တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့ပါကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကိုထိခိုက်မည်မဟုတ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
Friday, March 07, 2014
ပြည်ပရောက်မြန်မာပြည်သားများအတွက် သတင်းကောင်း
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ၀မ်းမြောက်စရာသတင်း ရှိပါတယ်။ မြန်မာသံရုံးမှ ယခင် သက်တမ်း ၃ နှစ် သက်တမ်းကို ယခု သက်တမ်း ၅ နှစ်အထိ တိုးမြင့် ပေးလိုက်ပါပြီ။
ကာချုပ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဘာတွေ ထူးလဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်း ပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
အမေရိကန် နဲ့ ရုရှားသမ္မတ ၂ ဦး ယူကရိန်းကိစ္စ ဖုန်းဆက်ဆွေးနွေး
ရုရှားရဲ့ ယူကရိန်းမှာ လုပ်ဆောင်မှုတွေဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ
အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို ချိုးဖေါက်
လိုက်တာဖြစ်ကြောင်း အမေရိကန်သမ္မတ Barack Obama က ရုရှား သမ္မတ Vladimir Putin ကို ပြောကြားခဲ့တယ်လို့ သမ္မတ အိမ်ဖြူကပြောပါတယ်။
ဧရာဝတီ အောင်ဇော် Stanford တက္ကသိုလ် မီဒီယာဆုရရှိ
ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ဦးအောင်ဇော်ကို ၂၀၁၃ ခုနှစ်အတွက် Shorenstein သတင်းသမားဆု ချီးမြှင့်လိုက်ကြောင်း Stanford တက္ကသိုလ်ရဲ့ Walter H. Shorenstein အာရှပစိဖိတ် သုတေသနဌာန APARC ကကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယား လက်နက်တွေ မြန်မာ ၀ယ်ယူနေဆဲလို့ အမေရိကန် ပြော
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီက တားမြစ်ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခု အထိ ဝယ်ယူနေဆဲဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
သေဆုံးသူ တောင်ကိုရီးယားများ အထိမ်အမှတ် အာဇာနည်ကုန်းမှာ မဟုတ်ဟု ဆို
၁၉၈၃ ခုနှစ်က မြောက်ကိုရီးယားတွေရဲ့ အာဇာနည်ကုန်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ ရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် အထိမ်းအမှတ်ပြုလုပ်ခွင့် မြန်မာအစိုးရက တည်ဆောက် ခွင့် ပေးတာ မှန်ပေမယ့် အဲဒါဟာ အာဇာနည် ဗိမာန်အတွင်းမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူ တဦး က ပြောပါတယ်။
ကင်တာနားနေရာ အစားထိုးမည့်သူ လျာထား
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နေရာမှာ အစားထိုးခန့်အပ်မယ့်သူတစ်ဦးကို အမည် စာရင်း တင်သွင်းဖို့ လျာထားပြီဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။
Thursday, March 06, 2014
ကမ္ဘာ့ အသက်အငယ်ဆုံး နျူကလိယ ဓာတု ပညာရှင်ဖြစ်လာသူ
ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးဟာ အက် ၁၃ နှစ်သာ ရှိသေးတဲ့ ဗြိတိန်နိုင်ငံ က Jamie Edwards လို့ အမည်ရတဲ့ ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။
အရပ်ပုသူများ အရပ်ရှည်သူများထက် ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ် သုတေသနဆို
အရပ်ပုသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှု နိမ့်ပါးနိုင်ကြောင်း၊ အောက်စဖို့ဒ် တက္ကသိုလ်သုတေသန တစ်ခုက မကြာသေးမီကဆိုခဲ့သည်ဟု မတ်လ ၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ထမ်းဆောင်ရန် ၂၀၁၁ခုနှစ်ကတည်းက ကမ်းလှမ်းမှုရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ပါဝင်ထမ်းဆောင်ရန် ၂၀၁၁ခုနှစ်ကတည်းက ကမ်းလှမ်းမှုရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် နှစ်ဖက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ဆိုင်းငံ့ထား
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော တိုက်ပွဲများ အဆုံး သတ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် နှစ်ဖက်လိုက်နာရမည့် စစ် သည်တော်ကျင့်ဝတ်အား ထည့်သွင်းရန်လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းက ထောက်ပြပြောဆို လိုက်သည်။
ရန်ကုန်မြို့တွင်း ရေကစားမဏ္ဍပ်ကြီး ၅ဝနီးပါး ဆောက်လုပ်ခွင့်ပေးမည်
