ကေအိုင်အို
ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့
အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက်
ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့စောင့် ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
Thursday, January 03, 2013
ဟ်ာမုဇ် ရေလက်ကြား အနီး အီရန်ရေတပ် စစ်ရေး လေ့ကျင့်မှု
အီရန်ရေတပ်မှ မဟာဗျူဟာ မြောက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြား အနီး
စစ်ရေးလေ့ကျင့် နေသည့် ၅ ရက်ကြာ အတောအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အနီးသို့
ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် သင်္ဘောများအား ကြိမ်ဖန်များစွာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။
စိန်ခေါ်မှုများကို ညှိနှိုင်းအဖြေရှာရေး သမ္မတ ဦးသိန်းစိန် တိုက်တွန်း
အနာဂတ် မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ညှိနှိုင်း အဖြေရှာသည့် နိုင်ငံရေး ဓလေ့မျိုးနှင့် ၀ိုင်းဝန်းကြိုးပမ်းကြရန် သမ္မတ ဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုသွားသည်။ ဇန်န၀ါရီလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် ရေဒီယို မိန့်ခွန်းသည် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးသော သမ္မတတဦး၏ မိန့်ခွန်းလည်း ဖြစ်သည်။
“အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကိုအခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုးနှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး၊ အစွန်းမရောက်တဲ့ အမြင်မျိုးဖြစ်စေရန်ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မြန်မာ့အသံ ရေဒီယိုမှ တဆင့် ပြောဆိုသည်။

