သင်ဇာဝင့်ကျော်က ‘ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထား ခဲ့ချင်တယ်’ ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားက ရဲအောင်နဲ့ စိုးမြတ်သူဇာတို့ ရိုက်ခဲ့ဖူးတဲ့ဇာတ်ကားဖြစ်ပြီး သင်ဇာဝင့်ကျော်က စိုးမြတ်သူဇာရဲ့ နေရာမှာ ပြန်လည်ရိုက်ကူး နေတာဖြစ်ပါတယ်။ မင်းသားရဲ့ ဒုတိယအိမ် ထောင်အဖြစ် သရုပ်ဆောင်ရတာ ဖြစ်တာကြောင့် သင်ဇာ ဝင့်ကျော်က
Friday, March 14, 2014
ပျောက်ဆုံးနေသော မလေးရှား လေယာဉ် အိန္ဒိယ သမုဒ္ဒရာတွင် ရှာဖွေရန် ပြင်ဆင်
ပျောက်ဆုံးနေသည့် လေယာဉ် ခရီးစဉ် အမှတ် MH 370 ကို ကူညီရှာဖွေ ပေးနေကြသော အမေရိကန်မှ အာရုံစိုက် ရှာဖွေမှုများကို အိန္ဒိယ သမုဒ္ဒရာ ဒေသအတွင်းသို့ ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ၎င်းပြောင်းလဲရှာဖွေမှုမှာ တိကျသေချာသည့် သက်သေများကို တွေ့ရှိမှုကြောင့် မဟုတ်ကြောင်း ပြော ဆိုခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့ တိုက်ပွဲလျှော့ချရေး ထပ်မံ သဘောတူ
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုများ
ရှိနေသောကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့တို့
အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေမှု
လျှော့ချရေး သဘောတူညီ ခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar
Peace Center) မှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ
မင်းဇော်ဦး က ပြောကြားသည်။
သမ္မတ၏ ခွင့်ပြုချက်ဖြင့် ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ကျော် အစိုးရအဖွဲ့ ထုတ်သုံး
ဘဏ္ဍာငွေ မလုံလောက်ခြင်းနှင့် နှစ်စဉ် ကြုံတွေ့နေရသော မြန်မာနိုင်ငံ အစိုးရ အဖွဲ့သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ၁၆၇၃၂ ဒသမ ၂၁၉ သန်း ထုတ်ယူ သုံးစွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
လူထု မှန်ကန်စွာ မဲပေးနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မည်
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု မှန်ကန်စွာ မဲပေးနိုင်ရေးအတွက် ရွေးကော်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားသည်။
နာမည်ကျော် ဗြိတိန် Harrow School မြန်မာတွင် ဖွင့်မည်
ကမ္ဘာပေါ်တွင် ငါးကျောင်းသာ ရှိပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း
ဝင်စတန်ချာချီ၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင်
ဟူစိန်စသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များကို
မွေးထုတ်ပေးခဲ့သော Harrow School ပုဂ္ဂလိက ကျောင်းကို မြန်မာနိုင်ငံတွင်
ဖွင့်လှစ်သွားမည် ဖြစ်ဖြစ်ကြောင်း ကျောင်းတာဝန်ယူ ဖွင့်လှစ်မည့်
ရိုးမကုမ္ပဏီ ထံမှ သိရသည်။
ကြံ့ခိုင်ရေးအမတ်ကို NLD တရားစွဲဖို့ပြင်
လက်ရှိအာဏာရ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်
ကိုယ်စားလှယ် တယောက်ကို အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD
က တရားစွဲဖို့ ပြင်ဆင်နေပါတယ်၊ NLD ရဲ့
ဂုဏ်သိက္ခာ ထိပါးစေလောက်အောင် ပါတီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဖို့ ပြင်ဆင်နေပြီ လို့ NLD ဖက်က
ပြောပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင်
