Saturday, December 01, 2012

ဆန္ဒဖေါ်ထုတ်မှုကို မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်းချီတက်




ဆန္ဒဖေါ်ထုတ်မှုကို မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်းချီတက်ကာ အပေါ်ကြည့်မြင်တိုင်လမ်း
ကတစ်ဆင့် တရုတ်သံရုံးသို့ချီတက်ခဲ့ကြခြင်းဖြစ်သည်။ဖြတ်သန်းလာသော မြို့နယ်တစ်လျှောက်ရှိ ရဲခန်းအသီးသီးကဆန္ဒဖေါ်ထုတ်သောသံဃာတော်များ၊လူပုဂ္ဂိုလ်များကို၏ယခုကဲ့သို့တားမြစ်ခြင်းများပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်မှုအား လက်ရှိအစိုးရက တာဝန်ယူရဲရမယ် ဟုရွှေည၀ါ ဆရာတော်ဆို

တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သောလက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေးသပိတ်စခန်းများ အားအကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟုရွှေည၀ါဆရာတော်က ယနေ့ပြောကြားခဲ့သည်။ရွှေ့ည၀ါဆရာတော်သည်ယနေမုံရွာမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိစဉ်၌
မြန်မာခေတ်သို့ပြောကြားခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော်သံဃာတော်များဆေးရုံသို့ေ
ဆးဝါကုသရ၍လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒ ဦးပါမောက္ခ ခေါ်ယူစစ်ဆေးခြင်းခံရ

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒဦးပါမောက္ခအား နိုင်ငံတော်
သံဃနာယက ဆရာတော်များနှင့်တာဝန်ရှိသူများမှ ခေါ်ယူတွေ့
ဆုံကြောင်း ဆရာတော်၏ ပြောစကားအရ သိရသည်။ “ ဘုန်းကြီးကို မသွားဖို့ ဆန္ဒသွားမပြဖို့ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က
 ခေါ်ပြီးတော့ သြဝါဒပေးတာပါ။သံဃနာယက ဆရာတော်၄၇ပါးထဲက တချိုနဲ့ရဲချုပ်တို့ကအစအခြားတာဝန်ရှိသူတွေအယောက်၄၀ လောက်ပါပါတယ်။

မုံရွာမြို့ခံတွေက ၀ါးကနဲရယ်ပြီးလှောင်ပြောင်ခံလိုက်တဲ့ ၀န်ချတောင်းပန်ပွဲ ကြီးတစ်ခုဖြစ်သွားခဲ့တယ်လို့ သာသနာရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကဆို

မုံရွာမြို့ခံတွေက ၀ါးကနဲရယ်ပြီးလှောင်ပြောင်ခံလိုက်တဲ့ ၀န်ချတောင်းပန်ပွဲ ကြီးတစ်ခုဖြစ်သွားခဲ့တယ်လို့ သာသနာရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကဆို

လက်ပန်းတောင်းတောင်အရေးကိစ္စအကြမ်းဖက်နှိမ်နင်းမှုတွေ့ကြောင့် ဆရာတော်သံဃာတော်တွေ အပြင်းအထန်ဒဏ်ရာတွေရကြတဲ့အတွက် ဒီနေ့(၁-၁၂-၂၀၁၂)စနေနေ့နေလည်(၂)နာရီ(၃၀)မိနစ်ခန့်က ပြုလုပ်ခဲ့ကြောင်
စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးဆိုပါတယ်။