တောင်သမန်အင်းကို ရေမပိတ်ဆို့ရေး ဒေသခံများ ကြိုးပမ်းမည်
ကမ္ဘာလှည့်ခရီးသွားလာရောက်မှုများသော နေရာတခုဖြစ်သည့် တောင်သမန် အင်းကို မူလအတိုင်း နွေမိုးဆောင်း သုံးရာသီအလှ ပြန်လည်ရရှိစေရန် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် သဘာဝ ၀န်းကျင်နှင့် လူမှုကွန်ယက် (အမရပူရ) ကြိုးပမ်းမည်ဟု သတင်းရသည်။
ယခင်က တောင်သမန်အင်းမှာ မိုးရာသီ၌သာ ရေရှိပြီး ဆောင်းနှင့် နွေတွင်ရေကျဆင်းကာ ဆောင်းသီးနှံ စိုက်ပျိုးခင်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ငါးမွေးမြူရေး လုပ်ငန်းများကြောင့် ရေသွင်းရေထုတ် ရပ်ဆိုင်းပြီး ရေညစ်ညမ်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူလအခြေအနေ ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူမှုကွန်ယက် အဖွဲ့ဝင်တဦးဖြစ်ပြီးတောင်သမန်အင်းတ၀ိုက်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေသည့်ဗိသုကာပညာရှင်ကိုငြိမ်းဝင်းကဆိုသည်။
“ရေအမြဲလှောင်ထားတော့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ ဗိသုကာပညာရပ်ဘက်က ကြည့်ရင်လည်း တိုင်တွေကရေအမြဲမြုပ်နေတော့ ဆွေးလွယ်တယ်၊ အပျက်အစီးမြန်တယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေး နယ်ပယ်အသီးသီးမှ ထင်ရှားသူများ တောင်းဆို
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အကြား တစ်ကျော့ပြန် ဖြစ်ပွား လျက်ရှိသော
စစ်ပွဲ များသည် ၂၀၁၂ ခုနှစ် အတွင်း ပိုမိုပြင်း ထန်ခဲ့ပြီး ဒေသခံများ
ထွက်ပြေး တိမ်းရှောင် ရခြင်း၊ လူမှုရေး၊ စီးပွား ရေးထိခိုက်မှုများအပြင်
စစ်ပွဲကြောင့် သေဆုံးမှုများပါ ရှိလာသောကြောင့် စစ်ပွဲများ
အမြန်ဆုံးရပ်စဲရေးကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက တောင်းဆိုခဲ့ကြပါသည်။
''တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် တော်တော်များနေပြီ။
ပြည်သူတွေလည်း စစ်ဘေး ဒဏ်ကို တော်တော်လေး ခံစား ရပြီးပါပြီ။ ၂၀၁၃
ခုနှစ်မှာတော့ နှစ်ဖက်ခံယူချက်တွေ၊ ခံစားချက်တွေကို မေ့ပစ်ပြီး
ခွင့်လွှတ်သင်ခန်းစာယူကာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ လိုနေပါပြီ။
အစိုးရအနေနဲ့လည်း တပ်တွေ မရှိတော့ရင် KIA က ပြည်နယ် အစိုးရကို
သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချသင့်ပါတယ်။
မြ၀တီမြို့တွင် နှစ်သစ်ကူးည မီးရှူးမီးပန်း ဗြောက်အိုးများ ပစ်ဖောက်သံနှင့် အတူ ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်တွင် ဒီဇင်ဘာလ၃၁ရက်နေ့ ည၁၂ နာရီ ၀န်းကျင်က မီးရှူး မီးပန်း ဗြောက်အိုးများ ပစ်ဖောက်ကာ ပျော်ရွှင်စွာဖြင့်နှစ်သစ်ကို ကြိုဆိုခဲ့ကြသော်လည်း ယင်းဗြောက် အိုးပေါက်သံများနှင့်အတူ ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။
ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု
တရုတ်နိုင်ငံ
မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက်ကျတဲ့ ကွမ်ကျိုး
(Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထားလမ်း ဖြစ်ပါတယ်။စုစုပေါင်း
မိုင်ပေါင်း ၁၄၂၈ မိုင်ရှိပြီး တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ မြန်မြန်
သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်က နာရီ ပေါင်း ၂၀ ကြာတဲ့ ခရီးကို ၈ နာရီ နဲ့
မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးကလည်း သိပ်မသက်သာ ပါဘူး။ ခရီးစဉ်
အစအဆုံးအတွက် ရထားစီး ခရီးစရိတ်က အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၃၉ ဒေါ်လာလောက် ရှိပါတယ်။
ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အပေါ် KIA အဖွဲ့က နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင် လျက်ရှိ
နိုင်ငံတော် အစိုးရ အနေဖြင့် ကချင် ပြည်နယ်၏ ဒေသတွင်း လုံခြုံရေး၊
တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် စီမံ
ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ KIA အဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး
ရရှိစေရန် ရည်မှန်းလျက် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိသော်လည်း
KIA အဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းဆောင်ရွက်
နေမှုများ အပေါ် နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ
လုပ်ဆောင် လျက် ရှိသည်။
တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး
ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေးမီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။
ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။
ပြည်တွင်း လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅
ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊
မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊
မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊
မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊

အမေရိကန်တွင် လျှပ်စစ်ချွေတာတဲ့ မီးလုံးကိုပဲ သုံးစွဲခွင့်ပြုတော့မည်
ဒီနှစ်ကစပြီး
သာမန် သုံးစွဲနေကျ ၇၅ ၀ပ်အား မီးလုံးတွေကို အမေရိကန်နိုင်ငံက
ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်တွေ ပိတ်ပင်လိုက်ပါပြီ။ ဆိုင်မှာကျန်နေသေးတဲ့ မီးလုံးတွေကိုတော့ ရောင်းချခွင့်ရှိမှာပါ။
ပုံမှာမြင်ရတဲ့ ဒီမီးလုံးတွေက လျှပ်စစ်သုံးတာများတဲ့ အတွက်
ဝပ်အားချင်းတူရင် လျှပ်စစ်ဓာတ်အား အသုံးနဲတဲ့ မီးလုံးတွေနဲ့
အစားထိုးသွားမှာ ဖြစ်ပါတယ်။
လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်းအစိုးရ နေရပ်ရင်း ပြန်ပို့မည်
မြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ ထွက်ပြေးပြီး
ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့
ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င်
စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ မလေးရှားနိုင်ငံဘက်ကို
ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေမြို့ကို
ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းဆောင်းပါးနဲ့
ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ပင်လယ်ထဲ ၁၃ ရက်လောက်မျောနေတယ်လို့ ယူဆရတဲ့ အဲဒီ လှေစီးပြေး ဒုက္ခသည်တွေကို ထိုင်းအာဏာ ပိုင်တွေက ကြားဖြတ် ဖမ်းဆီးလိုက်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အင်္ဂါနေ့ က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံ သတင်းမီဒီယာတွေကတော့ သူတို့ကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ကုန်းလမ်းက ပြန်ပို့ဖို့ အမိန့်ထုတ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရေးသား ဖော်ပြကြပါတယ်။