အရပ်ဘက်လူ့အဖွဲ့အစည်း လှုပ်ရှားမှု များ လုပ်ကိုင်နေရာမှ လွှတ်တော်
နိုင်ငံရေးသို့ ကူးပြောင်း လုပ်ဆောင်ရန်
ဆုံးဖြတ်ချက် ချထားကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်
ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။
MH370 ခရီးသည် များ၏ မိသားစု များ လတ်တလော စားဝတ် နေရေး အတွက် ထောက်ပံ့ငွေ လက်မခံ
မလေးရှား လေကြောင်းလိုင်းမှ ယခုထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင်
လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ်ခရီးသည်များ၏ မိသားစုများအတွက် လတ်တလော
စားဝတ် နေရေး အထောက် အကူရစေရန်အတွက် လေကြောင်းလိုင်းက ခရီးသည်တစ်ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင်စီ ထောက်ပံ့ရန် စီစဉ်ခဲ့ရာ
မိသားစုဝင်များက လက်မခံဘဲ ပယ်ချ ခဲ့ကြကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှ စ၍ ပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်သည့်အချက်မှစ၍ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၃ ရက်က ပြောကြားသည်။
မလေးရှားလေယာဉ် ၄ နာရီကြာ ဆက်ပျံခဲ့ဖွယ်ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ရေဒါစက်ကွင်း ကနေပျောက်ကွယ်
သွားခဲ့ပြီးတဲ့နောက် မှာ လေးနာရီလောက်ကြာအောင် ဆက်ပြီး
ပျံသန်းနေနိုင်တယ်လို့ လေယာဉ်ပျောက် ရှာဖွေရေးမှာ ပါဝင်တဲ့ အမေရိကန်အရာရှိတစ်ဦးက
ပြောကြားလိုက်ပါတယ်။ ဂျက်လေယာဉ်ဟာ အချက်ပေးသံတွေ ပို့လွှတ် ခဲ့တာ တွေ့ရပြီး
ဒါဟာ ကောင်းကင်ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့တဲ့
လက္ခဏာလို့လဲ ပြော ပါတယ်။
Thursday, March 13, 2014
မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံတစ်ထောင်ကျော် ကန့်ကွက်မဲပေး
ကချင်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သော ဧရာဝတီ မြစ်ဆုံဒေသတွင်
တရုတ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI)က
တည်ဆောက်မည့် ရေအားလျှပ်စစ်စက်ရုံ
စီမံကိန်း အပေါ် သဘောတူ လက်ခံခြင်းရှိ၊မရှိ မတ်လ ၁၂ ရက်နေ့က ဆန္ဒခံယူခဲ့ရာ
မြစ်ဆုံအနီး ဝန်းကျင် ကျေးရွာ များရှိ ဒေသခံ တစ်ထောင်ကျော်က ကန့်ကွက်
မဲပေးခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ မြစ်ဆုံ အရေးလှုပ်ရှားသူ
ဒေါ်ကိုင်ဆိုင်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက်
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ
ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း
မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာနန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။
မလေးရှားလေယာဉ် ပျောက်ဆုံးမှု၌ တရုတ်မှ ခန့်မှန်းပေးထားသည့် နေရာများတွင် ဗီယက်နမ်မှ ရှာဖွေ
တရုတ်မှ သက်မှတ်ပေးထားသော ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် အမှတ် ၃၇၀၏ အကြွင်းအကျန်များ ကျန်ရှိနိုင်မည့် ဖြစ်နိုင်ဖွယ် နေရာများအပေါ်တွင် ပျံသန်းရှာဖွေခဲ့ရာ၌ မည်သည့် အပျက်အစီး အပိုင်းအစများကိုမှ မတွေ့ရှိခဲ့ရကြောင်း ဗီယက်နမ် ရှာဖွေသူများမှ သတင်းပေးပို့ခဲ့သည်။
"သင်္ကြန်မန္တလေး အယ်လ်ပိုင်းမှာ ရှိမယ့် ခင်လေးနွယ်"
ဒီနှစ်သင်္ကြန်မှာ ကိုယ်ပိုင်သီချင်းသစ်မဆိုနိုင်သေး ပေမယ့် မြူးကြွသီချင်းများနှင့် မန္တလေး အယ်လ်ပိုင်းမှာ ရှိမှာဖြစ်ကြောင်း ခင်လေးနွယ် က ပြောသည်။
