အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ်က ဖြုတ်ချခံအစိုးရခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ပြီးနောက် ဘန်ကောက် ရှိ စစ်ရုံးချုပ်သို့ သွားရောက်ခဲ့သော ၀န်ကြီးချုပ်ဟောင်း ယင်လက်နှင့် မိသားစုဝင်များ၊ ယင်လက်နေရာကို ဆက်ခံသူ ၀န်ကြီးချုပ် ဘွန်ဆောင်ပေဆန် အပါအ၀င် နိုင်ငံရေးသမားအမြောက်အမြား ထိန်းသိမ်းခံခဲ့ ရကြောင်း သိရသည်။
Saturday, May 24, 2014
တိုင်းရင်းသားတွေ တင်ပြတဲ့ ဖက်ဒရယ်မူ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ လက်ခံ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တင်ပြလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က လက်ခံပြီး သမ္မတ ဦးသိန်းစိန်ကို ဆက်လက်တင်ပြဖို့ သဘောတူညီခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးကပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အချောသတ်ရေးဆွဲဖို့ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ မေလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့ထိ သုံးရက်ကြာဆွေးနွေးခဲ့ကြတာပါ။
အခြေခံဥပဒေပြင်ဆင်ရေး ရုပ်ရှင်အနုပညာရှင်တွေ လက်မှတ်ရေးထိုးမည်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ အတွက် ရုပ်ရှင် ဒါရိုက်တာတွေနဲ့ အနုပညာရှင်တွေကလည်း ဒီည ၇ နာရီမှာ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် စိတ်ပါဝင်စားသူ အနုပညာရှင်တိုင်း ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်ထားကြောင်း ဒီနေ့ အစောပိုင်းမှာ အာအက်ဖ်အေကမေးမြန်းစဉ် ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလို ပြော ပါတယ်။
တပ်မတော်မိသားစုတွေ ပါဝင်လက်မှတ်ထိုးနိုင်ရေး NLD အမတ် စီစဉ်
လာမယ့် မေလ ၂၇ရက်နေ့ နေပြည်တော်ခရိုင် မြို့နယ် ၅မြို့နယ်မှာ ကျင်းပမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေမှာ တပ်မတော်မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ထိုင်းစစ်အာဏာသိမ်းမှုကို နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင် ဝေဖန်နေချိန် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံက တိကျသော ဝေဖန်သုံးသပ်မှု မပြုနိုင်ခဲ့
မေ ၂၂ ရက်တွင် ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၏ မဟာမိတ်များနှင့် အဓိကကုန်သွယ်ဖက် နိုင်ငံများသည် စိုးရိမ်ပူပန်မှုကို ပြသလျက် အရပ်ဘက်အုပ်ချုပ်ရေးသို့ အမြန်ဆုံးပြန်သွားရန် တောင်းဆိုခဲ့ကြသည်။ အချို့နိုင်ငံများက ကမ္ဘာ့လှည့်ခရီးသည်များ ကြိုက်နှစ်သက်သည့် ထိုင်းနိုင်ငံသို့ ခရီးသွားလာမှုအပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
Friday, May 23, 2014
နိုင်ငံပြုပြင်ပြောင်းလဲမှုများအား တပ်မတော်က ပေးထားခြင်းဖြစ်၍ အလွယ်တကူ အာဏာပြန်သိမ်းမည်မဟုတ်ဟု ဦးဌေးဦးပြော
မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအား တပ်မတော်က ပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ အာဏာ ပြန်သိမ်းမည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မီဒီယာများအား ပြောကြားခဲ့သည်။
ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း
ယင်လတ်နဲ့ သူ့မိသားစုဝင်တွေအပြင် အစိုးရ ခေါင်းဆောင်ဟောင်းတွေကို ထိန်းသိမ်းထားထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပြီလို့ သိရပါတယ်။ ယင်လတ် နဲ့ အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။
မိုးသီးဇွန် ပြည်တွင်းမှ ပြန်လည်ထွက်ခွာမည်