"ကျွန်တော်တို့ကို အာဏာပိုင်ကနေ ဆရာတော်တွေကိုမကြွကြွအောင်ပင့်ပေး ရမယ်ဆိုပြီးခိုင်းပါတယ်။ဒါနဲ့ ဆရာတော်အပါး(၂၀)ကိုပင့်ဖိတ်ခဲ့ပါတယ်။မဟာ ဇောတိကာယာမကျောင်းတိုက်က(၃)ပါး၊အုတ်ကန်တောရစာသင်တိုက်၊ရန် ကင်းကျောင်းတိုက်၊ဇမ္ဗူ့ရောင်ခြည်ကျောင်းတိုက်၊အသောကာရုံကျောင်းတိုက်
ရွှေကျင်ဓမ္မာရုံကျောင်းတိုက်၊ဘုရားလှကျောင်းတိုက်၊ဇောင်ကြမ်းပင်ကျောင်း တိုက်၊ရွှေသိမ်တော်ကျောင်းတိုက်၊မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊အရှေ့လေး ထပ်ကျောင်းတိုက်၊ဓမ္မပါရဂူကျောင်းတိုက်၊ပဇ္ဇောတာရုံကျောင်းတိုက်၊မြို့မရွှေ ဂူကျောင်းတိုက်၊မဟာလယ်တီကျောင်းတိုက်၊အရှေ့လယ်တီကျောင်းတိုက်၊ မဏီရတနာပုံကျောင်းတိုက်၊နိဂြောဓာရုံကျောင်တိုက်၊စုစုပေါင်း(၂၀)ပင့်ဖိတ် ခဲ့ပါတယ်။

အဲဒီပွဲကို မဟာဇောတိကာယာမကျောင်းတိုက်ဆရာတော်(၃)ပါးကတော့လုံးဝ မကြွရောက်နိုင်ကြောင်းသွားရောက်ပင့်ဖိတ်စဉ်ကတည်းအပြတ်ပြောလွတ် လိုက်ပါတယ်။ဘုရားသားတော်တွေကိုသတ်တဲ့ ကောင်တွေပင့်တာမကြွဘူးဆို တဲ့သဘောနဲ့ပြောလိုက်တာပါ။
ပွဲကိုတော့ (၁)နာရီစဘို့ပြောထားတာပါ ဒါပေမဲ့(၂)နာရီခွဲမှစနိုင်ခဲ့ပါတယ်။ (၁၀)ပါးဘဲကြွရောက်ခဲ့ပါတယ်။ကြွရောက်တဲ့ကျောင်းတိုက်တွေက-ဦးသုမန(အရှေ့လေးထပ်) ၊ဦးပညာဝံသ(ရန်ကင်းကျောင်းတိုက်)၊ဦးသူရိယ (၀ိဇ္ဇာသိပ္ပံကျောင်းတိုက်)၊ ဦးနန္ဒော(ဓမ္မပါရဂူ)၊ဦးဇောတိပါလာလင်္ကာရ(ပဇ္ဇော တာရုံကျောင်းတိုက်)၊ဦးကေသ၀(အသောကာရုံ)၊ဦးအဂ္ဂသာရ((ရွှေကျင်ဓမ္မာရုံ) ကျောင်းတိုက်)၊ဦးဝါယုကာ(ရွှေသိမ်တော်ကျောင်းတိုက်)၊ ဦးဥာဏိသရ( ဘုရားလှကျောင်းတိုက်)၊ဦးနန္ဒောဘာသ(အုတ်ကန်တောရကျောင်းတိုက်)တို့ သာကြွရောက်ခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ဆရာတော်တွေကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ၀န်ချတောင်းပန်တာမျိုးတော့မဟုတ်ဘူး အခုလိုလုပ်လိုက်ရတာဥပဒေ ကြောင်းအရလုပ်ရလို့စိတ်မကောင်းဖြစ်မိပါကြောင်းဘဲလျှောက်ထားခဲ့တာပါ။

လျှောက်ထားမှုတွေအပြီးမှာ ဆရာတော်တွေကို သင်္ကန်းကပ်ဖို့အစီအစဉ်ကြေ ငြာလိုက်တော့ အခမ်းအနားမှာ နောက်ရောက်နေတဲ့ မုံရွာမြို့ခံလူထုက ၀ါးကနဲလှောင်ပြောင်သံကြီးတစ်ခုက တင်ဝင်းထွန်းဓမ္မာရုံကြီးအတွင်းမှာ ဟိန်းသွားတာဘဲ "ဟု သာသနာရေးဦးစီးဌာနမှဝန်ထမ်းတစ်ဦးကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဆိုသူ၏ပုံ။

သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း

အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times
လက်ပန်းတောင်းတောင်အရေးကိစ္စအကြမ်းဖက်နှိမ်နင်းမှုတွေ့ကြောင့် ဆရာတော်သံဃာတော်တွေ အပြင်းအထန် ဒဏ်ရာတွေရကြတဲ့အတွက် ဒီနေ့(၁-၁၂-၂၀၁၂)စနေနေ့နေလည်(၂)နာရီ(၃၀)မိနစ်ခန့်က ပြုလုပ်ခဲ့ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးဆိုပါတယ်။

EARTHQUAKE Breaking News

ယနေ့ ည မြန်မာစံတော်ချိန် ည ၉ နာရီ၊ ၀၁ မိနစ်၊ ၀၅ စက္ကန့်တွင် သပိတ်ကျင်းမြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၉း၃၀ တွင် သတင်းထုတ်ပြန်သည်။

မြစ်ကြီးနားမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ခြင်းအလှခတ် ထည့်သွင်းဖျော်ဖြေ

မြစ်ကြီးနားမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ခြင်းအလှခတ် ထည့်သွင်းဖျော်ဖြေ
Saturday 1st December 2012

မြစ်ကြီးနားမြို့ တန်ဆောင်တိုင်ပွဲ တော်ကြီးကို နိုဝင်ဘာ ၂၈ ရက်က သီ တာရပ်ကွက် လောကမန်အောင်ဆု တောင်းပြည့်စေတီတော်ကြီး၌ ကျင်းပ ရာ ညနေ ၃ နာရီမှ ည ၈ နာရီအထိ မြို့ပေါ်ဆရာတော်ကြီးများ၏ လမ်းညွှန် မှုဖြင့် ရပ်တော်မူဘုရားကြီးဝင်း ခြင်း အလှခတ်ဧည့်ခံပြပွဲကို ထည့်သွင်း ကျင်းပသည်။

မြန်မာ့ရိုးရာ ခြင်းအလှခတ် ဧည့်ခံပြပွဲကို ခြင်းလုံးခတ်ဆရာကြီး
ဦးအောင် ကျော်က ဦးစီးဆောင်ရွက်ကာ မြစ်ကြီးနားမြို့ပေါ်မှ အသင်းခုနစ်သင်း၊ နမ္မတီး၊ မိုးကောင်းနှင့် ဟိုပင်မြို့နယ်တို့မှ
ခြင်းအလှခတ်အသင်း သုံးသင်းခတ် ပြဧည့်ခံရာ ဘုရားဖူးလာပြည်သူများ ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဝိုင်းခြင်းအလှခတ် ဧည့်ခံ အသင်းများအား စီစဉ်သူ ဦးသီဟ (ဂျူပီတာဓာတ်ပုံ၊ ဗီဒီယို) နှင့် စီစဉ်သူ များမှ အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ချီးမြှင့်ကာ မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပညာ မပျောက် ပျက်စေရေးနှင့် ခြင်းခတ်အားကစား သမားကောင်းများ ပေါ်ထွန်းရေး တို့အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

မြ၀တီ
Saturday 1st December 2012

မြစ်ကြီးနားမြို့တန်ဆောင်တိုင်ပွဲ တော်ကြီးကို နိုဝင်ဘာ၂၈ရက်ကသီတာရပ်ကွက် လောကမန်အောင်ဆု တောင်းပြည့်စေ
တီတော်ကြီး ၌ ကျင်းပ ရာ ညနေ ၃ နာရီမှ ည ၈ နာရီအထိ မြို့ပေါ်ဆရာတော်ကြီးများ၏ လမ်းညွှန် မှုဖြင့် ရပ်တော်မူ ဘုရားကြီးဝင်း ခြင်း အလှခတ်ဧည့်ခံပြပွဲကို ထည့်သွင်း ကျင်းပသည်။

မုံရွာမြို့တွင်သီတင်းသုံးနေထိုင်သော ဆရာတော်ကြီးများထံ သြ၀ါဒခံယူပွဲကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၁


၁-၁၂-၂၀၁၂ ရက်နေ့ ၁၄၄၃ အချိန် မုံရွာမြို့ ရွှေစည်းခုံဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ ဆရာတော် ကြီးများထံမှ သြ၀ါဒခံယူခြင်း အခမ်းအနားကျင်းပခဲ့ရာ မုံရွာမြို့ပေါ်ရှိ သြ၀ါဒစရိယ ဆရာတော်ကြီးများဖြစ်သော အုတ်ကန်တောရ စာသင်တိုက် ဦးစီးပဓါန နာယကဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘန္ဒန္တ နန္ဒောဘာသနှင့် သံဃာတော်

ဟိုပုံး တန်ဆောင်တိုင် လာပါပြီ...