ခင်လေးနွယ်က သရုပ်ဆောင် လောကမှ အနားယူလိုက်ပြီး ဂီတဘက်ကို ဇောက်ချလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်က သရုပ်ဆောင် လောကမှ အနားယူလိုက်ပြီး ဂီတဘက်ကို ဇောက်ချလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
MAI လေကြောင်းလိုင်းက ယူအေအီးသို့ ၂၀၁၅ ခုနှစ်တွင် စတင်ပျံသန်းမည်
မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်းဖြစ်သည့် MAI လေကြောင်းလိုင်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင်မှ ယူအေအီးနိုင်ငံသို့ ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲကာလ သတင်းမီဒီယာတွေ အရေးပါမည်
၂၀၁၄ နိုင်ငံရေး အခြေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလမှာ သတင်းမီဒီယာတွေရဲ့ ရေးသားတင်ပြမှုတွေဟာ အများပြည်သူတွေရဲ့ ထင်မြင်သုံးသပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောပါတယ်။
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုသည့် မြန်မာစာနေ့၌ ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင် မတ် ၁၂ ရက်၌ စတင်စစ်ဆေးခဲ့ပြီး စာမေးပွဲစတင်သည့် မြန်မာစာဖြေဆိုမှုအတွက် ကျောင်းသား အများစု ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
အခွန်ဥပဒေသစ် ပေးဆောင်ရနှုန်း သက်သာမည်
အခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးမယ့် ၀င်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွင် ဥပဒေသစ် ၂ ရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ သမ္မတ လက်မှတ်ရေးထိုးပြီးချိန်မှာ ဥပဒေတွေအဖြစ် အသက်ဝင်လာမယ့် အခွန်ဥပဒေသစ်အရ အခွန်ဆောင်ရတာ ပိုပြီး သက်သာမယ့် အခြေအနေမှာ ရှိပေမဲ့ လူတိုင်း အခွန်ဆောင်တဲ့ အနေအထား ဖြစ်လာဖို့ကတော့ အခွန်စည်းကြပ်သူတွေ ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးကို ပြုပြင်ဖို့ လိုအပ်နေဆဲပါလို့ ဆိုကြပါတယ်။
ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေ တာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇ ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က ရိုက်ယူခဲ့ တာဖြစ်ကြောင်း တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်ရှိ အခြေခံပညာ ကျောင်းများတွင် တရုတ်မုန့် မရောင်းရေး ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးမည်
ပြည်တွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးမှု များပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုများ ရှိနေသော တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး မြို့တော်တို့ရှိ အခြေခံ ပညာသင် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များတွင် ရောင်းချခြင်း မပြုရန် လာမည့် ကျောင်းဖွင့်ရာသီ အမီ စစ်ဆေး ပညာပေးသွားမည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြားသည်။
လုပ်ငန်းရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်း ဆွေးနွေဖို့ လွှတ်တော်သဘောတူ
အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေမှာ ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ရှမ်းစု (၁) လမ်းအတွင်းရှိနေအိမ်များ မတ် ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟောင်ကောင်သတင်းသမား ဓားထိုးခံရမှု ၉ ဦးဖမ်းဆီး
