M Chong Hwa ၏ ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲနှင့် ညစာ စားပွဲတွင် ရစ်ချက် မေလ်လီ၏ လက်ပတ် နာရီ နှစ်လုံးနှင့် ပန်းချီကား
တစ်ခု ကို လေ လံတင် ရောင်းချ ခဲ့ရာမလေးရှား ရင်းဂစ် သုံးသန်း (စင်ကာပူ
ဒေါ်လာ ၁ဒသမ၂ သန်း) ရရှိ ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ပွဲတွင် ဟောင်ကောင်
စူပါ စတား မင်းသား ဂျက်ကီချန်း ကိုယ်တိုင် ပါဝင် ခဲ့သဖြင့် အလွန် အံ့အား
သင့်ဖွယ် ကောင်းကြောင်း သိရသည်။ လေလံတင် ပစ္စည်း တစ်ခု စီ၏ တန်ဖိုးသည်
ရင်းဂစ် တစ်သန်း စီဖြစ်ပြီး ထိုနေ့က ရောင်းချ ရသည့် ပစ္စည်းများ အားလုံး၏
စုစုပေါင်း တန်ဖိုးမှာ ၁၃ ဒသမ ၅သန်းဖြစ်သည်။Friday, March 29, 2013
တရုတ်ကိုယ်ပျောက်တိုက်လေယာဉ်၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်စမ်းသပ်
တရုတ်နိုင်ငံ၏ ပဟေဠိဆန်သော ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် J-20၏ ဝေဟင်မှ
ဝေဟင်ပစ် ဒုံးကျည်စနစ် စမ်းသပ်သော ဓာတ်ပုံများ အင်တာနက်သို့ ပထမဆုံးအကြိမ်
ပျံ့နှံ့လာခဲ့သည်။ အဆိုပါ J-20သည်
တရုတ်နိုင်ငံက ကိုယ်ပိုင်ဆောက်လုပ်သည့် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက်
တိုက်လေယာဉ် ဖြစ်ကာ မဟာဗျူဟာမြောက် ဆန်းသစ်မှု တစ်ခုအဖြစ် ဒေသတွင်း
ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်ခဲ့သည်။Tuesday, March 26, 2013
မန္တလေးက ကျူးကျော်အိမ်ရှင်တွေကို ရုံးတင်စစ်ဆေး
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်မှာရှိတဲ့
ကျူးကျော်အိမ်ရှင်တွေကို ဒီကနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ
ရုံးတင်စစ်ဆေးခဲ့စဉ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့
ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက
ဖယ်ရှားရှင်းလင်းရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို
တရားစွဲဆိုပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ
ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ကြေးနီစီမံကိန်း ဒေသခံတွေ ဆက်လက်ဆန္ဒပြ
မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး
တောင်းဆိုကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေမှာလည်း ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ
လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
အခုရက်ပိုင်း ဆန္ဒပြတာတွေဟာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။
အခုရက်ပိုင်း ဆန္ဒပြတာတွေဟာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။
Monday, March 25, 2013
တာယာတွင် သံမှို တပ်ဆင်ထားသည့် ကား ရေခဲပြင်ပေါ်တွင် ကမ္ဘာ့ အမြန်ဆုံး စံချိန်တင် မောင်းနှင်
ဖင်လန်နိုင်ငံ အိုလူမြို့အနီးဘို့နီးယား ပင်လယ်ကွေ့ရှိ အေးခဲနေသော ပင်လယ်ပြင် ပေါ်တွင် အရှည် ၇ မိုင်ခွဲ
လမ်းကြောင်းပေါ်၌ ဂျိမ်းမ်အိုက်စ်မန်း လိတ်တီနန် ဆိုသူသည် Audi RS6 ကားကို
တစ်နာရီ ၂ဝ၈ မိုင်နှုန်းဖြင့် ကမ္ဘာ့ အမြန်ဆုံး စံချိန်သစ် တင် မောင်းနှင်
နိုင်ခဲ့သည်။ Audi RS6 ကားတွင် လမ်းပေါ်၌ တရားဝင် မောင်းနှင်ခွင့်
ပြုထားသောသံမှိုတပ်ဆင် ထားသော တာယာ တပ်ဆင်ထားသည်။ အဆိုပါ ကားတာယာကို ဖင်လန်