မြန်မာနိုင်ငံ ရောက်ရှိနေသည်မှာ ၈လခန့် ကြာမြင့်နေပြီဖြစ်သည့် အမေရိကန်နိုင်ငံသား ခံယူထားသူ မိုးသီးဇွန်ကို ဗီဇာသက်တမ်း ဆက်လက်တိုးပေးခြင်း မရှိသောကြောင့် လာမည့် မေလ ၂၅ ရက်တွင် ပြည်တွင်းမှ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ကြောင်း သိရသည်။
နှစ် ၃၀ သဘာဝဓာတ်ငွေ့ သဘောတူညီချက် ရုရှားနှင့်တရုတ် လက်မှတ်ရေးထိုး
ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် နှစ် ၃၀ သဘာဝဓာတ်ငွေ့ သဘောတူညီချက် တစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လက်မှတ် ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု ကြုံတွေ့နေရခြင်းကြောင့် စွမ်းအင် ရောင်းချနိုင်ရန် ဈေးကွက်သစ်များ ရှာဖွေလျက် ရှိသည်။
မဲဆောက်-မြ၀တီ လှေဆိပ်များ ပိတ်ထား
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကြောင်း မနေ့ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် ပိတ်ခဲ့တဲ့ နယ်စပ် မဲဆောက်-မြ၀တီ ဂိတ်ကို ဒီမနက် ပြန်ဖွင့်ပေမယ့် တံတားအောက် သောင်ရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေ ကိုတော့ ပိတ်ထားလိုက်ပါတယ်။
တောင်နှင့်မြောက်ကိုရီးယား ၂ နိုင်ငံ ရေတပ်သင်္ဘောများ ပစ်ခတ်မှုဖြစ်
တောင် နဲ့ မြောက်ကိုရီးယား ရေတပ်သင်္ဘောတွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ပင်လယ်ရေပြင်မှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောဆိုပါတယ်။ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ရေပြင်အနား ကင်းလှည့်နေတဲ့ တောင်ကိုရီးယားရေ တပ်သင်္ဘောကို မြောက်ကိုရီးယားရေ တပ်သင်္ဘောက အရင် ပစ်ခတ်ခဲ့တာဖြစ်ပြီး သင်္ဘောကိုထိမှန်ခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။
အင်းလေးကန် ဖွံ့ဖြိုးရေး ကျပ် သန်း ၇၅၀ လောက်သုံးမည်
၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေဆီကနေ ၀င်ငွေ ကျပ် ၁ ဘီလီယံခွဲလောက် ရခဲ့ပြီး အဲဒီထဲကတ၀က်ဖြစ်တဲ့ ကျပ်ငွေ သန်း ၇၅၀ ကို အင်းလေးကန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ထိုင်း စစ်အာဏာသိမ်းမှု ကုလသမဂ္ဂနှင့် နိုင်ငံတကာ စိုးရိမ်
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် အပါအ၀င် နိုင်ငံတကာက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ပြောဆိုကြသည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု အပေါ် အထူး စိုးရိမ်မိကြောင်း ၄င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။
NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
တပ်မတော်မှအာဏာသိမ်းကို ဆန့်ကျင်သည့်လှုံ့ဆော်မှုများရေးသားပါက မည်သည့်လူမှု ကွန်ရက်ကိုမဆိုပိတ်မည်ဟု ထိုင်းအာဏာသိမ်းအဖွဲ့က သတိပေး
လူမှုကွန်ရက်များတွင် တပ်မတော်မှအာဏာသိမ်းမှုနှင့် တပ်မတော်ခေါင်းဆောင်များကို ကိုဝေဖန်ပြော ဆိုခြင်း(သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက်ကိုမဆိုပိတ်မည်ဖြစ် ကြောင်း အာဏာသိမ်းအဖွဲ့ကယနေ့သတိပေးသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာဥက္ကဋ္ဌကို တရားစွဲ
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ဆက်သွယ်မှုနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်တုံမြို့နယ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျေးရွာဥက္ကဋ္ဌကို မြို့နယ်တရားရုံးက မတရား သင်းဆက်သွယ်မှု ၁၇ /၁ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် အရပ်ဘက် အဖွဲ့အစည်း ၃၅ ဖွဲ့မှ လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် အဖွဲ့ဝင် ဦးကျော်ကျော်ညွန့်က ပြောကြားသည်။
" ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို "
အိချောပို က ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့