ဟောင်ကောင်နဲ့ တရုတ်ပြည်က ရဲတွေဟာ ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် ဝါရင့် သတင်းစာ သမားတစ်ဦး ဖြစ်သူ မစ္စတာ ကယ်ဗင်လု ဓားနဲ့ထိုး တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လူ ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး မတ် ၁၂ ရက်တွင် ပြန်လည်ရောက်ရှိ
မလေးရှားနိုင်ငံ ထောင်များ၌ ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၈၄ ဦး ပြည်တွင်းသို့ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိခဲ့သည်။
ယခုပြန်လည်ရောက်ရှိသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၄ ဦးသည် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုပြန်လည်ရောက်ရှိသူများတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၈၄ ဦးသည် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
အပစ်ရပ်ရေး တိုင်းရင်းသားခေါင်းဆောင်တွေ စိုးရိမ်မှုရှိ
ရန်ကုန်ကို ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ဟာ ဒီကနေ့ တိုင်းရင်းသားပါတီ ၃ ခုအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီ စုစည်းထားတဲ့ FDA ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ၊ ဦးခွန်းထွန်းဦး၊ ဦးနိုင်ငွေသိန်း၊ ဦးအေးသာအောင် စတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့စတာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Wednesday, March 12, 2014
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) အကြောင်းရိုက်ကူးဖြစ်ရပုံ ဇာဂနာပြော
အမှန်တရားကို မြတ်နိုးသူ ပြည်သူတွေနဲ့ တစ်သားတည်း ဒီမိုကရေစီ
အရေးကိုတောင်းဆို ပါဝင်ခဲ့သူ စွယ်စုံရ အနုပညာရှင် ဇာဂနာက ဗြိတိန်နိုင်ငံကမ္ဘာကျော် စာရေးဆရာ
ဘက်နက်ဒစ်ရော်ဂျာ ရေးသား ခဲ့ သော မြန်မာနိုင်ငံ၏ ထင်ရှားကျော် ကြားသည့်
စစ်အစိုးရ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းအား
အခြေခံကာ ဒါရိုက်တာ စတီဗင်ဆိုဒါပတ်နှင့် ပူးတွဲ ရိုက်ကူးမည့်အကြောင်းကို
ဇာဂနာက
ဖန်စီကားဆိုပြီး ဘယ်ကားကိုမှ ပေါ့ပေါ့ဆဆမလုပ်ခဲ့ဘူးလို့ ဆိုတဲ့ ၀တ်မှုန်ရွှေရည်
၂၀၁၄ ထဲမှာ ရုံတင်ကားတွေ အများကြီးနဲ့ပရိသတ်ရဲ့အားပေးမှုကို အရယူဦးမယ့် မင်းသမီးချောလေးကတော့ ၀တ်မှုန်ရွှေရည်ပါ။ သူမဟာ လက်ရှိမှာ အန်ကယ်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ လူမင်းနဲ့ ဗီဒီယိုကား ရိုက်ကူးနေတယ်လို့သိရတာကြောင့် သူမရှိရာ ရှုတင်ကို သွားရောက်တွေ့ဆုံခိုက် သူမနဲ့ ပြောဖြစ်ခဲ့တာတွေက ‘ခုရိုက်နေတဲ့ကားလေးက ဒယ်ဒီပွစိတဲ့။ ဒီကားလေးထဲမှာ အန်ကယ်လေးရယ်၊ ကျော်ကျော်ရယ် ၊ ကစ်ရယ်ပေါ့။
ထိုင်းဘုရင်ဟောင်း အုတ်ဂူ တူးဖော်ရေး မန္တလေး စည်ပင် တားမြစ်
အမရပူရ တောင်သမန် အင်းစောင်း လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့် အုတ်ဂူ တူးဖော်ရေး လုပ်ငန်း များကို မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီမှရပ်ဆိုင်းရန် အကြောင်း ကြားလာကြောင်း သိရသည်။
ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံမည်