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ
မန္တလေးမြို့၏အဓိကလမ်းမကြီး
တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး
ပန်းချီပုံ များဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။
“ဆိုင်ကယ်တွေ အလယ် ယာဉ်ကြော
(ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ
ဆေးရေး ပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို
ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင် မယ်”ဟု “မန်းစည်ပင်လမ်းတံတား”
ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။
ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း
၂၀၁၃
ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့
အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့
ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ
ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က
ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။ အထူးသဖြင့်
မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ် သမား သောင်းချီ ရှိနေတဲ့ မဲဆောက်မြို့က
အလုပ်သမားတွေ ရသင့်တဲ့ ရပိုင်ခွင့်ကို ခံစားနိုင်ကြဖို့ အခွင့်အလမ်း
နည်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ -ဆက်သွယ်စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက
မစုမြတ်မွန်က တင်ပြပါမယ်။
လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်
ဗြိတိသျှ
ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက်
လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည်
ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က
ပြောကြားသည်။
ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅
ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေ မှာ နိုင်ငံတကာ အတွေ့အကြုံရရှိဖို့အတွက်
သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွား မယ့်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို
အတည်ပြုပြောကြားခဲ့ပါတယ်။
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ် ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ
ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည်
(မြောက်ပိုင်း) မူစယ်ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ
ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ
ကြိုတင်ပြင်ဆင်နေကြောင်း သိရသည် ။
လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ကြေငြာ
လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း
ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ယနေ့ ပြောကြားသည်။ အလတ်စား RQ11 Raven
မောင်းသူမဲ့ လေယာဉ်ငယ်များကို ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် ၂၀၁၂ ခုနှစ်
နိုဝင်ဘာလအတွင်းက အီရန်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က
ထိန်းသိမ်းရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တွေတွင် မီးရထားလမ်း ဇလီဖားတုံး သိန်း ၄၀၀ ကျော်ဖိုး အခိုးခံရ
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ အစိုးပိုင် မီးရထား ဇလီဖားတုံး သိန်းပေါင်း ၄၀၀ ကျော်ဖိုး အခိုး ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ဇွန်လ ဆူပူမူ ဖြစ်ပွားပြီးတဲ့
နောက်ပိုင်းမှာ စစ်တွေနဲ့ ရေချမ်းပြင် အကြား ရထားပြေးဆွဲနေတာကို
ရပ်နားထားလိုက်ရတဲ့ နောက်ပိုင်းမှာ ရထားလမ်းမှာ ခင်းထားတဲ့ ဇလီဖားတုံးတွေ
အခိုးခံရတာ ဖြစ်တယ်လို့ ဒေသ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များ လိုလား
သျှမ်းပြည်အရှေ့ပိုင်း
တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံ
တွင် သျှမ်းပါတီများပူးပေါင်း ရန် ပါတီဝင်လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူ များက ပြောကြား ပါသည်။
“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအ စဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်း ဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံး က လိုလားနေကြတယ်လေ” - ဟု ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါ သည်။