ဟိုပုံး တန်ဆောင်တိုင် လာပါပြီ...
Saturday, December 01, 2012  

ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး တည်ရှိသည့် ဟိုပုံးမြို့တွင်
နှစ်စဉ် တွေ့မြင်နေကျ တန်ဆောင်တိုင်ပွဲတော်ကို သီရိ မင်္ဂလာ
ရွှေချမ်းသာ မွေတော် ဘုရားကြီး ပတ်လည်တွင်  မနက်ဖြန်
ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၆ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထွေးက ပြောသည်။

ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ပါဝင်ကြောင်း၊ ဆိုင်ခန်းများ ကန်ထရိုက် မပေးကြောင်း၊ လောင်းကစားဝိုင်းများ မပါကြောင်း၊ လုံးဝ ခွင့်မပြုကြောင်း သူက ဆက်ပြောသည်။

 မီးပုံးပျံ ညမီးကြီး (၁၀)လုံး ပါဝင်ပြီး ဖွင်နေ့တွင် (၄) လုံး၊ ကျန်နေ့များတွင် ၂လုံးစီလွတ်တင်မည်၊  နောက်ဆုံးနေ့တွင် ဆုပေးမည်ဖြစ်ကြောင်း  သိရသည်။

ပထမဆု ကျပ် (၁၀) သိန်း
ဒုတိယ (၈) သိန်း
တတိယ (၅) သိန်း
ပြိုင်ပွဲဝင် မီးပုံးတိုင်းကို ကျပ် ၅၀,၀၀၀  စီ ထောက်ပံ့ ပေးထားသည်ဟု ဆိုသည်။

ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲသည် 
- ရှေးနှစ်ပေါင်းများစွာ စော်ဘွားခေတ်ကတည်းက ကျင်းပခဲ့ကြောင်း၊
- ထူးခြားချက်အနေဖြင့် ပွဲတော်ကျင်းပရာ ညတိုင်း ရပ်ကွက် ကျေးရွာအလိုက် မီးကြာလှည့်(ခ) မီးပဒေသာလှည့်လည်ပွဲ ပါဝင်ကြောင်း၊
- ပထမညမှာတော့ မွေတော် ဘုရားကြီးကို ရတနာ ဒီပံမီးဖြင့် ပူဇော်ကြောင်း၊
- နေ့လည်ပိုင်းတွင် ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲ၊ ညပိုင်းတွင် မြန်မာ့ဇာတ်သဘင်၊ ပအိုဝ်းတိုင်းရင်းသား ဖတ် သဘင် တို့ ပါဝင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထွေးက ပြောသည်။

ယခုနှစ်  ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော်ကို  Sky Net ရုပ်သံလိုင်းက လာရောက်မှတ်တမ်းတင် ရိုက်ကူး ထုတ်လွင့်မည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီက ပြောသည်။

ဧရာဝတီ
Saturday, December 01, 2012

ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး တည်ရှိသည့် ဟိုပုံးမြို့တွင်နှစ်စဉ် တွေ့မြင်နေကျ တန်ဆောင်တိုင်ပွဲတော်ကို သီရိ မင်္ဂလာ
ရွှေချမ်းသာ မွေတော် ဘုရားကြီး ပတ်လည်တွင် မနက်ဖြန်ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၆ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထွေးက ပြောသည်။

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲကို ပထမဆုံး အကြိမ် ကျင်းပ

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲကို ပထမဆုံး အကြိမ် ကျင်းပ
Saturday 1st December 2012