နိုင်ငံရေးပါတီ ၁၁ ပါတီစုပေါင်း ဖွဲ့စည်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းပြရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း FDA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
မလက်ကာ ရေလက်ကြားဘက်သို့ ပျောက်ဆုံးနေသော မလေးရှား လေယာဉ် မောင်းနှင်ခဲ့သည်ဟု ပြောဆိုခြင်းကို ရေတပ်မှ ငြင်းဆို
ပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည်ပျံသန်းရာ လမ်းကြောင်းမှဖယ်ခွာပြီးမလက်ကာ ရေလက် ကြားဘက်သို့ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့သည်ကြောင်း စစ်တပ်သုံး ရေဒါတွင် ဖမ်းယူတွေ့ရှိခဲ့ သည်ဟု ဆိုသော ပြောဆိုချက်များကို မလေးရှား လေတပ် အကြီးအကဲမှ ငြင်းဆိုသွားသည်။
ဇေကမ္ဘာ ခင်ရွှေ၊ ပတ္တမြားနဂါး နေ၀င်းထွန်းနှင့် ခရိုနီတချို့ အခွန်လျှော့ပေးရန် လွှတ်တော်တွင် တောင်းဆို
စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝလာသော ခရိုနီစီးပွားရေးလုပ်ငန်းရှင်များလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် များ ဖြစ်သော ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ဦးနေ၀င်းထွန်းအပါအ၀င် ခရိုနီ လုပ်ငန်းရှင် တချို့က လတ်တလော ကောက်ခံ နေသော အခွန်တချို့လျှော့ချပေးရန် လွှတ်တော်သို့ တင်ပြကြကြောင်း သိရှိရသည်။
သတင်း လွတ်လပ်ခွင့် အတွက် ဦးနေမင်း ဂုဏ်ပြု မှတ်တမ်းတင်ခံရ
၈၈ အရေးအခင်း ကာလအတွင်း မြန်မာနိုင်ငံ၏ သတင်းများကို British Broadcasting Corporation (BBC) သတင်းဌာနသို့ ပေးပို့ ခဲ့သူ ဦးနေမင်းကို နိုင်ငံတကာ သတင်းစာဆရာများက ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ကြောင်း သိရသည်။
ဂုဏ်ပြုလွှာတွင် မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့သော ရဲစွမ်းသတ္တိအား ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်ဟု ဖော်ပြ ထားသည်။
ဂုဏ်ပြုလွှာတွင် မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့သော ရဲစွမ်းသတ္တိအား ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်ဟု ဖော်ပြ ထားသည်။
ပျောက်ဆုံးလေယာဉ် မူလလမ်းကြောင်း ကျော်လွန်ပျံသန်းခဲ့ဖွယ်ရှိ
စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ဟာ မူလပုံမှန် ဦးတည်ထားတဲ့ ကွာလာ လမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား ပုံမှန်လမ်းကြောင်းကနေ တော်တော်ကွာဝေးတဲ့ နေရာ အထိ သွေဖီသွားခဲ့တယ်လို့ မလေးရှား စစ်ဖက်ရေးရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပဟေဠိဆန်နေသော MH 370 ဘိုးအင်းလေယာဉ် ပျောက်ဆုံးမှု
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီခန့် အကြာ၌ ပျောက်ဆုံးသွားရသော ကိစ္စသည် ၄ ရက်မြောက်သည် အထိ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ရှိနေဆဲ ဖြစ်သည်။
မလေးရှားလေယာဉ်ပေါ် ခိုးယူပတ်စပို့နဲ့ လိုက်သူ အီရန်တဦးဟုဆို
စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ပေါ် ခိုးယူခံခဲ့ရတဲ့ သြစတြီးယားနိုင်ငံကူး လက်မှတ် သုံးပြီး လိုက်ပါသွားတဲ့ ခရီးသည် ၁ ဦးကတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အီရန် နိုင်ငံသား တဦး ဖြစ် တယ်လို့ အခု နောက်ဆုံး သတင်းတွေက ဆိုပါတယ်။
ပျောက်ဆုံးဆဲ မလေးရှားလေယာဉ် အကြမ်းဖက်မှုကြောင့် ဖြစ်နိုင်ချေနည်း
မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစင်း ပျောက်ဆုံးနေတဲ့ ကိစ္စဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပုံ မရဘူးလို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
၈၈ မျိုးဆက်နှင့် NLD ပါတီဝင်များက ယာဉ်မောင်းတစ်ဦးအား မင်းမဲ့စရိုက်ဆန်စွာ ထိုးကြိတ်ရိုက်နှက်
ဒုချီးရားတန်းဖြစ်စဉ်၌ လူများစွာ သေဆုံးသည်ဟူသည့် သတင်းနှင့် ပတ်သက်ပြီး သက်သေမတွေ့ရဘဲ ဖြစ်စဉ်နောက်ပိုင်း မီးလောင်မှုမှာ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်
ဇန်န၀ါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံ တကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် အင်တာနက် သတင်းစာမျက်နှာ စသည်တို့ တွင် ပြောဆိုဖော်ပြသကဲ့သို့ လူများစွာ သေဆုံးသည်ဟူသည့်သတင်းနှင့် ပတ်သက်ပြီး တိကျသေချာသော သက်သေ မတွေ့ရှိခဲ့ရသော်လည်း ဖြစ်စဉ်နောက်ပိုင်း မီးလောင်မှုမှာ နိုင်ငံရေးရည်ရွယ်ချက်တစ်ရပ်ဖြင့် တိုက်ခိုက်လိုသည့် အဖွဲ့အစည်းတစ်ခု၏ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု မတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
Tuesday, March 11, 2014
တပြည်လုံးအပစ်ရပ်ရေး SSA က သီးခြားလက်မှတ်ထိုးမည်
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးတဲ့အခါမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့အနေနဲ့ မပါဝင်ဘဲ အစိုးရနဲ့ သီးခြားလက်မှတ်ရေးထိုးသွားမယ်လို့ အဖွဲ့က ပြောပါတယ်။
ငြိမ်းချမ်းမှုတည်ဆောက်စဉ် ယုံကြည်မှုရရှိရေး ကာချုပ်နှင့် တွေ့ဆုံခြင်းဖြစ်ဟု KNU ဆို
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှုမှာ ငြိမ်း ချမ်းရေး တည်ဆောက်နိုင်ရန် အတွက် အလားအလာကောင်း တစ်ခုဟု ယူဆနိုင်ပြီး ငြိမ်းချမ်း ရေး တည်ဆောက်စဉ်နှစ်ဖက် တပ်များအကြား ယုံကြည်မှုတည် ဆောက်နိုင်ရေးအတွက် ဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံးဗဟိုကော်မတီဝင် ဖဒိုစောတာတို့မူးက ပြော သည်။
လင်းဇင်းကုန်းရှိ ထိုင်းဘုရင် ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာ ပိတ်ပွဲ ကျင်းပမည်
မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက် ထူထောင်သူ အလောင်းဘုရား၏ သားတော်
ဆင်ဖြူရှင် ဘုရင်လက်ထက်တွင် ဖမ်းဆီး ခေါ်ဆောင်လာသည့် ထိုင်းဘုရင်ကို ထားရှိသော
မန္တလေးမြို့တော် အမရပူရမြို့နယ် လင်းဇင်းကုန်းရပ်တွင်
ထိုင်းနိုင်ငံသားများက ဖမ်းဆီးခံ ထိုင်းဘုရင် အထိမ်းအမှတ် အဖြစ် တည်ထားသည့်
ဥဒုမ္ဗရ မဟာထေရ စေတီတော် ဌာပနာပိတ်ပွဲကို မတ်လ ၂၆ ရက်နေ့ (တပေါင်း
လပြည့်နေ့) တွင် ထိုင်းမင်းမျိုး မင်းနွယ်များက လာရောက် ကျင်းပမည်
ဖြစ်ကြောင်း ယင်းလင်းဇင်းကုန်း တူးဖော်ရေး တာဝန်ခံ ဦးမြင့်စန်းက
ပြောကြားသည်။
မန္တလေး ဧရာဝတီမြစ်ကြောင်း လုံခြုံရေး အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ ဖွဲ့စည်းမည်
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လက်နက်ကိုင်လုယက်မှုများ ဖြစ်ပေါ်လျက်ရှိသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးအတွက် အင်အား ၂၀၀ ဦးကျော်ဖြင့် ရေကြောင်း ရဲတပ်ဖွဲ့ကို မန္တလေး မြို့တော် တွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ပြောကြားသည်။

















