ထိုင်းအာဏာသိမ်းမှုအကြောင်း ဦးရဲထွဋ် နဲ့  အင်တာဗျူး
ထိုင်းအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ကို သိလိုတဲ့အတွက် သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဆက်သွယ် မေးထားပါတယ်။ မြန်မာဟာ ထိုင်းရဲ့ အိမ်နီးချင်းလည်းဖြစ်၊ အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌတာဝန်ကိုလည်း ယူထားတဲ့အတွက် မြန်မာရဲ့အသံက နိုင်ငံတကာမှာ စိတ်ဝင်စားစရာ ဖြစ်နေ မှာပါ။
ထိုင်းနိုင်ငံမှာ ညမထွက်ရ၊ လူ ၅ ဦးထက်ပို မစုရ အမိန့် ထုတ်ပြန်
ထိုင်းနိုင်ငံမှာ ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ်က ယနေ့ ညနေပိုင်းက တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အာဏာ အဝဝကို စစ်တပ်က တာဝန်ယူလိုက်ပြီဆိုတဲ့ စစ်တပ်က အာဏာတကယ်သိမ်းလိုက်တာ ကြေညာအပြီး ဒီကနေ့ ညကနေစတင်ပြီး ထိုင်း နိုင်ငံ တ၀န်းလုံးမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။
၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဒ်မ ၄၃၆ ပြင်ဆင်လိုခြင်း ရှိ၊ မရှိ လွှတ်တော် အမတ်များကို စာရေးတောင်းဆို
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပါပုဒ်မ ၄၃၆ကို ပြင်ဆင်လိုခြင်းရှိ၊ မရှိ ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အမတ်များကို ကျောက်ဆည်မြို့ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မေလ၂၂ ရက်တွင် စာရေးသားပေးပို့တောင်းဆိုလိုက်ေ ကြာင်း တာဝန်ခံ ကိုသံမဏိက ပြောသည်။
နားရွက်ဆွဲခံလိုက်ရသည့် အမေရိကန် သမ္မတ အိုဘားမား
အမေရိကန် သမ္မတဆိုသော ဂုဏ်ပုဒ်သည် ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး၊ အရေးအရာ အထားခံရဆုံး၊ လုံခြုံရေး အတွက် အလေးထားခံရဆုံး ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ပုဂ္ဂိုလ်ကြီး ဘာရတ် အိုဘားမားခမျာ ကလေးငယ်တစ်ဦး၏ နားရွက်ဆွဲမှုကို အလစ်အငိုက်ခံလိုက်ရ ပြီး ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကိုယ်ရံတော်များက မှည့်တစ်ပေါက်မစွန်းအောင် အစွမ်းကုန်ကာကွယ်ထားသည့် အမေရိကန် သမ္မတကြီးကို အမည်မသိ ကလေးငယ်တစ်ဦးက နားရွက်ဆွဲသွားသည့် အခြေအနေသည် ရွှင်မြူးရယ်မောစရာ သတင်းတစ်ပုဒ်လည်း ဖြစ်လာသည်။
မဇ္ဈိမခရီး နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံတွင် ရိုက်ကူးလိုဟု စွန်းဝူခုန်း သရုပ်ဆောင် ပြောကြား
ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ မဇ္ဈိမခရီး (Journey To The West) ဇာတ်လမ်းတွဲ၏ နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံမှ အနုပညာရှင်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံတွင် ရိုက်ကူး လိုကြောင်း မျောက်မင်း စွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong က ပြောကြားသည်။
အစိုးရနဲ့ NCCT ကြား တပ်ပိုင်း ဆိုင်ရာ သဘောတူမှု ၉၀ ရာခိုင်နှုန်း ရခဲ့လို့ဆို
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးတွဲစာချုပ် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် ၉၀ ရာနှုန်းကျော် သဘောတူညီမှု ရခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောပါတယ်။
တရုတ်နိုင်ငံ ရှင်ကျန်ပြည်နယ် မြို့တော်၌ တိုက်ခိုက်မှု ဖြစ်ပွား၊ ၃၁ ဦး သေဆုံး
တရုတ်နိုင်ငံ ရှင်ကျန်ပြည်နယ် မြို့တော် အူရန်ချီရှိ ဈေးတစ်ခုအတွင်း တိုက်ခိုက်ရေးသမားများက ကားနှစ် စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၃၁ ဦး သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တရုတ် ရှင်ကျန်းဒေသ ဗုံးကွဲမှု ၃၁ ဦးထက် မနည်း သေဆုံး