လာမည့်မြန်မာ့နှစ်သစ်ကူးအတွက် ရန်ကုန်မြို့တွင်း ရေ ကစားမဏ္ဍပ်ကြီး စုစုပေါင်း ၅ဝ နီးပါး ဆောက်လုပ် ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြော သည်။
၂၀၁၅ ရခိုင်အမျိုးသားပါတီ အနိုင်ရပါက ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားနိုင်ဟု ဆို
ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်နိုင်ငံရေးပါတီများ အနိုင်ရပါက ဒေသတွင်း ပဋိပက္ခဖြစ်ပွားလာနိုင်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ အမေရိကနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးမည်
ရုရှား၏ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းကြောင့် တင်းမာလျက် ရှိသော ယူကရိန်းအရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း CNA သတင်း တွင် ဖော်ပြထားသည်။
တရုတ်ဇာတ်လမ်းတွဲမှာ မြန်မာအသံနဲ့ သရုပ်ဆောင်ရမယ့် ခင်လပြည့်ဇော်
လတ်တလောမှာတော့ ခင်လပြည့် ဇော်က တရုတ်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “လင်နဲ့ မယားလျှာနဲ့သွား” ဇာတ်လမ်းတွဲအတွက် အသံသရုပ်ဆောင်မှုတွေ ပြုလုပ် နေပါတယ်။ အသံသရုပ်ဆောင်မှုက ကိုယ်တိုင် သရုပ်ဆောင်လုပ်တာနဲ့ ကွာခားမှုတွေ ရှိပြီး အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သရုပ်ဆောင် သွားမှာပါလို့ ဆိုပါတယ်။
ICRC မြစ်ကြီးနားမှာ ရုံးဖွင့်ခွင့်ရ
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ICRC နိုင်ငံ တကာ ကြက်ခြေနီကော်မတီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရုံးခွဲအသစ်တခု ထပ်မံ ဖွင့်လှစ်တော့ မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာ လုပ်ဆောင်နိုင်တယ်လို့ ICRC ပြောခွင့်ရပုဂ္ဂိုလ် Michael O’Brien က ပြောပါတယ်။ ပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ရုရှား ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖို့ John Kerry တောင်းဆို
ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်မှာ စစ်ရေးပဋိပက္ခ လျော့ပါးသွားစေရေး တွန်းအားပေးကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံအကြား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယ ရွေးကောက်ပွဲ ဧပြီလဆန်းမှာ ကျင်းပမယ်
အိန္ဒိယနိုင်ငံမှာ လာမယ့် ဧပြီလ ၇နှစ်ရက်နေ့ကျရင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွား မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ပထမဆုံးတက်ရောက်သည့်သတင်းစာရှင်းလင်း ပွဲတွင် MRTV-4၊ မြ၀တီနှင့် သတင်းစဉ်တို့သာ မေးခွန်းမေးမြန်းခွင့် ရရှိ
(၁၁) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး သတင်း စာရှင်း လင်းပွဲကို မတ် ၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
ပါတီတစ်ခုနဲ့တစ်ခု တိုက်ခိုက်ဖို့ မသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီမှာ သူကလွဲပြီး ကျန်တဲ့သူတွေ အရည်အချင်းမရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တာဟာ မပြောအပ်တဲ့စကားဖြစ်ပြီး ပါတီတစ်ခုနဲ့တစ်ခု အခုလိုတိုက်ခိုက်ဖို့ မသင့်ပါဘူးလို့ မနေ့က ဝေဖန်လိုက် ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က ဆက်သွယ်မေးမြန်း ရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Su Myat Lynn Nay ရဲ့ အမျိုးသမီးမျက်လှည့်လေးပါ။
ကမ္ဘာမှာ မြန်မာ့အမျိုးသမီးဟေ့ဆိုတာပြနိုင်အောင်ကြိုးစားတင်ဆက်ပြသ သွားတာပါ။
သူ့ရဲ့ကြိုးစားတင်ဆက်မှုတွေကို အားပေးကြပါဦး၊
ပြည်သူလူထုပါဝင်မှု အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ပြည်သူလူထုရဲ့
ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
ကြံ့ခိုင်ရေးအမတ်ကို NLD က တရားစွဲဖို့ ပြင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ပြောခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ်တွေက အရေးယူဖို့အထိ စဉ်းစားနေတာ ဖြစ်ပါတယ်။
လူထု အခြေပြု လုံခြုံရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