နိုင်ငံရှိ Nokian တာယာ ကုမ္ပဏီမှ တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ဂင်းနစ် ကမ္ဘာ့စံချိန် တင်သည့် အဖွဲ့၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များ
အတိုင်း ရေခဲပြင်အား မျက်နှာပြင် ကြမ်းအောင် ပြုလုပ် ထားခြင်း သို့မဟုတ်
ဓာတု ဆေးဝါးများဖြင့် ပြုပြင်ထားခြင်းများ မရှိဘဲ သာမန် ကားလမ်းပေါ်တွင်
မောင်းနှင်နိုင်သည့် တာယာ အမျိုး အစား ဖြင့်သာ မောင်းနှင်
စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ လိတ်တီနန်က ယခင်ကလည်း
ရေခဲပြင်ပေါ် အမြန်ဆုံး စံချိန် တင် မောင်းနှင်ထားသည်။ ယခင် စံချိန်မှာ ယခု
စံချိန်အောက် တစ်နာရီ ၂ မိုင်နှုန်း လျော့ပြီး တစ်နာရီ ၂ဝ၆ မိုင်နှုန်း
မောင်းနှင် ထားခဲ့ သည်။ ဂင်းနစ် စံချိန်၏ စည်းမျဉ်းအရ အမြင့်ဆုံး
အမြန်နှုန်းကို တစ်နာရီ အတွင်း ရောက်ရှိအောင် မောင်းနှင်ရပြီး တစ်ကီလိုမီတာ
အကွာအဝေး အတွင်း အမြင့်ဆုံး စံချိန်ကို နှစ်ခါ တိုင်းတာပြီး သတ်မှတ်ခြင်း
ဖြစ်သည်။
http://bit.ly/16SOI3X
မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန် တောင်ကိုရီးယား အတည်ပြု
မြောက်ကိုရီးယား၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုံးပျံလွှတ်တင်မှုနှင့် ယခု နှစ်၊ မတ်တွင် တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံးဖောက်ခွဲမှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု အလွန် အမင်းမြင့်တက်ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရ က မြောက် ကိုရီးယားထံ ပထမဆုံးအကြိမ်အဖြစ် အကူအညီပြန်ပေးရန် မတ် ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတသစ် အာဖရိကရောက်ရှိ

ပထမဆုံး နိုင်ငံခြားခရီးထွက်နေတဲ့ တရုတ်သမ္မတသစ် ရှီကျင်းပင်ဟာ တနင်္ဂနွေနေ့က အာဖရိကတိုက်ထဲက တန်ဇန်းနီးယား (Tanzanian) နိုင်ငံ Dar es Salaam ကိုရောက်ရှိသွားတာမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး သူ့ကို ကြိုဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံကနေ ခရီးဆက်လာတဲ့ တရုတ်သမ္မတဟာ တန်ဇန်းနီးယား သမ္မတနဲ့တွေ့ဆုံမှာဖြစ်သလို တနင်္လာနေ့ကျရင်လည်း အာဖရိကတိုက်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ပထမဆုံး မူဝါဒဆိုင်ရာ မိန့်ခွန်းကိုပြောကြားဖို့ရှိပါတယ်။
မိတ္ထီလာမြို့ ဒုက္ခသည် စခန်းများသို့ မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ စားနပ်ရိက္ခာများ အဓိကထား သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်

မန္တလေးမြို့ရှိ လူမှုကူညီရေး အသင်းများမှ သွားရောက်လှူဒါန်းနိုင်ရန် အလှူခံခြင်းများ ဆောင်ရွက်နေပြီး အများစုမှာ ဆန်၊ ဆီနှင့် အာလူးကဲ့သို့ စားနပ်ရိက္ခာများကို အရင်သွားရောက် ကူညီ လှူဒါန်းကြမည်ဖြစ်ပြီး ဒုက္ခသည် စခန်းများတွင် လိုအပ်သည်များကို လေ့လာ၍ ထပ်မံသွားရောက် လှူဒါန်းခြင်းများ ဆောင်ရွက်မည်ဟု သိရသည်။
အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ တောင်းဆို

ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ
ပြည်သူအားလုံး ချစ်ကြည်ငြိမ်းချမ်း နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့က ဒီကနေ့ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြဖို့အတွက်
ကြေညာချက်ထုတ်ပြန် ရတာဖြစ်ကြောင်း ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူး
ဒေါက်တာ သာဥာဏ်က RFA ကို ပြောပါတယ်။
တခမ်းတနားဖွင့်လိုက်တဲ့ SNLD ရဲ့ လားရှိုးမြို့ရုံးခွဲ

SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လားရှိုးမြို့ရုံးခွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်က စည်စည်ကားကား ကျင်းပခဲ့ကြသည်။
ရုံးတည်ရှိရာ နမ္မတူလမ်းခွဲ၊ တောရကျောင်းလမ်းတွင် ပြုလုပ်သည့် ထိုအခမ်းအနားသို့ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအ၀င် ပါတီ ခေါင်းဆောင် အများအပြား၊ SNLD ပါတီ၏ မိတ်ဆွေများ တက်ရောက်ကြသည်။
Google ထွင်လိုက်တဲ့ မှတ်စုစာအုပ်

Google ကနေ နောက်ဆုံးထွက်ရှိလာတာကတော့ Google Keep ဖြစ်ပါတယ်။
Android ဖုန်း အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် မှတ်စုစာအုပ် Application တခု လို့ ဆိုရပါမယ်။
Keep ဟာ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနေတဲ့ မှတ်စုစာအုပ် ( application)
ဖြစ်တဲ့ Evernote နဲ့ တူပါတယ်။ မိမိ အလိုရှိတဲ့ ကိစ္စအ၀၀ တို့ ကို အလွယ်တကူ မှတ်သားနိုင်မှာပါ။
Apple ရဲ့ iOS မှာတော့ မှတ်စုရေးတဲ့ apps တွေ နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။
Sunday, March 24, 2013
APPLE ကုမ္ပဏီ၏ i Watch နာရီကို ယှဉ်ပြိုင်ရန် Samsung ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ
Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့ မည်ဟု သတင်းများ
ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ် ပြိုင်နိုင်ရန် အတွက် IS နာရီကို ထုတ်လုပ်လျက် ရှိသည်။နည်းပညာ ကုမ္ပဏီကြီး နှစ်ခုမှ ထုတ်လုပ်မည့် နာရီ များသည် မိုဘိုင်းလ်ဖုန်း များနှင့် ချိတ်ဆက် အသုံးပြု နိုင်မည့်အပြင် အင်တာနက် မှ Application ပြုလုပ်ခြင်း များနှင့် download ပြုလုပ်ခြင်းများနှင့် e-mail ပေးပို့ခြင်း များကိုလည်း ပေးစွမ်း နိုင်မည် ဖြစ်သည်။
မိတ္ထီလာ မြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိလာပြီး တပ်မတော် လေယာဉ်ဖြင့် စားသောက်ကုန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ပေး
မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့၌ ၂ဝ၁၃ ခုနှစ် မတ် ၂ဝ ရက် နှင့် ၂၁ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် သာမန်ဈေး
အရောင်းအဝယ် အချင်း များရာမှ မကျေနပ်သူ များ၏ လူစုဖြင့် အဆောက်အအုံ
များနှ င့် ဈေးဆိုင်ခန်း များအား ဖျက်ဆီးမှုများ ဖြစ်ပွား ခဲ့ သဖြင့်
နိုင်ငံတော် သမ္မတ ရုံး၏ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/ ၂ဝ၁၃)
ဖြင့် အရေးပေါ် အခြေအနေကို မတ် ၂၂ ရက်က ထုတ်ပြန် ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်
ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို
စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို
အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ
အမေစုနောက်ကွယ်မှာ ဦးဝင်းတင်ဘာတွေကြံစည်နေသလဲ…?