တရုတ်နိုင်ငံ အနောက်ခြမ်း Xinjiang ပြည်နယ်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ Xinjiang ပြည်နယ်တွင်း လူမျိုးစုကွဲတွေ နေထိုင်ရှိနေတဲ့ မြို့တော်တွင်း လူစည်ကားရာ ဈေးတခုမှာ အခုလို တိုက်ခိုက်မှုဖြစ်တာပါ။ Sport ကား နှစ်စင်းဟာ Renmin ပန်းခြံနားက Urumqi မြို့တွင်း လူအုပ်ကို ၀င်ရောက် ထိုးတိုက်ခဲ့တာဖြစ်ပြီး၊ လူ ၉၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် ရှင်ဝါ သတင်းမှာ ဖော်ပြပါတယ် ။
NSA ဖုန်း မှတ်တမ်းယူမှု ကန် အောက်လွှတ်တော် တားမြစ်
အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA က အမေရိကန်နိုင်ငံသားတွေရဲ့ တယ်လီဖုန်းမှတ်တမ်းတွေ စုဆောင်းနေတဲ့ အစီအစဉ်ကို အဆုံးသတ်စေမယ့် အဆိုပြုချက်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်
ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့စိတ်ပျက်မိကြောင်း နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။
ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေ တဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းဖို့ တောင်းဆိုလိုက်ပါတယ်။
အပစ်ရပ်မူကြမ်းကိစ္စ ၀တပ်ဖွဲ့၊ SSA၊ မိုင်းလားတို့နဲ့ပါ ဆွေးနွေးသွားမည်
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာပြီးရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA အဖွဲ့တွေနဲ့ပါ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို မိုင်းလားဒေသတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အစိုးရ၏ ခွင့်ပြု ချက်ရ၊ မရ ယနေ့သိရမည်
လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အစိုးရခွင့်ပြုချက် ရ၊မရ ယနေ့ (မေ ၂၃ ရက်) တွင် သိရ မည်ဖြစ်သည်ဟု မေ ၂၂ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲ ဒုတိယနေ့အပြီးတွင် NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောကြားသည်။
ကျူးကျော်ဟုဆိုကာ ဖယ်ရှားခံရသော မန္တလေးတိုင်းအတွင်းရှိ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ကလေးငယ်များအတွက် သောက်သုံးရေနှင့် အဆောက် အအုံများ လိုအပ်နေဆဲဖြစ်
ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားခံခဲ့ရသည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာမှ စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ကလေးငယ်များ အတွက် သောက်သုံးရေနှင့် အခြားအဆောက်အအုံများ လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲထားခြင်းမဟုတ်ဘဲ ၀မ်ပေါင် တာဝန်ရှိသူများနှင့် ညှိနှိုင်းလို၍ ခေတ္တခေါ်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်းတောင်ဒေသခံများ ရှင်းလင်း
တရုတ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲထားခြင်း မဟုတ်ဘဲ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြေယာ ကိစ္စ ညှိနှိုင်းလို၍အတွက်သာ ခေတ္တခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း လက်ပံတောင်းတောင်၊ ဆည်တည်း ရွာရှိ ဒေသခံအချို့နှင့် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက မေ ၂၂ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံခန်း၌ သတင်းစာရှင်းလင်းခဲ့သည်။
ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ၀မ်းသာကြောင်း မြန်မာပရိသတ်များနှင့်တွေ့ဆုံစဉ် ၀ူခုန်းမင်းသား ပြောကြား
ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်း မေ ၂၂ ရက်နေ့က ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာပရိသတ်များနှင့် တွေ့ဆုံခြင်း အခမ်း အနားတွင် ဝူခုန်းမင်းသား Mr.Liu Xiao Ling Tong က ပြောကြားခဲ့သည်။