တပ်မတော်အနေဖြင့် နိုင်ငံ လုံခြုံရေး၊ အမျိုးသားလုံခြုံရေးအတွက်
လူထုအခြေပြုလုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားမှု အာဏာပိုင်များ ငြင်းပယ်ခွင့်မရှိတော့
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင်ပါရှိသော ငြိမ်းချမ်းစွာ ဆန္ဒပြရန် ခွင့်ပြုချက် လျှောက်ထားမှု မှန်သမျှကို အာဏာပိုင်များက ငြင်းပယ်ခွင့် မရှိသော ပြဋ္ဌာန်း ချက်တခု ပြည်သူ့ လွှတ်တော်က ပြင်ဆင် ပြဋ္ဌာန်းလိုက်သည်။
Wednesday, March 05, 2014
၆၀ မီလျံဒေါ်လာဖြင့် Titan Aerospace ကုမ္ပဏီကို ဝယ်ယူရန် Facebook မှ ကြိုးပမ်း
Facebook မှ ဒရုန်းများ ထုတ်လုပ်သည့် Titan Aerospace ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၆၀ မီလျံဖြင့် ဝယ်ယူရန် ဆွေးနွေးညှိနှိုင်းနေကြောင်း TrenchCrunch နှင့် CNBC မှ သတင်းများ အရ သိရှိရသည်။ ဝေးကွာသော ဒေသများတွင် အင်တာနက် သုံးစွဲနိုင်ရန် အခွင့်အလမ်းများ ပေးဆောင်နိုင်မည့် Facebook ၏ စီမံကိန်းများအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်။
ရန်ပုံငွေ နည်းပါးသည့်အတွက် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု နှောင့်နှေးဟုဆို
ဘင်းမ်စတက်အဖွဲ့၏ ဦးစားပေးကဏ္ဍ ၁၄ ခုနှင့် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မှု တို့သည် ရန်ပုံငွေ အလှူရှင်နှင့် မိတ်ဖက် အဖွဲ့အစည်း နည်းပါးသည့်အတွက် နှောင့်နှေး ကြန့်ကြာကြောင်း စွမ်းအင်စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက The Voice သို့ ပြောကြားသည်။
ပြန်ကြားရေးနှင့် မီဒီယာများအကြား အငြင်းပွားခဲ့ရသည့် ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ ကိုးလနီးပါးကြာ အချေအတင် အငြင်းပွားခဲ့ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာ ဥပဒေတို့ကို မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်အမတ်များ စံချိန်တင် အစည်းအဝေးပျက်
ဥပဒေပြုရေး မဏ္ဍိုင်၏ အမြင့်ဆုံး လွှတ်တော်ဖြစ်သော ပြည်ထောင်စု လွှတ်တော်၏ သက်တမ်း သုံးနှစ်တာ ကာလအတွင်း မတ်လ ၄ ရက်နေ့၌ ကျင်းပသော အစည်းအဝေးတွင် လွှတ်တော် အမတ်များ စံချိန်တင် ပျက်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။
အမျိုးသမီးများလည်း အပြောင်းအလဲ လိုလားသည်
မြန်မာ့တပ်မတော်အနေနှင့် နှစ်ပေါင်း ၅၀ ခန့်ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တပ်မတော်တွင်းသို့ အမျိုးသမီးများကို ဝင်ရောက်ဖို့ဖိတ်ခေါ်ကြောင်း ယမန်နှစ် အောက်တိုဘာလအတွင်းတွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၂၅ နှစ် မှ ၃၀ အတွင်းရှိ အိမ်ထောင်မရှိသူ တက္ကသိုလ်တခုမှ ဘွဲ့ရရှိ ထားပြီး အနည်းဆုံး အရပ် ၅ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၃၀ ထက်မကျော်လွန်သော အမျိုးသမီးများလျှောက်ထား နိုင်သည်ဟု လည်းဆိုသည်။
အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ် (၉)စောင်ထုတ်ဝေခွင့်ပြုခဲ့၊ဆက်လက်ခွင့်ပြုပေးရန်လည်း အစီစဉ်ရှိဟုဆို
အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ် (၉)စောင်ထုတ်ဝေခွင့်ပြုခဲ့ပြီး ဆက်လက်ခွင့်ပြုပေးရန်လည်း အစီစဉ်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးပိုက်ထွေး ကပြောသည်။
ပြည်နယ်နှင့် တိုင်းများတွင် ငြိမ်းချမ်းရေးဖိုရမ်များ ကျင်းပမည်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်ရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေး ဖိုရမ်များ ကျင်းပမည် ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် ပြောရေးဆိုခွင့်ရ ဦးရန်ကျော်က ပြောကြား သည်။
မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ
ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
အမေရိကန်သမ္မတကတော် တရုတ်သို့ အလည်အပတ် သွားရောက်မည်
အမေရိကန် သမ္မတကတော် မစ်ချယ်လ် အိုဘားမားသည် မတ်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ အလည် အပတ် သွားရောက်မည်ဟု သိရှိရသည်။ မစ်ချယ်လ်အနေဖြင့် မတ်လ (၁၉)ရက်နေ့မှ (၂၆)ရက်နေ့ထိ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေ မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာသည်။
ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များ မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ငါးမြို့နယ်မှ စက်မှုလက်မှု လုပ်ငန်းရှင်များ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ မန္တလာတောင် Resort Hotel တွင် မတ်လ ၃ရက်နေ့က မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း MRCCI ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
မြန်မာ့လေကြောင်း၏ ခရီးစဉ်လက်မှတ်များ မတ်လဆန်းမှ စ၍ ရန်ကုန်လေဆိပ်တွင် ရောင်းချမည်
ပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်း၏ ပြည်တွင်း ခရီးစဉ် လက်မှတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လဆန်းပိုင်းမှ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားသည်။
ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ် ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။
တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင်
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းမယ့် ၂၀၁၅ ခုနှစ်အတွက် အစိုးရအဖွဲ့ ဘဏ္ဍာငွေ အသုံးစရိတ် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုပြု လျာထားချက်လည်း ပါဝင်ပါတယ်။
မိုးထိမိုးမိရွှေလုပ်သား အယောက် ၅၀လောက် ဖမ်းဆီးခံရ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်ဘုရားကုန်းပေါ်မှာ သပိတ်စခန်း ဖွင့်ထားတဲ့ မိုးထိမိုးမိရွှေလုပ်သား အယောက် ၅၀ လောက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက မနေ့က ညနေပိုင်းမှာ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ထိန်းသိမ်းခံခဲ့ရသူတွေက အဖမ်းဆီးခံရင်းနဲ့ပြောသွားတယ်လို့ သိရပါတယ်။
BIMSTEC ညီလာခံက သဘောတူညီချက် ၃ခု လက်မှတ်ရေးထိုး
မြန်မာနိုင်ငံမှာ ကျင်းပပြီး ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံတွေအပြင် နီပေါနဲ့ ဘူတန်နိုင်ငံတို့ ပါဝင်တက်ရောက်တဲ့ BIMSTEC ညီလာခံမှာ သဘောတူညီချက် ၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ယူကရိန်းနဲ့ ရှရှားစစ်တပ်ကြား တင်းမာမှုတွေရှိနေဆဲ
ယူကရိန်းနိုင်ငံ Crimea ဒေသမှာရှိတဲ့ ရုရှားစစ်တပ်နဲ့ ယူကရိန်းစစ်တပ်အကြား တင်းမာမှု ဖြစ်ခဲ့ပေမယ့် အဓိကရုဏ်းဖြစ်ပွားတဲ့အဆင့် မရောက်ခဲ့ဘူးလို့ သိရပါတယ်။
တရုတ်ပါလီမန်မစတင်ခင် လုံခြုံရေးတွေပိုမိုတိုးချဲ့
တရုတ်နိုင်ငံရဲ့ နှစ်စဉ်ပါလီမန် အစည်းအဝေးကို ဒီကနေ့ နှောင်းပိုင်းမှာ စတင်ပြုလုပ်ဖို့ ရှိနေပါတယ်။
တရုတ်နိုင်ငံရဲ့ လာမယ့်နှစ် စီးပွားရေးဆိုင်ရာ စီမံကိန်းတွေကို ပြောဆိုဆွေးနွေးကြဖို့ ရှိသလို တရုတ်ရဲ့ ဒုတိယခေါင်းဆောင် လီကွတ်ချောင်ကလည်း အဖွင့်အမှာ စကားပြောကြားဖို့ ရှိပါတယ်။
ယူကရိန်းကြားဖြတ်အစိုးရနဲ့ ဆွေးနွေးဖို့ ရုရှားကို ကန်တိုက်တွန်း
ယူကရိန်းကြားဖြတ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ရုရှားနိုင်ငံကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံက စွပ်စွဲတဲ့အတိုင်း ယူကရိန်းနိုင်ငံက တိုင်းရင်းသား ရုရှား
လူမျိုးတွေ တိုက်ခိုက်ခံရတယ်ဆိုတာ ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် နိုင်ငံတကာ လေ့လာသူတွေ ခွင့်ပြုဖို့ လည်း တောင်းဆိုခဲ့ပါတယ်။
ဝန်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို
သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။
ထိုင်းဘုရင်ဟောင်းသင်္ချိုင်း အပါအ၀င် မန္တလေးဝန်းကျင်ရှိ ထိုင်းသမိုင်း ဆိုင်ရာ အထောက်အထားများအား ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက လာရောက်လေ့လာ
ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက မန္တလေးမြို့ အနီးဝန်းကျင်ရှိ ထိုင်းယဉ်ကျေးမှု သမိုင်းဆိုင်ရာ အထောက်အထားများအား ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ နေ့အထိ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။


















