ကေအန်ယူ ခေါင်းဆောင်များကို တွေ့ဆုံရန် သမ္မတ ဖိတ်ကြား
သမ္မတ ဦးသိန်းစိန်က မကြာခင်ကမှ အသစ်ပြန်လည်ရွေးကောက် တင်မြှောက်လိုက်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ် ၅ ဦးကို ဖိတ်ကြားတာကြောင့် ဇန်န၀ါရီလ၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ ကေအန်ယူက ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်က ပြီးဆုံးတဲ့ ညီလာခံမှာ ရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းတို့ ၅ ဦးကို ဖိတ်ကြားတယ်လို့ ပဒိုမန်းမန်း က ပြောပါတယ်။

၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစု များကို ငွေလှူ
၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ရခိုင် ကျောင်းသားများက မြောက်ဦးမြို့နယ်မှ အောက်တိုဘာလ အရေးအခင်း အတွင်း သေဆုံး သွားခဲ့သူ (၁၅) ဦး၏ မိသားစုများအား ကျပ်ငွေ ၁၅ သိန်းလှူဒါန်းခဲ့ကြသည် ဟု သိရသည်။
ကျူးကျော်မြေ သတ်မှတ်ကာ အဆောက်အဦးများ ဖျက်သိမ်းခြင်းကို ဦးစီးမှူးက မသိဟုပြောကြား
မန္တလေးမြို့ လမ်း ၃၀၊ ၆၅-၆၆လမ်းကြားရှိ ရဲဗဟိုသင်တန်း ကျောင်းပိုင် မြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အဦး ၁၄ခုအား မန္တလေးမြို့တော် စည်ပင်က
ကျူးမြေဟု သတ်မှတ် ကာ ရှေ့မျက်နှာ စာ ဖျက်သိမ်းပေးရန်
အကြောင်းကြားခဲ့သော်လည်း လက်မှတ်ထိုးသူ မန္တလေးမြို့တော်
စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဦးစီးမှူး
ဦးမျိုးအောင်က သိရှိခြင်းမရှိ ဟု မြန်မာ့ခေတ်သို့ပြောကြားသည်။
ယင်းအဆောက်အဦးများသည် ၁၉၉၅ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရဲဗဟို သင်တန်းကျောင်း ပိုင်မြေတွင် တည်ဆောက်ကာပြန်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြေတွင် နေထိုင်စဉ် ၁၅နှစ်ကျော်အတွင်း မြို့တော်စည်ပင်က ကျူးမြေဟုဆိုကာ လာရောက် အသိပေးခြင်း မရှိခဲ့သော်လည်း ဒီဇင်ဘာ၂၇ရက်နေ့တွင် အကြောင်းကြားစာ ပို့၍ ဇန်န၀ါရီလ ၂ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းကို တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်
Beta
Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။
မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး
သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ
လူစီးများသော
Super Custom ကားများသည် သင်္ဘောပေါ်မှ ချဈေးထက် ယခုလက်ရှိ ရန်ကုန်မြို့တွင်
စီးနေသော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။ လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသောဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။
“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်
ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာန တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဟု အဆိုပါသတင်း တွင် ဖော်ပြထားပါသည်။

နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်
နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်း သည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။
“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွား မည်ဟု သိရသည်။

Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်
နှစ်သစ်ကူးကာလအတွင်း
မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာ ပြီး
ထောင်ကြီး ပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်
အသိုင်းအ၀ိုင်းမှသိရှိရသည်။
မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်
(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို
မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင်
ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့က မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှု များ
ဆောင်ရွက် ခဲ့သည်။
Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mr. Peter Blaser ဦးဆောင်ကာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသားအဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် အင်းလေး၊ ညောင်ရွှေနှင့် ရွှေညောင်အနီး တစ်ဝိုက်တွင် မီးပုံပျံစီးနင်းပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး
ကြက်ဥ
အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့
တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ
လကုန်ပိုင်းလောက် က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း
ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်း တင်ပဲ
ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင်
မတွေ့လိုက် ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။