖေ့စ်ဘုတ်သုံး သူတွေက ဝေဖန်ကြ
တာများပါတယ်။
တကယ်တော့ ဒီလို ဖြစ်နေရတာတွေဟာ မြန်မာအစိုးရက ကိုယ့်နိုင်ငံသားတွေအပေါ် အကာအကွယ်ပေး
မှု ပျက်ကွက်နေ လို့ ဖြစ်တယ်လို့ ထောက်ပြနေကြတွေလည်း ရှိပါတယ်။
ဧရာဝတီblog
G-20 ငွေကြေးဆိုင်ရာ ညီလာခံ ဒီကနေ့စပြီ
သြစတြေးလျနိုင်ငံမြောက်ပိုင်း ကွင်းစလန်းပြည်နယ်မှာ ဒီကနေ့ကစပြီး စက်မှုထိပ်သီးနိုင်ငံများ G-20 ရဲ့ ငွေကြေးဆိုင်ရာ ညီလာခံကြီး စတင်နေပြီ ဖြစ်ပါတယ်။ G-20 ညီလာခံကို တက်ရောက်ကြမယ့် နိုင်ငံ တကာက ကိုယ်စားလှယ်တွေ၊ သူတို့ကို ကူညီမယ့်သူတွေအပါအဝင် မီဒီယာသမား စုစုပေါင်း အယောက် တစ် ထောင် လောက် ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် Cairns မြို့မှာ လုံခြုံရေးတွေ တင်းကြပ်ထားပါ တယ်။
ဗြိတိန်နဲ့ မခွဲလိုသူတွေ ပိုများကြောင့် ကြိုတင်စစ်တမ်းမှာပြသ
စကော့တလန်နိုင်ငံက ဗြိတိန်နိုင်ငံကနေ ခွဲထွက်သင့်သလား မသင့်ဘူးလားဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေက အစွမ်းကုန် မဲဆွယ်စည်းရုံး မှုတွေ လုပ်ခဲ့ကြပါတယ်။
မာစတာပို့စ် အလုပ်သမားများ၏ လစာ ကျပ်သိန်း ၂၀၀၀ ကျော်ကို လျော်ပေးမည်
ကိုရီးယားလူမျိုးပိုင် မာစတာပို့စ် ဖိနပ်စက်ရုံက လုပ်ခလစာမရပဲ နစ်နာနေတဲ့ အလုပ်သမားအယောက် ၇၀၀ အတွက် နစ်နာကြေး ကျပ် သိန်း ၂ ထောင်ကျော်ကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ စက်ရုံနဲ့ ကျန်ရှိပစ္စည်းတွေကို လေလံဆွဲအပြီး ပေးချေသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။
မကွေးမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးစီးသူများ အမှုဖွင့်ခံရ
မကွေးတိုင်းမကွေးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုတွေ့ဆုံပွဲကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူ ၁၁ ဦးကို မကွေးမြို့မရဲစခန်းက ပိုင်နက်ကျူးလွန် မှုနဲ့ တရားစွဲဆို လိုက်ပါတယ်။
သမိုင်းဝင် စကော့တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲအတွက် ပြိုင်ဘက် အင်အားစုများ နောက်ဆုံးပိတ် အပြင်းအထန် မဲဆွယ်
ဗြိတိန်နိုင်ငံမှ စကော့တလန် ခွဲထွက်ကာ လွတ်လပ်ရေးရယူရန် အဆုံးအဖြတ်ပေးမည့် လူထုဆန္ဒခံယူပွဲကို မနက်ဖြန် (စက်တင်ဘာ ၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ရာ ယင်းဆန္ဒခံယူပွဲ မပြုလုပ်မီ တစ်ရက်အလိုတွင် ဆန့်ကျင်သူနှင့် ထောက်ခံသူ အင်အားစုများက မဲဆွယ်စည်းရုံးမှု အသီးသီးကို နောက် ဆုံးပိတ်အနေနှင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
သီချင်းဆိုပြတဲ့ ထိုင်းဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးတွေဆိုတာ စွယ်စုံရပုဂ္ဂိုလ်များ ဖြစ်ကြတယ် ဆိုတဲ့အချက်ကို မယုံမရှိ ယုံကြည်မိပါ၏လို့ ပြောရ ပါတော့မယ်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာဟာ အစိုးရရုံးမှာ သတင်းထောက်တွေ က သီချင်းဆိုပြပေးဖို့ ပြောဆိုတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ 'Return Happiness to Thailand' ဆိုတဲ့ သီချင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က သံစဉ်တကျ သီဆိုပြသွားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအားအမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်
ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား အမေရိကန် အပါအဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
ဥပဒေပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ လွှတ်တော်အမတ်အဖြစ် ပါဝင်နိုင်မည်ဟုဆို
မသန်စွမ်းသူများဆိုင်ရာ ဥပ ဒေကိုရေးဆွဲပြီးဖြစ်ရာ ယင်းဥပဒေ ပြဋ္ဌာန်းပြီးချိန်တွင် လွှတ်တော်အတွင်းသို့ မသန်စွမ်းသူများလွှတ်တော်ကိုယ် စားလှယ်အဖြစ်ပါဝင်နိုင်မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ရွှေမင်း သားဖောင် ဒေးရှင်း(မြန်မာ)မှနာယက မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားမှ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးမြင့်က ပြောသည်။
အချုပ်သား ထွက်ပြေးမှုဖြင့် အိမ်မဲ ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး စစ်ဆေး
ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့မ ရဲစခန်းမှ အချုပ်သားများ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး အိမ်မဲ ရဲစခန်းမှ တပ်ကြပ်ကြီး အဆင့်ရှိသူ တဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၇ ဦးအား ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

















