Thursday, May 22, 2014
ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် စစ်တပ်မှနိုင်ငံတော်အာဏာသိမ်း
ထိုင်းနိုင်ငံတွင် စစ်ဥပဒေကြေငြာပြီးနောက် မေလ ၂၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်မှစ၍ ထိုင်းဘုရင့် ကြည်း၊ရေ၊လေ တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ နိုင်ငံတော်အာဏာသိမ်းပိုက်လိုက်ကြောင်း တပ်မတော်စစ်ဦးစီးချုပ်မှ ထိုင်းရုပ်မြင်သံကြား လိုင်းတွင် တရားဝင်ကြေငြာလိုက်သည်။
သေမင်းတမန် လမ်းမကြီးကို ဘယ်လိုပြင်ကြမလဲ
ယာဉ်မတော်တဆ ထိခိုက်မှုတွေကြောင့် လူသေဆုံး ထိခိုက်မှုတွေ များနေတာကြောင့် “သေမင်းတမန် လမ်းမကြီး”လို့ လူတွေခေါ်လာကြတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ဖြတ်သန်း သွားလာဖို့အတွက် ပြည်သူတွေ ကြောက်ရွံ့နေကြပါပြီ။
ချစ်သူစုံတွဲတွေ ရေရှည်မြဲဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက်
ချစ်သူတွေ ဖြစ်လာတဲ့အခါ အချိန်တွေကြာလာလေ တစ်ယောက်အကြောင်း တစ်ယောက်သိလာရလေပါပဲ။ ဒီလိုအချိန်မှာ အချစ်တွေ ဟောင်းမသွားပဲ အမြဲသစ်နေအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့ အချက်လေးတွေ က အရေးပါလာပြီပေါ့။ နှစ်ဦးကြား တည်မြဲတဲ့ ဆက်ဆံရေးရှိနေအောင် ထိန်းသိမ်းချင်တဲ့သူတွေအတွက် ဆက်ဆံရေးခိုင်မြဲစေမယ့် လျှို့ဝှက်ချက်တစ်ချို့ကို ပြောပြပေးချင်ပါတယ်။
အမျိုးသား စီမံချက်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အား ကိုင်တွယ်ရန် မွန်ပြည်သစ် ဆုံးဖြတ်
မွန်ပြည်နယ်တွင်းရှိ မူးယစ် ဆေးဝါးများအား အမျိုးသားစီမံချက်အဆင့်သတ်မှတ်၍ တားဆီးရေး၊ ပညာ ပေးရေးနှင့် မူးယစ် ဆေးဖြတ် ပြည်သူများအား ပြန်လည် ထူထောင်ရေး စခန်းများ ဆောက်လုပ်၍ ကိုင်တွယ်သွားရန် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။
ထိုင်း စစ်အုပ်ချုပ်ရေးအောက်က အတွေးများ
ချင်းမိုင်က သက်ဆင် မိသားစုရဲ့ ဇာတိမြေ၊ ယင့်လခ်ကလည်း ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းပြီးခဲ့ပါတယ်။ ၀န်ကြီးချုပ်ဘ၀မှာ ဘန်ကောက်မှာ အကျပ်အတည်းတွေ့တိုင်း ယင့်လခ်က ချင်းမိုင်မှာ လာနေတယ်။ တီဗွီမှာ ကြည့်ရင် သူ့ကို ပန်းစည်းကမ်းတဲ့လူတွေလည်း အားကြီးပဲ။
အပစ်ရပ်မူကြမ်း၌ ဖက်ဒရယ်ဆိုင်ရာ အသုံးအနှုန်း တပ်မတော် လက်ခံ
ဒီမိုကရေစီနှင့် အမျိုးသားရေးတန်းတူ အာမခံချက်ပေးသော ဖက်ဒရယ်စနစ် ပုံဖော်မည့် ပြည်ထောင်စုစနစ် စကား အသုံးအနှုန်းကို အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် သုံးနှုန်းရန် တပ်မတော်ဘက်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်က မလိုက်နိုင်ဘူး”
ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor စသည့် နိုင်ငံခြား ကုမ္ပဏီများက မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက် သွယ်ရေးကဏ္ဍသို့ ဝင်ရောက်လာကြပြီး မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ဝ နယ်မြေအတွင်း မူးယစ်သုံးစွဲသူများအထူးဖမ်းဆီး
ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများအား အထူး ဖမ်းဆီးနေကြောင်း ကြားသိရပါသည်။
" ထိုင်းပညာရှင်၊ ထိုင်းသရုပ်ဆောင်နဲ့ အချစ်ဒရာမာ ရုပ်ရှင်ကားကြီး ရိုက်ကူးမယ့် မြင့်မြတ် "
ပြင်ဦးလွင်မှာ လဝက်ကျော် လောက် ဇာတ်ကားရိုက်ကူးခဲ့တဲ့ မြင့်မြတ် က လတ်တလော ရန်ကုန်ကို ပြန်လာပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပါတယ်။ ပြင်ဦးလွင် မှာ ဒါရိုက်တာ ဝင်းထွန်းထွန်း နဲ့တစ်ကား၊ ဒါရိုက်တာနေပိုင် နဲ့နှစ်ကား ရိုက်ကူးခဲ့ပြီး အဓိက ကွာခြားချက်ကတော့ ရာသီဥတုပဲ ဖြစ်ကြောင်း မြင့်မြတ်က ပြောပါတယ်။

















