ကျွန်မတို့အမေစုက အဖြောင့်အတိုင်းကြည့်တတ်တော့
အဘိုးကြီးဦးဝင်းတင်ရဲ့ ကောက်ကျစ်တဲ့ ကလိန်ကကျစ် အကွက်ဆန်းတွေကို မမြင်မိတာဖြစ်မယ်။
အခုပဲကြည့်လေ ဘိုးတော်ဦးဝင်းတင်ရဲ့ ဒီလှိုင်းဂျာနယ်က လူတွေ အရန်ဗဟိုကော်မတီထိုင်ခုံတွေ
ဝင်ထိုင်လာ ခဲ့ပြီ။ နောင်ဆို သစ်ကုလားအုတ် ပုံပြင်ထဲကလိုဖြစ်တော့မယ်။ အမေစုကို တဲထဲကတွန်းထုတ်ဖို့
သစ်ကုလားအုတ်ဦးနှောက်ပိုင်ရှင် ဦးဝင်းတင် ရဲ့အကြံဥာဏ်တွေကို ကျွန်မတို့ မြင်နေရတယ်။



![Photo: တပေါင်းပွဲတော်
တပေါင်းလသည် မြန်မာ လများတွင် ဆယ့်နှစ်လမြောက် ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလ ဖြစ်သည်။ တပေါင်းလ၏ ပထမ လဝက်သည် ဆောင်းရာသီတွင် ကျရောက်၍ ဒုတိယ လဝက် သည် နွေရာသီတွင် ကျရောက်ကာ ဆောင်းကူးနွေစ သာယာလှသော လရာသီ ဖြစ်သည်။
တပေါင်းလ၏ အဓိပ္ပာယ်ကို မြန်မာလ အမည်များ စာအုပ်တွင်-
(၁) ပူပန်ခြင်းကောင်းသောလ ဟတပသျှား [(သက္ကတ) = တပေါင်း]။
(၂) ပူသောနွေရာသီသို့ ကျရောက်သောလ [တပ(ပါဠိ)=တပေါင်း]
(၃) ထန်းချက်လ၊ ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ [တာလ-တာလ်တန်း=
တ(ထန်း)+ပေါင်း =ချက်သောလ] ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တပေါင်းလသို့ရောက်လာသည့်အခါ မြစ်များ၊ ချောင်းများ၌ ရေစစ်ကာ သဲခုံ၊ သောင်ခုံ ဖြူဖြူဖွေးဖွေး ကလေးများ ထိုမှ ဤမှပေါ်ထွန်း လာလေ့ရှိသည်။ ထို့အပြင် ထိုရာသီ သည် လယ်ထွက်ယာထွက် သီးနှံများကို ရောင်းချချိန် ဖြစ်သဖြင့် တောင်သူ ဦးကြီးတို့ ငွေစရွှင် သည့်ရာသီ ဖြစ်ပေသည်။ လယ်ယာ လုပ်ငန်းများ ပြီးစီး၍ လုပ်ငန်းခွင်မှ အနား ယူချိန်လည်း ဖြစ်သည်။ ယင်းသို့ အကြောင်း ညီညွတ်သော အချိန်ဖြစ်၍ မြန်မာ ဘုရင်များသည် ထိုလတွင် သဲပုံ စေတီပွဲကို ရာသီပွဲ အဖြစ် သတ်မှတ်၍ ရွှေနန်းတော်ကြီး မှသည် ကျေးလက်တောရွာ ကလေးများ အထိ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကျင်းပ ခဲ့ကြသည်။ သဲပုံစေတီ ပွဲတော်ကား ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် မြန်မာ့ ယဉ်ကျေးမှု ပွဲတော် ဖြစ်သဖြင့် မြန်မာ နိုင်ငံတွင် ဗုဒ္ဓသာသနာ စတင်ထွန်းကား လာချိန်ကပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။
http://bit.ly/14ghMmq](http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/p480x480/166757_354531721330639_1268356786_n.jpg)