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံတော် ဘဏ်များ အသင်းတိုက်မှာ ကျင်းပလျက်ရှိပါတယ်။ အခုလို ဖတ်ကြားမှု ကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ မှာတော့ စာတမ်းရှင် ၂၀ ၀န်းကျင်က စာတမ်းပေါင်း ၄၁ စောင် ပါဝင် ဖတ်ကြား ဆွေးနွေးလျက် ရှိတာ ဖြစ်ပါတယ်။

အခုလို ဖတ်ကြားရာမှာ ပျူယဉ်ကျေးမှု ဆိုင်ရာ ဆက်စပ် အထောက်အထား များနဲ့ နောက်ထပ် တွေ့ရှိတဲ့ အထောက်အထား များအား ရှေးဟောင်း သုတေသန အမြင်နဲ့ လေ့လာချက် တွေအပြင် ပုံဂံဒေသရှိ ပျူခေတ် ဆိုင်ရာ ဗိသုကာ ပညာ လေ့လာချက် စာတမ်း၊ ပျူချင်းသမိုင်း အရေးတော်ပုံ ပျူလူမျိုးနဲ့ ချင်းလူမျိုးတို့ရဲ့ တူညီတဲ့ ယဉ်ကျေးမှုဓလေ့ အစရှိတဲ့ စာတမ်းတွေ ပါဝင်ဖတ်ကြား လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲ ကိုတော့ ပျူလူမျိုးတို့ရဲ့ ပျူနိုင်ငံတော်ကြီး၊ ပျူသမိုင်း၊ ပျူဇာတိ၊ ပျူယဉ်ကျေးမှု ဓလေ့စရိုက်၊ ဗိသုကာ အနုပညာရပ် များကို
ဖော်ထုတ်ဖို့ ပျူနိုင်ငံတော်နဲ့ ပျူသမိုင်း ပျူရှေးဟောင်း အမွေအနှစ် များကို ဆက်လက် ရှာဖွေပြီး ပိုမိုနက်ရှိုင်း ကျယ်ပြန့်စွာ ဖော်ထုတ်ဖို့ အတွက် ပျူသုတေသန အသင်း ပေါ်ပေါက် လာနိုင်စေရေး အတွက် ဆောင်ရွက်ဖို့ အစရှိတဲ့ ရည်ရွယ်ချက် များနဲ့ ကျင်းပ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4
Saturday 1st December 2012

ပျူလူမျိုးနှင့် ပျူနိုင်ငံတော် စာတမ်း ဖတ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံတော် ဘဏ်များ အသင်းတိုက်မှာ ကျင်းပလျက်ရှိပါတယ်။ အခုလို ဖတ်ကြားမှု ကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ မှာတော့ စာတမ်းရှင် ၂၀ ၀န်းကျင်က စာတမ်းပေါင်း ၄၁ စောင် ပါဝင် ဖတ်ကြား ဆွေးနွေးလျက် ရှိတာ ဖြစ်ပါတယ်။

အခါလွန်မိုးကြောင့် ဒုက္ခရောက်နေသော စပါးစိုက်တောင်သူများကို ကူညီမည်


 Saturday, December 01, 2012

နှစ်ရက်ဆက်တိုက် နာရီ ၄၀ ကျော် အခါလွန်မိုး ရွာသွန်းမှုကြောင့် ပျက်စီးသွားသော စပါးတောင်သူများကို လိုအပ်သည့် ပစ္စည်းများ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်
ကော်ပိုရေးရှင်းတို့က ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာစိုးထွန်းကပြောသည်။

Tuesday, November 27, 2012

တက်ရိပ်ပြနေသည့် ပုသိမ် အိမ်ခြံမြေဈေးကွက်


ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ပေါ်ရှိ လမ်းများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာခြင်းနှင့်အတူ အိမ်၊ခြံ၊မြေ အ၀ယ်များ လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည် ဟု
ပုသိမ်အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရှိရသည်။

ပုသိမ်မြို့တွင် မြို့လယ်ခေါင်ကျသော ရပ်ကွက်(၂)ခုရှိ အိမ်ခြံမြေဈေးနှုန်းမှာ ယခင်သိန်းငါးထောင်ခန့် ရှိရာမှ ယခုသိန်းပေါင်း သောင်းဂဏန်းအထိ ဈေးတိုးမြှင့်လာသော်လည်း
အရောင်းအ၀ယ်ဖြစ်နေသည်ဟုသိရသည်။

ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မှတ်ခံရ




နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းမှ ၂၀၁၂ ခုနှစ်အတွက် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ ၁၀၀’ 100 Global Thinkers စာရင်းတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အား နံပါတ် ၁ အဖြစ် ပူးတွဲ ဖော်ပြလိုက်သည်။

“ကမ္ဘာ့ ဖိနှိပ်ချုပ်ချယ်မှု အများဆုံး နိုင်ငံများထဲတွင် နှစ်ပေါင်းတာရှည် တည်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် မဟာမိတ် ဖြစ်နိုင်ခြေ အလွန်နည်းခဲ့သည့် ခေါင်းဆောင်နှစ်ဦး၏ အောက်တွင် ပြုပြင်ပြောင်းလဲမှု စတင်လာခဲ့သည်” ဟု FP မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။

ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်




ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။


ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးနံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။ 
မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ် မီးသတ်စခန်းမှ အရာရှိတစ်ဦးက
ပြောသည်။

ထိုင်းတွင် ကျောင်းသူများ အဝတ်အစားကိစ္စတွင် မြန်မာကျောင်းသူများအား အတုခိုးရန် ကြေငြာထား


အရှေ့တောင်အာရှမှ အထက်တန်းကျောင်းသူများ၏ ၀တ်စားဆင်ယင်မှုအား 

ယှဉ်ပြထားပါတယ်။ မြန်မာ၊ လားအို၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း 
(မြန်မာအား အတုယူရန် ထိုင်းစာဖြင့် ထိုင်းအချင်းချင်း ဆုံးမထားသည်)
(မောင်ကျောက်ခဲ အဖွဲ့)
 


ပြန်ခေါက်ထားပေးပါ

ဓာတ်ပုံတစ်ခု အရင်းပြု အလုပ်ပြုတ်ရ သူတို့ဘဝ


 
အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်နေ လင်ဇီစတုန်းဆိုသူ အမျိုးသမီးသည် သူ၏ ဖွဘွတ်စာမျက်နှာတွင် အာလင်တန် နိုင်ငံတော် စစ်သင်္ချိုင်းတွင် လက်ခလယ်ထောင်၍ 
ပြက်ရယ်ပြောင်သော ပြုအမူပါ သည့် ယခုဓာတ်ပုံကိုဝေမျှခဲ့သည့်အတွက် သူနှင့် ယင်းဓာတ်ပုံကို ရိုက်ပေးခဲ့ သည့် သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးစလုံး အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောင်ကောင်တက္ကသိုလ်ရဲ့ PHD (Law) ဘွဲ့ ချီးမြှင့်ခံရ



ဟောင်ကောင် တက္ကသိုလ် (Hongkong University ) မှ Professor Ian Holiday, Professor spinks, Professor Sidirko, Professor Lap-chee Tsui နဲ့အဖွဲ့ဟာ ဒီကနေ့ ညနေ ၄း၃၀ နာရီက နေပြည်တော်ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ တည်းခိုရာနေအိမ်မှာ လာရောက်ပြီး PHD (Law) ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ

stopletpatoung7

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် လူအင်အား ၁၀၀ ကျော်တို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်း ကားမှတ်တိုင်အနီးမှ မဟာဗန္ဒုလ ပန်းခြံအား နှစ်ကြိမ်ပတ်၍ ချီတက် ဆန္ဒပြကြစဉ်။

၈၈ မျိုးဆက်ကျောင်းသားများ၏ ဆွမ်းကျွေးအလှူ

၈၈မျိုးဆက်ကျောင်းသားများ၏ ဆွမ်းကျွေးအလှူအဖြစ် နိုဝင်ဘာလ ၂၅ရက်နေ့ နံနက် ၁၁း၃၀ အချိန်ခန့် တွင် မြိတ်မြို့ အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလှူအပြီးတွင်   ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်ကျောင်းသားများ မိတ်ဆက်တွေ့ဆုံပြီး နိုင်ငံရေး အတွေးအခေါ်များကို ကိုမင်းကိုနိုင်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။